Entertainment

ငယ်စဉ်ကတည်းက ထူးချွန်ထက်မြက်ပြီး နာမည်ကျော်ကြားခဲ့သူများ (အမျိုးသား)

ရွှေခေတ်ပရိသတ်တွေကိုဒီတစ်ခါတင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ငယ်ရွယ်စဉ်ကတည်းက ထူးချွန်ထက်မြက်ပြီး နာမည်ကျော်ကြားခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ချို့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် ….. shwekhitonlinetv.com ၁။ ဂျပ်စတင်ဘီဘာ (Justin Bieber) ဂျပ်စတင်ဘီဘာရဲ့ Baby သီချင်းကိုတော့အားလုံးနားထောင်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီအချိန်ကဆိုရင်သူ့ရဲ့အသက်ဟာ (၁၄) နှစ်ကျော်ကျော်ပဲရှိပါသေးတယ်။ ဒါပေမယ့်ဒီပုံကိုမြင်ရင်တော့ ဘီဘာဟာ ငယ်ငယ်လေးကတည်းကမိန်းကလေးတွေရဲ့ အသည်းကိုလှုပ်ကိုင်နိုင်သူတစ်ဦးဆိုတာ အထူးပြောဖို့လိုမယ်မထင်ပါဘူး။ shwekhitonlinetv.com ၂။ ဘော့ဘ်မာလေ (Bob Marley) ဂျမေကာအဆိုတော် ဘော့ဘ်မာလေ (Bob Marley) ကတော့ ကာရစ်ဘီယံဒေသက […]

Paranormal

အပြင်မှာ တစ်ကယ်ရှိ၊ မရှိ အငြင်းပွားနေရဆဲဖြစ်တဲ့ ကြောက်မက်ဖွယ် သတ္တဝါဆန်းများ

မြင်နေတွေ့နေကျ ပုံစံနဲ့မတူဘဲ ထူးခြားတဲ့အသွင်အပြင်နဲ့ သတ္တဝါဆန်းတွေဟာ ဒဏ္ဍာရီ၊ ပုံပြင်တွေ ကာတွန်းရုပ်ရှင်တွေထဲမှာသာတွေ့ရတက်တာဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြမယ့် သတ္တဝါဆန်းတွေကတော့ အပြင်မှာအမှန်တစ်ကယ်ရှိတယ်ဆိုတာကို ယုံကြည်တဲ့သူတွေများသလို မယုံကြည်တဲ့သူတွေလည်းရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ရွှေခေတ်ပရိသတ်တွေအနေနဲ့လည်း ဒီအကြောင်းအရာလေးကို အဆုံးအထိဖတ်ရှုပြီး ဒီသတ္တဝါဆန်းတွေတစ်ကယ်ရှိ မရှိဆိုတာ ဝေဖန်သုံးသပ်ပေးကြပါဦးနော် ….. shwekhitonlinetv.com ၁။ The Skunk Ape Everglades (ဖလော်ရီဒါတောင်ပိုင်းတွင်ရှိသောအပူပိုင်းစိုစွတ်ဒေသ) နယ်ခံတွေကတော့ The Skink Ape ဆိုတာ လူအများကြားဖူးနေကြဖြစ်တဲ့ Sasquatch (တစ်ချို့ကတော့ […]

Amazing

ကမ္ဘာတစ်လွှားက ဆန်းဆန်းပြားပြား အစားအသောက်ပြိုင်ပွဲများ

အစားအသောက်ပြိုင်ပွဲတွေဆိုတာကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူတွဲ ကျင်းပတတ်တဲ့ ပြိုင်ပွဲတွေဖြစ်ပါတယ်။ သာမန်အစားအသောက်ပြိုင်ပွဲ တော်တော်များများကိုတော့ လူတိုင်းမြင်ဖူးကြားဖူးကြမှာဖြစ်ပေမယ့် အခုဖော်ပြသွားမယ့် အစားအသောက်ပြိုင်ပွဲလေးတွေကတော့ တစ်မူထူးခြားနေပါတယ်။ ဘယ်လိုအစားအသောက်ပြိုင်ပွဲတွေဖြစ်မလဲကြည့်လိုက်ရအောင်နော် ….. shwekhitonlinetv.com ၁။ ပိုးဟပ်အရှင် အစားပြိုင်ပွဲ ဒီပြိုင်ပွဲဟာ တစ်ချိန်ကကမ္ဘာတစ်လွှားမှာ ရေပန်းစားခဲ့တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ ဖလော်ရီးဒါပြည်နယ်မှာကျင်းပခဲ့တဲ့ ပိုးဟပ်အရှင်စားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တစ်ဦးဟာ ပိုးဟပ်အရှင်တွေစားပြီး မကြာခင်ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့်အခုနောက်ပိုင်းမှာတော့ ဒီပြိုင်ပွဲကိုတရားဝင်ကျင်းပခြင်းမရှိတော့ပါဘူး။ လက်ရှိအချိန်ထိစံချိန်တင်ထားတာကတော့ အင်္ဂလန်နိုင်ငံသား Ken […]

Amazing

သမိုင်းထဲက သင်္ချာဉာဏ်ထူးချွန်လှတဲ့ အာဖရိကကျွန်တစ်ဦး

Thomas Fuller ဆိုတာကတော့ ကမ္ဘာ့သမိုင်းမှာ ထူးခြားလှတဲ့ သင်္ချာဉာဏ်ပါရမီနဲ့မွေးဖွားလာတဲ့သူအဖြစ် ထင်ရှားပါတယ်။ သူ့ကိုတော့ (၁၇၁၀) ခုနှစ်မှာ အာဖရိကတိုက်တစ်နေရာ (ယနေ့ခေတ် လိုက်ဘေးရီးယားနှင့် ဘီနင်နိုင်ငံကြား) မှာ မွေးဖွားခဲ့တာဖြစ်တယ်လို့ မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ သူ့အသက် (၁၄) နှစ်ရောက်တဲ့အခါမှာတော့ ကျွန်ပြုဖို့အတွက် အမေရိကကိုရောင်းချခြင်းခံခဲ့ရပါတယ်။ shwekhitonlinetv.com ဒီလိုနဲ့နောက်ဆုံးမှာတော့ ဗာဂျီးနီးယားပြည်နယ်က Presley and Elizabeth ရဲ့ အလက်ဇန္ဒရီးယားသင်္ဘောမှာ လှေထိုးသားအဖြစ်အလုပ်လုပ်ခဲ့ရပါတယ်။ Thomas Fuller အပါအဝင် ဒီသင်္ဘောမှာလှေထိုးသားအဖြစ်လုပ်ကိုင်ကြတဲ့ ကျွန်တွေအားလုံးဟာ […]

Amazing

ချမ်းသာလွန်းတဲ့ မီလျံနာတွေသာ သွားရောက်နိုင်မယ့် အားလပ်ရက် အပန်းဖြေ ခရီးစဉ်များ

ကမ္ဘာပေါ်မှာအားလပ်ရက်အပန်းဖြေခရီးထွက်ဖို့အတွက် သာယာလှပတဲ့နေရာတွေကတော့အများအပြားရှိပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့ အားလပ်ရက်ခရီးစဉ်တွေကတော့ တော်ရုံတန်ရုံပိုက်ဆံချမ်းသာတဲ့သူတွေတောင်သွားဖို့မတက်နိုင်တဲ့နေရာတွေဖြစ်ပါတယ်။ ဘယ်လိုအပန်းဖြေခရီးတွေဖြစ်ပြီး ဘယ်လောက်တောင်အကုန်အကျများမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် … shwekhitonlinetv.com ၁။ Vacations In Antarctica သင့်အနေနဲ့ အန္တာတိကကို ခရီးထွက်ဖို့ စိတ်ကူးဖူးပါသလား။ လူအတော်များများအတွက်တော့ ဒီနေရာကိုခရီးထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ထင်ရကြပေမယ့် ချမ်းသာကြွယ်ဝသူတွေကတော့ အန္တာတိကတိုက်ကို ဇိမ်ခံအပျော်စီးသင်္ဘောတွေနဲ့သွားရောက်လည်ပတ်နေပြီဖြစ်ပါတယ်။ နောက်ပြီး Magellan Explorer လို့အမည်ရတဲ့ လေ့လာစူးစမ်းရေး ခရီးစဉ်တွေလည်းအခုခါမှာရှိနေပြီဖြစ်ပါတယ်။ ဒီခရီးစဉ်ကတော့ (၁၁) ရက်ကနေ (၁၃) ရက်အထိ […]

World Top

ကမ္ဘာမြေပေါ်က အမြင့်မားဆုံးတောင် (၁၀) လုံး

တောင်တန်းတွေ အလွန်မြင့်မားတဲ့တောင်ထွဋ်တွေဆိုတာကတော့ ကမ္ဘာပေါ်မှာအမြောက်အမြားတည်ရှိနေပါတယ်။ အခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ဒီတောင်တွေထဲကမှ အမြင့်ဆုံးတောင် (၁၀) လုံးရဲ့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ Mt. Everest – (၂၉,၀၂၉ ပေ / ၈,၈၄၈ မီတာ) ကမ္ဘာပေါ်မှာအမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်ကတော့ နီပေါ-တရုတ်နယ်စပ်မှာတည်ရှိပြီး နီပေါနိုင်ငံပိုင်နက်ထဲမှာပါဝင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၂၉၀၂၉) ပေ မြင့်တဲ့ ဧဝရတ်တောင်ကိုတော့ နီပေါလို “Sagarmatha” တိဗက်လို “Chhomologma” ဆိုပြီးတော့လည်းလူသိများကြပါတယ်။ ကမ္ဘာပေါ်မှာအမြင့်ဆုံးတောင်ဖြစ်ပေမယ့်လည်း တောင်တက်သမားတွေအတွက်တော့ နီပေါတောင်ဟာ […]

World Top

ဂင်းနစ်စံချိန်တင်ထားတဲ့ ကမ္ဘာတစ်ဝှမ်းက ဧရာမသစ်သီးဝလံများ

ဒီတစ်ခေါက်မှာတော့စိုက်ပျိုးရေးဝါသနာပါတဲ့ရွှေခေတ်ပရိသတ်ကြီးတွေအတွက် ကမ္ဘာပေါ်မှာအကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်တင်ထားတဲ့သစ်သီးဝလံတွေအကြောင်းဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ ကမ္ဘာ့အကြီးဆုံးကြက်သွန်နီ – အင်္ဂလန် အင်္ဂလန်နိုင်ငံက ပရော်ဖက်ရှင်နယ်ဥယျာဉ်မှုးတစ်ဦးဖြစ်တဲ့ ပီတာဂလေ့ဇ်ဘရွတ်ခ် (Peter Glazebrook) ဆိုသူစိုက်ပျိုးထားတဲ့ ကြက်သွန်နီဥကြီးကလည်း ဧရာမအရွယ်အစားအထိကြီးမားခဲ့ပြီး အလေးချိန်လည်း (၁၈) ပေါင်လောက်ရှိခဲ့တာကြောင့် ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။ သူ့အနေနဲ့ ဒီလိုအရွယ်အစားစံချိန်တင်ကြီးမားမယ့် အရာတစ်ခုခုဖြစ်ထွန်းလာဖို့အတွက် (၂၅) နှစ်လောက်ကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com ၂။ ကမ္ဘာ့အကြီးဆုံးစတော်ဘယ်ရီသီး – ဂျပန် ကမ္ဘာ့အကြီးဆုံးစတော်ဘယ်ရီသီးအဖြစ်စံချိန်တင်ထားတာကတော့ ဂျပန်နိုင်ငံသား ကိုဂျိနာကာအို (Koji Nakao) […]

World Top

ကမ္ဘာပေါ်က အရက် အသောက်ဆုံး နိုင်ငံ (၁၀) နိုင်ငံ

လူသားတွေဟာ အယ်လ်ကိုဟော (Alcohol) ပါဝင်တဲ့အဖျော်ယမကာတွေကို ရှေးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပုံစံအမျိုးမျိုးနဲ့ဖန်တီးပြုလုပ်ပြီးသောက်သုံးခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့အချိန်ခါမှာဆိုရင်လည်း ကမ္ဘာပေါ်မှာ အယ်လ်ကိုဟော သောက်သုံးမှုလုံးဝ မရှိတဲ့နိုင်ငံဆိုတာမရှိသလောက်ပါပဲ။ shwekhitonlinetv.com အထူးသဖြင့်တော့ ဥရောပနိုင်ငံတွေမှာ ဆိုရင်လူမှုဆက်ဆံရေးနဲ့ ယဉ်ကျေးမှုအရ အယ်လ်ကိုဟောကို လူကြီး၊လူငယ် ကျား၊မ မရွေးသောက်သုံးလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ အယ်လ်ကိုဟော သောက်သုံးမှုအများဆုံးနိုင်ငံ (၁၀) ကိုလေ့လာကြည့်မယ်ဆိုရင်တော့ …… shwekhitonlinetv.com ၁၀။ လူဇင်ဘတ် လူဇင်ဘတ်နိုင်ငံဟာလူဦးရေ (၆) သိန်းကျော်လောက်ပဲရှိတဲ့ […]

World Top

နိုင်ငံသားတစ်ဦးချင်းအလိုက် ပျမ်းမျှ အသက်အရှည်ဆုံးနိုင်ငံများ

ခေတ်မီတိုးတက်လာတဲ့ လူနေမှုစနစ်တွေရဲ့အဆိုးဝါးဆုံးဘေးထွက်ဆိုးကျိုးကတော့ သဘာဝပတ်ဝန်းကျင်ဖြစ်တဲ့ ရေ၊မြေ၊လေထုတွေညစ်ညမ်းလာတာပဲဖြစ်ပါတယ်။ ဒီအကျိုးဆက်အဖြစ် လူသားတွေရဲ့ နေထိုင်မှုစနစ်နဲ့ ကျန်းမာရေးတွေဟာလည်း တစ်စတစ်စယိုယွင်းပျက်စီးပြီး လူ့သက်တမ်းစေ့အောင်နေထိုင်ဖို့ မဖြစ်နိုင်တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်လာရပါတယ်။shwekhitonlinetv.com ဒါကြောင့်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အလေးထားဆောင်ရွက်လာကြပါတယ်။ ဒီလိုဆောင်ရွက်မှုတွေကြောင့် အဲ့ဒီနိုင်ငံတွေမှာနေထိုင်တဲ့ လူတွေဟာ အခြားနိုင်ငံကလူတွေထက် သက်တမ်းပိုမိုကြာရှည်စွာနေထိုင်လာကြရပါတယ်။ (တစ်ဖက်တစ်လမ်းကလည်း ကျန်းမာရေးလိုက်စားမှုတွေပါဝင်တာပေါ့နော်)။ ဒီနေ့ဖော်ပြပေးချင်တာကတော့ အဲ့ဒီလိုနိုင်ငံတွေထဲကမှ နိုင်ငံသားတစ်ဦးချင်းစီအလိုက် အသက်အရှည်ဆုံးကမ္ဘာ့နိုင်ငံတွေပဲဖြစ်ပါတယ်။shwekhitonlinetv.com ၁၀။ အိုက်စလန် (Icelands) အိုက်စလန်နိုင်ငံသားတွေကတော့ ပျမ်းမျှတစ်ဦးချင်းအသက် (၈၃.၅၂) နှစ်အထိအသက်ရှည်ကြပါတယ်။ အမျိုးသားတွေအနေနဲ့ဆိုရင်တော့ (၈၂.၁၅) […]

World Top

လူသားတွေကို အန္တရာယ်အပေးဆုံး သတ္တဝါ (၁၀) မျိုး

ကမ္ဘာပေါ်မှာလူသားတွေကိုအသက်အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့အထိ ဒုက္ခပေးနိုင်တဲ့သတ္တဝါတွေကတော့ အများအပြားရှိပါတယ်။ အခုတစ်ခါဖော်ပြပေးချင်တာကတော့ အဲ့ဒီလိုအန္တရာယ်ရှိတဲ့ သတ္တဝါတွေအများကြီးရှိတဲ့ အထဲကနှစ်စဉ်လူသားတွေကို အရေအတွက်အများဆုံးအသက်ဆုံးရှုံးအောင်လုပ်နေတဲ့ သတ္တဝါ (၁၀) မျိုးအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁၀။ ခြင်္သေ့ ခြင်္သေ့တွေကတော့ ကမ္ဘာပေါ်က ဒေသအများအပြားမှာ တွေ့နိုင်တဲ့ တောရိုင်းသတ္တဝါတွေဖြစ်ပါတယ်။ သူတို့တွေကြောင့် လူတွေအသက်ဆုံးရှုံးရတာကတော့ တစ်နှစ်ကိုပျမ်းမျှအယောက် (၂၀၀) ဖြစ်ပါတယ်။ shwekhitonlinetv.com ၉။ ရေမြင်း တိရိစ္ဆာန်ရုံတွေထဲမှာမြင်တွေ့ရတဲ့ရေမြင်းတွေကတော့ နှေးကွေးလေးလံတဲ့ပုံပန်းသဏ္ဍာန်ရှိပြီး လူသားတွေကို အန္တရာယ်မပြုနိုင်ဘူးလို့ထင်ရပါတယ်။ ဒါပေမယ့် အာဖရိကလိုနေရာမျိုးမှာ သဘာဝအတိုင်းနေထိုင်ကျက်စားနေတဲ့ရေမြင်းတွေနဲ့တွေ့ရင်တော့ ဝေးဝေးကနေရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့ကြောင့်နှစ်စဉ်အသက်ဆုံးရှုံးနေရတဲ့လူဦးရေကအယောက် (၅၀၀) […]