News

ခရီးသည် (၆) ဦးကို အာကာသအတွင်းအောင်မြင်စွာပို့ဆောင်ပေးနိုင်ခဲ့တဲ့ Jeff Bezos ရဲ့ Blue Origin

Jeff Bezos ရဲ့ Blue Origin ဟာပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ အာကာသအတွင်းကို ခရီးသည် (၆) ဦး အောင်မြင်စွာပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com NS-20 (New Shepard-20) လို့အမည်ပေးထားခဲ့တဲ့ ဒီခရီးစဉ်ကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ နံနက် (၉း၅၈) မိနစ်မှာ စတင်ခဲ့တာဖြစ်ပြီး West Texas မှာရှိတဲ့ Blue Origin’s Launch One ကနေ ဒုံးပျံယာဉ်ကိုလွှတ်တင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ဒုံးပျံလွှတ်တင်ပြီး (၁၀) […]

Amazing

ဟင်းချက်စားရင်းနဲ့ မထင်မှတ်ဘဲ သူဌေးဖြစ်သွားကြတဲ့ လင်မယားနှစ်ဦးရဲ့ အဖြစ်အပျက်လေး

ထိုင်းနိုင်ငံက တံငါသည်တစ်ဦးဟာ ကမ်းခြေကနေ ကာလတန်ဖိုး ပေါင် (၂၅၀,၀၀၀) လောက်တန်တဲ့ ရှားပါးပြီးအဖိုးတန် ရတနာတစ်မျိးဖြစ်တဲ့ Melo ပုလဲတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့တဲ့ သတင်းဟာအင်တာနက်ပေါ် မှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ဖူးပါတယ်။ shwekhitonlinetv.com အခုတစ်ကြိမ်မှာလည်း ထိုင်းနိုင်ငံက ထရပ်ကားမောင်းသမားတစ်ဦးဟာ ဈေးထဲကနေ နေ့လည်စာအတွက်ချက်ပြုတ် စားဖို့အတွက်ဝယ်လာတဲ့ Melo ခရု တစ်ကောင်ထံကနေ အလားတူ Melo ပုလဲတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။ shwekhitonlinetv.com Monthian Jansuk လို့အမည်ရတဲ့ အသက် (၄၀) အရွယ်ထိုင်းအမျိုးသားတစ်ဦးဟာ နေ့လယ်စာအတွက် […]

Knowledge

လူတော်တော်များများ မသိကြသေးတဲ့ လျှပ်စစ်ငါးတွေနဲ့ ပတ်သတ်တဲ့ ဗဟုသုတအချို့

လျှပ်စစ်ငါးတွေရဲ့ ဇီဝဗေဒအမည်ကတော့ Electrophorus လို့ခေါ်ပြီး တစ်ချို့ကလည်း ငါးရှဉ့်နဲ့ပုံသဏ္ဍာန် ဆင်တူတာကြောင့် လျှပ်စစ်ငါးရှဉ့်လို့လဲ ခေါ်ကြပါတယ်။ တစ်ကယ်တမ်းမှာတော့ သူတို့ဟာ Knife Fish မျိုးနွယ်ဝင်ငါးတွေဖြစ်ပါတယ်။ shwekhitonlinetv.com သူတို့ဟာ ရေချိုမှာနေထိုင်ကြတဲ့ငါးတွေဖြစ်ပြီး ဦးခေါင်းကတော့ ငါးခူနဲ့အနည်းငယ်ဆင်တူပါတယ်။ သူတို့တွေနဲ့ပတ်သက်ပြီး အထူးခြားဆုံးနဲ့လူသိအများဆုံးအချက်က လျှပ်စစ်ဓာတ်တွေထုတ်လွှတ်ပြီး သားကောင်တက်တာနဲ့ ရန်သူကိုကာကွယ်တက်ကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင်သူတို့နဲ့ပတ်သက်တဲ့ နောက်ထပ်စိတ်ဝင်စားဖွယ်အချက်တွေကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com ၁။ လျှပ်စစ်ငါးတွေဟာ အရွယ်အစားအားဖြင့် (၂) မီတာလောက်ထိကြီးထွားနိုင်ကြပါတယ်။ အထီးတွေကတော့ အမတွေထက် (၃၅) စင်တီမီတာလောက် […]

World Top

ယောင်လို့တောင်မှ ရန်သွားမစသင့်တဲ့ ဘောလုံးအသင်းပရိသတ်များ

ဘောလုံးဆိုတာက ကွင်းတွင်းမှာတစ်ဖက်ကစားသမား (၁၁) ဦးစီရေကုန်ရေခမ်းယှဉ်ပြိုင်ကြတဲ့ ကစားနည်းတစ်မျိုးဖြစ်သလို ပွဲကိုလာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေအနေနဲ့လည်း တစ်ဖက်နဲ့တစ်ဖက် ရေကုန်ရေခမ်းအားပေးကြရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပါတယ်။ ဒီလိုအားပေးကြရာကနေ တစ်ဖက်နဲ့တစ်ဖက်မခံချင်အောင် လှောင်ပြောင်အားပေးရာကနေ လူအသေအပျောက်တွေပါရှိခဲ့တဲ့ ဘောလုံးပွဲစဉ်တွေကလည်း သမိုင်းတစ်လျောက်ပြန်ကြည့်မယ်ဆိုရင် မနည်းမနောပါပဲ။ shwekhitonlinetv.com အခုတစ်ခေါက်မှာတော့ ရွှေခေတ်အားကစားပရိသတ်တွေအတွက် ပြိုင်ဘက်အသင်းပရိသတ်တွေကို အကြမ်းအဖက်ဆုံး ဘောလုံးအသင်းပရိသတ်တွေအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com ရိုးမား (အီတလီ) အီတလီနိုင်ငံ ရောမမြို့ခံကလပ်အသင်းနှစ်သင်းဖြစ်တဲ့ ရိုးမားအသင်းနဲ့လာဇီယိုအသင်းကတော့ ဘောလုံးပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ နှစ်သင်းစလုံးဟာ ပြည်တွင်းမှာသာမက ပြည်ပမှာပါ […]

World Top

ငြို့အားပြင်း အလှနတ်မိမယ်တွေအများဆုံးရှိနေတဲ့ အားကစားနည်း (၁၀) မျိုး

ဒီကနေ့ ကမ္ဘာပေါ်မှာယှဉ်ပြိုင်လျှက်ရှိကြတဲ့ အားကစားနည်းကတော့ အတော်လေးကိုများပြားလှပါတယ်။ သင့်အနေနဲ့ ဘယ်အားကစားနည်းမှာ ရုပ်ဆင်းသွင်ပြင်ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးအားကစားသမားတွေအများဆုံး ရှိနေမလဲဆိုတာကို တွေးတောကြည့်ဖူးပါသလား ? shwekhitonlinetv.com မတွေးတောကြည့်ဖူးရင်လည်းကိစ္စတော့မရှိပါဘူး။ ဘာလို့လဲဆိုတော့ အခုဖော်ပြမယ့်အကြောင်းအရာလေးမှာ ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအားကစားသမားတွေ အများဆုံးရှိတဲ့ အားကစားနည်းတွေကို ဖော်ပြပေးသွားမှာမို့လို့ပဲဖြစ်ပါတယ်။ ဘယ်အားကစားနည်းက မိန်းမချောလေးတွေအများဆုံးရှိပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေမလဲဆိုတာ ကြည့်လိုက်ကြရအောင် ….. shwekhitonlinetv.com ၁၀။ ဘတ်စကတ်ဘော (Basketball) ဒီစာရင်းရဲ့ နံပါတ် (၁၀) နေရာမှာစတင်ဖော်ပြခြင်းခံရတဲ့ အားကစားနည်းကတော့ ဘတ်စကတ်ဘောအားကစားနည်းပဲဖြစ်ပါတယ်။ အမေရိကန်က […]

Amazing

သင်သိရင် အံ့သြသွားမယ့် ကမ္ဘာ့အချမ်းသာဆုံး မိသားစုရဲ့ ဝင်ငွေ

Walmart ဆိုတာကတော့ ကမ္ဘာပေါ်မှာနာမည်အကျော်ကြားဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ အဓိကလုပ်ငန်းကတော့ လက်လီအရောင်းဆိုင်တွေပဲဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံပေါင်း (၂၄) နိုင်ငံမှာ ဆိုင်ခွဲပေါင်း (၁၀,၅၉၃) ဆိုင်ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ shwekhitonlinetv.com ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန်နိုင်ငံသား Sam Walton က (၁၉၆၂) ခုနှစ်မှာ ဒီကုမ္ပဏီကိုအစပြုတည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ လုပ်ငန်းကအတော်လေးကို ကြီးထွားတိုးတက်နေပြီပဲဖြစ်ပါတယ်။ Walmart ကုမ္ပဏီကဘယ်လောက်ထိကြီးမားပြီး ကျယ်ပြန့်သလဲဆိုတာကိုတော့ သူတို့ဆီမှာလုပ်နေတဲ့ဝန်ထမ်းဦးရေကို ကြည့်တာနဲ့တင်သိနိုင်ပါတယ်။ shwekhitonlinetv.com ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ကအထိကောက်ယူထားတဲ့ စစ်တမ်းတွေ အရဆိုရင် သူတို့ရဲ့ဝန်ထမ်းဦးရေဟာ […]

Amazing

အသက်မရှိတော့တဲ့ ကလေးငယ်တွေကို သစ်ပင်ထဲ မြှပ်နှံတဲ့ နေရာတစ်ခုအကြောင်း

ဆူလာဝေဆီကျွန်းဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံးကျွန်းကြီးလေးခုထဲက တစ်ခုဖြစ်သလို ကမ္ဘာပေါ်မှာ (၁၁) ခုမြောက်အကြီးဆုံးကျွန်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီကျွန်းက ဂျာဗား၊ ဆူးမတြား စတဲ့ကျွန်းတွေလောက်လူဦးရေထူထပ်သိပ်သည်းခြင်းမရှိပေမယ့် စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာ၊ လူမျိုးစုတွေရှိနေတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ shwekhitonlinetv.com ဒီကျွန်းနဲ့ပတ်သက်ပြီး အဓိကကျော်ကြားတဲ့ လူမျိုးစုတစ်စုကတော့ Torajan လူမျိုးစုတွေပဲဖြစ်ပါတယ်။ ဒီလူမျိုးစုတွေဟာ အလွန်ရှေးကြတဲ့မျိုးနွယ်စုတွေကနေဆင်းသက်လာကြတာဖြစ်ပြီး အတော်လေးကိုရိုးရှင်းတဲ့ ရှေးရိုးစွဲ ဓလေ့ထုံးတမ်းတွေကို ဒီနေ့ထက်တိုင် လိုက်နာကျင့်သုံးနေတဲ့ လူမျိုးစုလို့လဲဆိုနိုင်ပါတယ်။ shwekhitonlinetv.com ဒီလူမျိုးစုတွေနေထိုင်ကြတာက ဆူလာဝေဆီကျွန်းတောင်ပိုင်းရဲ့ အလယ်ဗဟိုလောက်ကျတဲ့နေရာမှာဖြစ်ပါတယ်။ ဆူလာဝေဆီကျွန်းတောင်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ Makassar ကနေဆိုရင် (၁၈၆) […]

Amazing

မြင်တွေ့သူတိုင်းရဲ့စိတ်ကို ကြည်နူးဆွတ်ပျံ့သွားစေမယ့် သဘာဝအလှတရားများ

ကမ္ဘာဆိုတာဟာ မကုန်ခမ်းနိုင်တဲ့သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ဂြိုဟ်ကြီးတစ်လုံးဖြစ်ပါတယ်။ နိုင်ငံအသီးသီးရဲ့ ဒေသအသီးသီးမှာ ထူးဆန်းအံ့သြပြီး ရင်သပ်ရှုမောဖွယ်ကောင်းလွန်းတဲ့ အလှတရားတွေ မြင်ကွင်းတွေ ရှိနေတာကိုလည်း အားလုံးသိပြီးဖြစ်ပါတယ်။ shwekhitonlinetv.com အခုတစ်ခါမှာတော့ အွန်လိုင်း Group တစ်ခုကတင်ထားတဲ့ ကမ္ဘာမြေရဲ့အလှတရားတွေကိုဖော်ကျူးထားတဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ ဒီပုံတွေထဲက အတော်များများကိုတော့ ပရိသတ်တွေအနေနဲ့ တစ်ခါမှမြင်ဖူးမယ်လို့မထင်ပါဘူး။ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် …. shwekhitonlinetv.com ၁။ ဒီနေရာကတော့ အာဂျင်တီးနားနိုင်ငံမှာထူးထူးခြားခြားတည်ရှိနေတဲ့ Patagonia ရေခဲမြစ်ရဲ့ မြစ်ကျောတစ်နေရာဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ ဒီအပင်မျိုးကိုတော့ Wisteria လို့ခေါ်ပါတယ်။ […]

Amazing

ယခုအချိန်အထိ ပျက်စီးခြင်းမရှိတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က ဓားတစ်လက်

သမိုင်းတစ်လျှောက်မှာ ထူးခြားတဲ့ ဓားတွေ အများအပြားရှိခဲ့ပေမယ့် အခုဖော်ပြပေးမယ့် Sword of Goujian ဓားကတော့ အနည်းငယ်ပိုပြီး ထူးခြားနေမယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဓားရဲ့သက်တမ်းက နှစ်ပေါင်း (၂၅၀၀) ကျော်ပြီဖြစ်ပေမယ့် လုံးဝကို ဓားအသစ်တစ်ချောင်းအတိုင်း ထက်မြတ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com Goujian ဓားလိုမျိုးအချိန်ရဲ့ စမ်းသပ်မှုကို ကောင်းကောင်းကြီးအံတုနိုင်တဲ့ ဓားမျိုးက သမိုင်းရာဇဝင်ထဲမှာ များများစားစားမရှိပါဘူး။ ရှိတဲ့ဓားတွေဆိုတာကလည်း Sword of Goujian လောက် သက်တမ်းရှည်ကြာခြင်းမရှိပါဘူး။ shwekhitonlinetv.com ဒီ ဓားကိုရှာဖွေတွေ့ရှိခဲ့တာကတော့ […]

Knowledge

အများသုံး အိမ်သာတွေ အောက်ခြေမှာ ပွင့်နေတဲ့ အဓိက အကြောင်းအရင်းများ

ရွှေခေတ်ပရိသတ်တွေအနေနဲ့ ဈေးဝယ်စင်တာတွေ စားသောက်ဆိုင်တွေ စတဲ့နေရာတွေက အများသုံးသန့်စင်ခန်းတွေကို အသုံးပြုဖူးကြမယ်လို့ထင်ပါတယ်။ များသောအားဖြင့် သတိထားမိတာက ဒီသန့်စင်ခန်းတွေဟာ သန့်ရှင်းသပ်ရပ်ပြီး အနံ့အသက်ဆိုးတွေ ထွက်ပေါ်နေခြင်းမရှိတာပါ။ ဒါကတော့ ရှင်းပါတယ် ဒီနေရာတွေမှာရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ အမြဲမပြတ် သန့်ရှင်းရေးကိုပြုလုပ်နေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com နောက်ထပ်သတိထားမိတာတစ်ခုကတော့ ဒီအများသုံးသန့်စင်ခန်းတွေရဲ့ တံံခါးတွေဟာ အောက်ခြေကြမ်းပြင်ကိုထိအနေဘဲ လစ်ဟာနေတာပဲဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ ? အမှန်က ဒီလိုမျိုး သန့်စင်ခန်းတွေရဲ့တံခါးကို အောက်ခြေထိ မထိစေဘဲ ဟ ထားရတဲ့အကြောင်းအရင်းတွေရှိနေပါတယ်။ ဒီအကြောင်းလေးကို […]