World Top

ကမ္ဘာပေါ်က အရှည်ဆုံး တံတားကြီး (၁၀) စင်း

တစ်နေရာကနေ တစ်နေရာကိုအချိန်တိုအတွင်း သွားလာဖို့၊ ကုန်စည်စီးဆင်းဖို့ဆိုတာ လမ်းပန်းဆက်သွယ်ရေးက အရေးကြီးဆုံးအခန်းကဏ္ဍကပါဝင်နေပါတယ်။ တံတားတွေဆိုတာကတော့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေး အဆင့်အတန်းကို ဖော်ပြနေတဲ့ပြယုဂ်တွေလည်းဖြစ်ပါတယ်။  shwekhitonlinetv.com အခုတစ်ခေါက်ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ ကမ္ဘာအနှံ့မှာရှိတဲ့ တံတားတွေထဲကမှ အကွာအဝေးအရှည်လျားဆုံး တံတားကြီး (၁၀) စင်းအကြောင်းပဲဖြစ်ပါတယ်။  shwekhitonlinetv.com ၁၀။ Manchac Swamp Bridge , USA ဒီတံတားကတော့ အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ်မှာတည်ရှိတာဖြစ်ပါတယ်။ ကမ္ဘာပေါ်ကဧရာမရွှံ့နွံအိုင်ကြီးဖြစ်တဲ့ Mancah နွံအိုင်ကြီးကိုဖြတ်သန်းပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။ တံတားရဲ့အရှည်ကတော့စုစုပေါင်း ၃၆.၇ ကီလိုမီတာ (၂၂.၈ […]

Amazing

အဲလ်ဘတ်အိုင်းစတိုင်း၊ စတီဖင်ဟော့ကင်းတို့ထက် IQ ပိုမြင့်တဲ့ (၁၁) နှစ်အရွယ် အီရန်နိုင်ငံသူလေး

အင်္ဂလန်နိုင်ငံ Aylesbury အထက်တန်းကျောင်းမှ အီရန်နိုင်ငံသူကျောင်းသူလေး Tara Sharif ဟာ မကြာသေးမီကပြုလုပ်ခဲ့တဲ့ Oxford Mensa IQ စာမေးပွဲကို ဖြေဆိုခဲ့ရာမှာ “Genius Benchmark” ဖြစ်တဲ့အမှတ် (၁၄၀) ကိုကျော်လွန်ခဲ့ကြောင်းသိရပါတယ်။ shwekhitonlinetv.com အသက် (၁၁) နှစ်အရွယ်သာရှိသေးတဲ့ အီရန်နိုင်ငံသူလေးဟာ ဒီစာမေးပွဲမှာ ရမှတ် (၁၆၂) မှတ်အထိရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကျော်ညဏ်ကြီးရှင်ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ရူပဗေဒပညာရှင်ကြီးအိုင်းစတိုင်း နဲ့ ထင်ရှားကျော်ကြားလှတဲ့ စကြာဝဠာဗေဒပညာရှင်ကြီး စတီဖင်ဟော့ကင်းတို့ထက်သာလွန်တဲ့ IQ Point […]

Amazing

သူငယ်ချင်းဖြစ်တဲ့ ဧရာမ ငါးလိပ်ကျောက်ကြီးကို နှုတ်ဆက်ဖို့ မနက်တိုင်း သင်္ဘောကျင်းမှာ စိတ်ရှည်ရှည်စောင့်နေတတ်တဲ့ ကောင်လေး

တစ်ချို့ကလေးငယ်တွေဟာ တိရိစ္ဆာန်လေးတွေနဲ့ ထူးခြားနက်နဲတဲ့ ဆက်ဆံမှုရှိတတ်ကြပါတယ်။ အများအားဖြင့်တွေ့ရတာကတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေဖြစ်တဲ့ ခွေးလေး၊ ကြောင်လေးတွေနဲ့ပါ။ ဒါပေမယ့် အခုဖော်ပြပေးမယ့်ကလေးလေးကတော့ အိမ်မွေးတိရိစ္ဆာန်မဟုတ်ဘဲ သဘာဝအတိုင်းနေတဲ့ ဧရာမငါးလိပ်ကျောက်ကြီးနဲ့ ထူးခြားတဲ့ဆက်ဆံရေးရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com Gran Rey ဆိုတာကတော့ စပိန်နိုင်ငံ ကနေရီကျွန်းစုမှာရှိတဲ့ တံငါရွာလေးတစ်ရွာဖြစ်ပါတယ်။ ဒီရွာလေးမှာနေထိုင်တဲ့ Joel လို့အမည်ရတဲ့ ကလေးငယ်လေးတစ်ဦးဟာထူးထူးခြားခြားဆိုသလိုပဲ သမုဒ္ဒရာထဲမှာ သဘာဝအတိုင်းနေထိုင်တဲ့ ငါးလိပ်ကျောက်ကြီးတစ်ကောင်နဲ့ သူငယ်ချင်းတွေဖြစ်နေပါတယ်။ shwekhitonlinetv.com Joel ဟာမနက်တိုင်းမှာသူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ဧရာမငါးလိပ်ကျောက်ကြီးကို တွေ့ဆုံနှုတ်ဆက်ပြီး အစာကျွေးဖို့အတွက် လက်ဆတ်တဲ့ငါးလေးတွေကိုယူဆောင်ကာ […]

Entertainment

ကမ္ဘာကျော် သရုပ်ဆောင်တွေရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားများ

ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ ရွှေခေတ်ရဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် အထူးစိတ်ဝင်စားဖို့ကောင်းမယ့်အကြောင်းအရာလေးဖြစ်မယ်ထင်ပါတယ်။ ဘယ်လိုအကြောင်းအရာမျိုးလဲဆိုတော့ ကမ္ဘာကျော်သရုပ်ဆောင်တွေရဲ့ ဘဝမှာပထမဆုံး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ George Clooney နာမည်ကျော်အမေရိကန်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျော့ကလူနေး (George Clooney) ဟာ လက်ရှိအချိန်အထိ ရုပ်ရှင်ဇာတ်ကားပေါင်း (၂၈) ကားအပါအဝင် ရုပ်သံစီးရီးအတော်များများမှာလည်း ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့ဇာတ်ကားကလည်း အခုဆိုရင် (၈) ကားအထိရှိပြီဖြစ်ပါတယ်။ သူ့ကိုရုပ်ရှင်လောကထဲစတင်ခြေချစေခဲ့တဲ့ ဇာတ်ကားအမည်ကတော့ ၁၉၈၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Grizzly […]

Amazing

ကမ်းခြေတွေမှာ မထင်မှတ်ဘဲ တွေ့ရှိခဲ့တဲ့ ထူးထူးဆန်းဆန်းအရာများ

ရွှေခေတ်ပရိသတ်တွေကိုတော့ ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ်းခြေမှာထူးထူးခြားခြား လာပြီးသောင်တင်နေတဲ့ အံ့အားသင့်ဖွယ်အရာတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုအရာတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ပါဦးနော် ….. shwekhitonlinetv.com ၁။ ကမ်းခြေက မွေ့ရာကုတင် သင်တို့အနေနဲ့ နွေရာသီအားလပ်ရက်လိုအချိန်မျိုးမှာ ချစ်သူနဲ့အတူ အပန်းဖြေဖို့အတွက် ကမ်းခြေကိုခရီးထွက်မယ်ဆိုရင် အိပ်ဖို့အတွက် ဘယ်လိုအရာမျိုးကိုယူဆောင်တက်ကြပါသလဲ ? အတော်များများကတော့ သိမ်းဆည်းလွယ်ပြီး ပေါ့ပေါ့ပါးပါးရှိမယ့် အခင်းမျိုးလောက်သာ ယူဆောင်သွားကြမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီကုတင်ကြီးကတော့ ဘယ်လိုလုပ်ပြီးကမ်းခြေမှာလာသောင်တင်နေသလဲဆိုတာကို စဉ်းစားလို့ မရအောင်ပါပဲ ….. ဘယ်လိုလူမျိုးကများဒီလို ကုတင်နဲ့ ကမ်းခြေမှာအပန်းဖြေခဲ့ပါလိမ့်…. shwekhitonlinetv.com ၂။ ငရဲငါး ဒီငါးရဲ့ […]

Fun

မြင်ရသူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် အူကြောင်ကြောင် ဒီဇိုင်းနဲ့ကားများ

ရွှေခေတ်ပရိသတ်တွေအနေနဲ့ ထူးထူးဆန်းဆန်းဒီဇိုင်းနဲ့ကားအမျိုးမျိုးကို ရုပ်ရှင်တွေထဲမှာမြင်ဖူးကြမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့်ကားတွေရဲ့ ဒီဇိုင်းတွေကိုတော့ မြင်ဖူးမှာမဟုတ်တာကျိန်းသေပါတယ်။ ဒီကားတွေကအပြင်မှာတစ်ကယ်ရှိတဲ့ ကားတွေလည်းဖြစ်ပြီး ဘယ်လိုစိတ်ကူးမျိုးနဲ့ ဒီလိုပုံစံတွေလုပ်ထားသလဲဆိုတာ စဉ်းစားလို့တောင်မရပါဘူး။ shwekhitonlinetv.com ၁။ ဒီကားကတော့ မျက်နှာစာနှစ်ဖက်ပါဝင်တဲ့ကားဖြစ်ပါတယ်။ အရေးအကြောင်းဆို ယာဉ်မောင်းအနေနဲ့ အပေါက်မှားပြီးတက်မိမှာကျိန်းသေပါတယ်။ shwekhitonlinetv.com ၂။ ဒီကားရဲ့ပိုင်ရှင်ကတော့ ဘိလိယက်ဝါသနာအိုးတစ်ယောက်ဖြစ်ပုံရပါတယ်။ ဒါကြောင့်လည်းသူ့ကားကို ရပ်နားထားချိန်မှာ ဘိလိယက်ထိုးလို့ရအောင်ဖန်တီးထားတယ်ထင်ပါရဲ့။ shwekhitonlinetv.com ၃။ ပျော်ပွဲစားတွေဘာတွေထွက်တဲ့အခါမှာတော့ ဒီကားကအတော်လေးအသုံးဝင်မယ်ထင်ပါတယ်။ ဖန်တီးထားတဲ့ဒီဇိုင်းကလည်း ပို့စ်ပေးကြမ်းသူတွေအတွက် ကွက်တိပါပဲနော်။ shwekhitonlinetv.com ၄။ အခုဖော်ပြမယ့်ကားတွေထဲမှာ ဒီကားကတော့အလန်းဆုံးကားပါပဲ။ မောင်းမယ့်သူကတော့ တစ်ချိန်လုံးရေစိမ်နေရမှာမို့လို့ […]

Fun

တွေ့ရာနေရာမှာ ဖြစ်သလို အိပ်စက်တတ်တဲ့ ချစ်စရာ ပူစီလေးများ

ရွှေခေတ်ပရိသတ်ကြီးတွေထဲကကြောင်ချစ်တက်တဲ့သူတွေအတွက် အခုတစ်ခေါက်မှာတော့ တွေ့လေရာနေရာမှာ အသည်းယားစရာကောင်းလောက်အောင် အိပ်မောကျနေတဲ့ကြောင်လေးတွေရဲ့ချစ်စဖွယ် ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်။ shwekhitonlinetv.com ၁။ ဒီပေါ်တက်အိပ်တာကဟုတ်ပါပြီ ရှုးရှုးတော့ပေါက်မချနဲ့နော် ….. shwekhitonlinetv.com ၂။ ဒီကြောင်ကလေးကတော့ လှောင်အိမ်ထဲက ငှက်ပါနေရာစရာပျောက်အောင်လုပ်တာပါ။ shwekhitonlinetv.com ၃။ ဒီကြောင်လေးနှစ်ကောင်အိပ်ပျော်နေပုံကတော့ အတော်လေးကိုရယ်စရာကောင်းလှပါတယ်။ shwekhitonlinetv.com ၄။ ဒီကြောင်ကလေးကတော့ အငြိမ်းချမ်းဆုံးနေရာတစ်ခုကိုရှာဖွေတွေ့ရှိသွားပုံပါပဲ။ shwekhitonlinetv.com ၅။ ဒီသစ်ငုတ်တိုရဲ့အခေါင်းပေါက်လေးကတော့ ဒီကြောင်ကလေးအိပ်ဖို့တမင်လုပ်ပေးထားသလားတောင်ထင်ရပါတယ်။ ကြည့်ပါဦး တစ်ကယ့်ကို အံဝင်ခွင်ကျပဲနော်။ shwekhitonlinetv.com ၆။ ကုလားထိုင်ရဲ့ ကော်ဖီခွက်လိုအရာထည့်စရာအပေါက်လေးထဲကို […]

Knowledge

ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် အဆောက်အဦးများအကြောင်း

မြန်မာနိုင်ငံဟာ အင်္ဂလိပ် – မြန်မာစစ်ပွဲအပြီးမှာ ဗြိသိသျှကိုလိုနီအဖြစ်ရောက်ရှိခဲ့ပြီး လက်အောက်ခံအဖြစ် နှစ်ပေါင်း (၁၂၄) နှစ်လောက်နေခဲ့ရပါတယ်။ ဗိသုကာလက်ရာမြောက်တဲ့ ဗြိသိသျှအဆောက်အဦးများစွာဆောက်လုပ်ခဲ့ပြီး ရန်ကုန်မြို့ဟာဆိုရင် အရှေ့တောင်အာရှမှာ ထင်ရှားတဲ့အဆောက်အဦးများစွာရှိခဲ့တဲ့ မြို့တော်တစ်ခုအဖြစ် ထင်ရှားခဲ့ပါတယ်။ shwekhitonlinetv.com လွတ်လပ်ရေးရပြီးနောက်မှာ အဆိုပါအဆောက်အဦးတွေကို အစိုးရရုံးတွေအဖြစ်ဆက်လက်အသုံးပြုခဲ့ပြီး ယခုဆိုရင် ရန်ကုန်မြို့ပြအမွေအနှစ်စာရင်းဝင် ခရီးသွားများလာရောက်လည်ပတ်ရာ နေရာများအဖြစ် ထင်ရှားနေပြီဖြစ်ပါတယ်။ ယခုတစ်ခေါက်မှာ ထင်ရှားတဲ့ကိုလိုနီအဆောက်အဦးတွေထဲက (၁၀) ခုကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ Secretariat (ဝန်ကြီးများရုံး) ဝန်ကြီးများရုံးကို […]

Knowledge

တန်ဖိုးကြီးမားပြီး အလွန်ရှားပါးတဲ့ တံဆိပ်ခေါင်းများ

ဒီနေ့လိုမျိုး ခေတ်မီတဲ့ အင်တာနက်နည်းပညာတွေ မပေါ်ပေါက်မီကာလတွေက ကမ္ဘာ့ပေါ်က နိုင်ငံတွေဟာ စာအိတ်သုံးစာပို့စနစ်ကို အသုံး ပြုခဲ့ကြပါတယ်။ ထို့အတူပဲ စာပို့တံဆိပ်ခေါင်းတွေကိုလည်း နိုင်ငံအလိုက်ထုတ်ဝေခဲ့ကြပါတယ်။ ဒါပေမယ့် လည်းအခုအခါမှာတော့ တံဆိပ်ခေါင်းတွေရဲ့ အခန်းကဏ္ဍကမှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်လို့နေပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ဒီလိုပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရှာပါးတံဆိပ်ခေါင်းတွေထဲကမှ တန်ဖိုးအကြီးမားဆုံး တံဆိပ်ခေါင်းတစ်ချို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၇။ 3c George Washington w/ B Grill, 1867Price: $900,000 အမေရိကန်ရဲ့ ပထမဆုံးသမ္မတဖြစ်တဲ့ ဂျော့ရှ်ဝါရှင်တန်ရဲ့ […]

Amazing

သင့်ကို အံ့သြမှင်သက်သွားစေနိုင်မယ့် သုတေသီတွေရဲ့ ရှာဖွေတွေ့ရှိချက်များ

တိုးတက်လာတဲ့ ဒီနေ့ခေတ်အချိန်အခါမှာတော့ လူသားတွေအနေနဲ့ မိမိတို့ရဲ့ ဖြစ်တည်မှုတေကို အချက်ကျကျ အသေးစိတ်ပိုမို သိရှိလာနေကြပြီပဲဖြစ်ပါတယ်။ ဒီလိုမျိုး သိရှိနိုင်ဖို့အတွက်တော့ နိုင်ငံတကာက ပညာရှင်တွေဟာ သုတေသနလုပ်ငန်းပေါင်းများစွာကို အချိန်ကုန်၊ ငွေကုန်ခံပြီး ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။ ဒီနေ့ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဒီလို သုတေသနပြုလုပ်ချက်တွေကနေ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ အံ့အားသင့်ဖွယ်အချက်အလက်တွေ ပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ကွန်ပျူတာတွေကို ဗိုင်းရပ်စ်ဝင်တဲ့ အချက်အလက်တွေကို လေ့လာစိစစ်ပြီး မှတ်တမ်း ခဲ့ရာမှာတော့ အံ့အားသင့်စရာ အချက်တစ်ချက်ကို မယုံကြည်နိုင်စရာတွေ့ရှိခဲ့ရပါတယ်။ အဲ့ဒါကတော့ […]