Amazing

ရဲရင့်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေသာ သွားဝံ့တဲ့ နေရာများ

လူတိုင်းလူတိုင်းက မိမိရဲ့စိတ်အခြေအနေပေါ်မူတည်ပြီး မိမိနှစ်သက်ရာ ဒေသတွေကို ခရီးသွားကြပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ သတ္တိအကောင်းဆုံးသူတွေမှ သွားနိုင်မဲ့ ဒေသလေးတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့… shwekhitonlinetv.com ၉။ အရိုးဝတ်ပြုဆုတောင်းဆောင် ပေါ်တူဂီနိုင်ငံ၊ အီဗိုရာမြို့မှာ တည်ရှိတဲ့ အရိုးဝတ်ပြုဆုတောင်းဆောင်ကတော့ မြို့ရဲ့အထင်ရှားဆုံး အဆောက်အဦးတစ်ခု ဖြစ်ပါတယ်။ ဒ့ါအပြင် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဝတ်ပြုဆုတောင်းဆောင်ကို ၁၆ ရာစုနှစ်တုန်းက ဘုန်းတော်ကြီးတစ်ပါးက ဆောက်လုပ်ခဲ့တာလို့သိရပါတယ်။ဒီဝတ်ပြုဆုတောင်းဆောင်ကို အရိုးဝတ်ပြုဆုတောင်းဆောင်လို့ ခေါ်တွင်ရတာက အတွင်းပိုင်းအပြင်အဆင်ကို […]

World Top

ဘီယာကို နှစ်စဥ်အများဆုံး ထုတ်လုပ်လျှက်ရှိတဲ့ ကမ္ဘာ့နိုင်ငံများ

ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံအားလုံးလိုလိုမှာ လူကြီးလူငယ်မရွေးသောက်သုံးနေတဲ့ အဖျော်ယမကာတစ်မျိုးရှိပါတယ်။ အဲ့ဒီအဖျော်ယမကာကတော့ ဘီယာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် … ဒီနေ့ခေတ်အခါမှာမြန်မာနိုင်ငံ အပါအဝင် နိုင်ငံတိုင်းမှာ တံဆိပ်မျိုးစုံ အရသာမျိုးစုံ နဲ့ ဘီယာအစုံကို စျေးကွက်ထဲမှာ တွေ့မြင်နေရပါတယ်။ အခုတစ်ခါဖော်ပြပေးမှာကတော့ အမျိုးအစားစုံလင်လှတဲ့ ဘီယာတွေကို နှစ်စဥ်နှစ်တိုင်း အများဆုံးထုတ်လုပ်နေတဲ့ နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေဖြစ်မလဲဆိုတာကိုတော့ …. shwekhitonlinetv.com ၁။ China – 38 million KL ပုံမှန်အားဖြင့်​တော့ အာရှဒေသက နိုင်ငံအများစုဟာ မိမိတို့ရိုးရာအလိုက် အရက်ကို […]

World Top

၂၀၂၂ ခုနှစ်မှာ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေအရှိဆုံး ကမ္ဘာ့နိုင်ငံများ

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း စစ်တမ်းကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်အတွက် သဘာဝဘေးအန္တရာယ်အကျရောက်နိုင်ဆုံးနိုင်ငံများ၊ တစ်နည်းအားဖြင့် WRI (World Risk Index) အညွှန်းကိန်းအမြင့်မားဆုံး ကမ္ဘာ့နိုင်ငံများကို နာမည်ကျော်ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ statista.com ကနေထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်မှာပါဝင်တဲ့ နိုင်ငံတွေအနက် ထိပ်ဆုံး (၁၀) နိုင်ငံကတော့ … shwekhitonlinetv.com ၁၀။ ဂွာတီမာလာ ဗဟိုအမေရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂွာတီမာလာနိုင်ငံကတော့ statista ရဲ့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သတ်လို့ထုတ်ပြန်တဲ့ အညွှန်းကိန်းမှာ (၂၀.၂၃) ရှိပြီး […]

News

လာသမျှဧည့်သည်တွေကို ဆဲဆိုကျိန်ဆဲနေလို့ နေရာခွဲထားရတဲ့ ကြက်တူရွေး (၅) ကောင်

ကြက်တူရွေးဆိုတာကတော့ လူသားတွေပြောတဲ့စကားတွေကို လိုက်လံတုပပြောတက်တဲ့သတ္တဝါလေးတွေဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ကြက်တူရွေးလေးတွေက အတုမြင်အတတ်သင်နိုင်တဲ့ သတ္တဝါလေးတွေပေါ့။ shwekhitonlinetv.com ဒီလိုဥာဏ်ကောင်းတဲ့ကြက်တူရွေးလေးတွေနဲ့ပတ်သတ်ပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့သတင်းတစ်ပုဒ်ရှိပါတယ်။ အဲ့ဒီသတင်းကတော့ လာသမျှဧည့်သည်တွေကို ဆဲဆိုကျိန်ဆဲလို့ အတူမထားရဲတော့ဘဲ သီးခြားစီနေရာခွဲထားရတဲ့ ဗြိတိန်သဘာဝဘေးမဲ့စင်တာတစ်ခုက ကြက်တူရွေးလေး (၅) ကောင်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီကြက်တူရွေးလေး (၅) ကောင်ရဲ့အမည်တွေကတော့ ဘီလီ၊ အဲရစ်၊ တိုင်ဆန်၊ ဂျိတ် နဲ့ အယ်လ်ဆီ တို့ပဲဖြစ်ပါတယ်။ မီးခိုးရောင်အဆင်းနဲ့ အာဖရိကန်ကြက်တူရွေးမျိုးလေးတွေဖြစ်တဲ့ သူတို့ (၅) ကောင်ဟာ အာဖရိကတောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးဌာနကနေ ဗြိတိန် […]

Amazing

Pre Wedding ဓာတ်ပုံတွေကိုသင်္ချိုင်းကုန်းမှာ မကြောက်မရွံ့ရိုက်ခဲ့တဲ့ စုံတွဲ

Nonts Kongchaw လို့အမည်ရတဲ့ အသက် (၃၂) နှစ်အရွယ် ထိုင်းဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးကတော့ သူ့ရဲ့ Pre Wedding Photos တွေကို သင်္ချိုင်းကုန်းမှာ တစ်မူထူးခြားတဲ့အပြင်အဆင်တွေနဲ့ ရိုက်ကူးခဲ့လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လတ်တလောနာမည်ကြီးလို့နေပါတယ်။ shwekhitonlinetv.com သူ့တို့ရဲ့ Pre Wedding ဓါတ်ပုံတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့လူအများစုအနေနဲ့ တုန်လှုပ်ခြောက်ခြားခဲ့ကြပြီး တစ်ချို့ကတော့ဒေါသထွက်နေကြပါတယ်။ ဒီပုံတွေကို လူထောင်ပေါင်းများစွာက ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်တွေကနေတစ်ဆင့်ပြန်လည် မျှဝေခဲ့ကြပါတယ်။ shwekhitonlinetv.com အဖြူရောင် ဝတ်စုံကိုဝတ်ဆင်ထားတဲ့ Nonts […]

Amazing

စိတ်ကူးကောင်းပြီး လက်ရာမြောက်စွာ ရေးဆွဲထားတဲ့ အလန်းစားတက်တူးများ

တက်တူးထိုးခြင်းဟာ ဒီနေ့ခေတ်မှာတော့ လူကြီး၊ လူငယ်၊ ကျား/မ မရွေး ပြုလုပ်လာကြတဲ့အရာဖြစ်ပါတယ်။ တက်တူးဟာ တစ်ချို့လူတွေအတွက် ဖက်ရှင်တစ်ခုဖြစ်လာတယ်ဆိုရင်လည်းမမှားပါဘူး။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ စိတ်ကူးစိတ်သန်းကောင်းလွန်းပြီး လက်ရာမြောက်လှတဲ့ တက်တူးဆရာတွေရဲ့ တက်တူးပုံ အချို့ကိုဖော်ပြလိုက်ရပါတယ်။shwekhitonlinetv.com ၁။ ဒီတက်တူးကတော့ပုံအဟောင်းပေါ်ကို ထပ်ပြီးပြန်ပြင်ရေးဆွဲထားတာပါ။ သုံးထားတဲ့ဆေးကကောင်းတဲ့အပြင် တက်တူးဆရာရဲ့ Shade ထည့်ထားတဲ့ ကျွမ်းကျင်မှုကလည်း လက်ဖျားခါလောက်ပါတယ်။shwekhitonlinetv.com ၂။ ဒီလူတစ်ယောက်ကတော့ လက်တွေ့ဘဝမှာ ခြေထောက်အတုနဲ့ နေရတာကို တက်တူးဆရာကအိုင်ဒီယာ ကောင်းကောင်းနဲ့ ပုံဖော်ပေးထားပါတယ်။shwekhitonlinetv.com ၃။ […]

Amazing

ရုရှားသင်္ဘောသားတစ်ဦး ဖမ်းမိခဲ့တဲ့ ထူးဆန်းကြောက်မက်ဖွယ် ပုံသဏ္ဍာန်နဲ့ ရေသတ္တဝါများ

ရိုမန်ဖီဒေါ့တ်ဆော့ဗ် ဆိုတာကတော့ ရုရှားနိုင်ငံ မာမန့်စ်မြို့မှာနေထိုင်တဲ့ သင်္ဘောသားတစ်ဦးဖြစ်ပါတယ်။ သူ့မှာထူးခြားပြီးတော့ စိတ်ဝင်စားဖို့လည်းကောင်းလှတဲ့ ဝါသနာတစ်ခုရှိပါတယ်။ အဲ့ဒီ ဝါသနာကတော့ သူသင်္ဘောနဲ့ ပင်လယ်သမုဒ္ဒရာတွေထဲကိုသွားတဲ့အခါတွေမှာ ထူးထူးဆန်းဆန်း ရေသတ္တဝါတွေကို ရှာဖွေပြီး ဓာတ်ပုံ့ရိုက်ရတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီလိုရိုက်ကူးလို့ရလာတဲ့ပုံတွေကိုလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ Instagram နဲ့ Twitter အကောင့်တွေမှာတင်ထားခဲ့ပါတယ်။ အခုဖော်ပြပေးမှာကတော့ သူတင်ထားခဲ့တဲ့ ထူးဆန်းရေသတ္တဝါဓာတ်ပုံ တွေထဲက ကြောက်မက်ပြီးအသည်းယားဖွယ်ကောင်းလွန်းတဲ့ ရေသတ္တဝါအချို့ရဲ့ပုံတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ဖိနပ်အောက်ခံဆိုးလ် ပုံသဏ္ဍာန်ဦးခေါင်းနဲ့ Remora ငါးဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ […]

Entertainment

ဂန်းနန်းစတိုင် သီချင်းကို တောင်ကိုရီးယား Gym ခန်းမတွေမှာ မဖွင့်ဖို့ပိတ်ပင်ခြင်းခံရ

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကပ်ရောဂါနဲ့ပတ်သတ်ပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်တစ်ခုကတော့ အားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့မှာရှိတဲ့ Gym ခန်းမတွေမှာ နာမည်ကျော် အဆိုတော် PSY ရဲ့ Gangnam Style သီချင်းကိုမဖွင့်ဖို့ ပိတ်ပင်ခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com Gym ခန်းမတွေမှာ အားကစားပြုလုပ်ကြတဲ့လူအတော်များများကတော့ မြူးကြွတဲ့ တေးဂီတသံစဥ်တွေနဲ့အတူ အားကစားပြုလုပ်တက်ကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးသုတေသီတွေရဲ့နောက်ဆုံးပေါ်တွေ့ရှိချက်တစ်ခုမှာတော့ Beat တွေအရမ်းမြူးကြွတဲ့တေးဂီတတွေနဲ့အတူ ကိုယ်လက်လှုပ်ရှားပြုလုပ်တာဟာ အသက်ရှူမြန်တာမျိုးကိုဖြစ်စေပြီး ချွေးထွက်များစေနိုင်တယ်လို့ ဆိုထားပါတယ်။ shwekhitonlinetv.com ဒီလိုချွေးထွက်များရာကတစ်ဆင့် တစ်ခြားသူတွေထံကို […]

World Top

သမိုင်းတစ်လျှောက် ကမ္ဘာမြေမှ လွှတ်တင်ခဲ့သည့် အကြီးမားဆုံး အာကာသယာဉ်များ

ယနေ့အချိန်မှာတော့ မြေကမ္ဘာကနေပြီး အာကာသထဲကိုလွှတ်တင်ခဲ့တဲ့ အာကာသယာဉ်ပေါင်းဟာ အရေအတွက်အတော်လေးကိုများပြားခဲ့ပြီဖြစ်ပါတယ်။ ဒီ အာကာသယာဉ်တွေထဲက အလေးချိန်အများဆုံးနဲ့ အကြီးမားဆုံးအာကာသယာဉ် (၁၀) ခုကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁၀။ Salyut 1 Salyut 1 ကတော့ ၁၉၇၁ ခုနှစ်မှာလွှတ်တင်ခဲ့တဲ့ Russian Space Station ဖြစ်ပြီး အလေးချိန် (၁၈,၉၀၀) ကီလိုဂရမ်ရှိပါတယ်။ shwekhitonlinetv.com ၉။ ATV (Automated Transfer Vehicle) ဒါကတော့ ဥရောပအာကာသအေဂျင်စီကနေလွှတ်တင်ခဲ့တဲ့ […]

News

အသက် (၈) နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူရဲကောင်း မိုင်းရှာကြွက်ကလေး

Magawa လို့လူသိများတဲ့ မိုင်းရှာကြွက် ကလေးကတော့အသက် (၈)နှစ်ပြည့်ချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဝမ်းနည်းစွာသိရှိခဲ့ရပါတယ်။ ဒီကြွက်ကလေးဟာ မြေမြုပ်မိုင်းပေါင်း (၇၁) လုံးကိုရှာဖွေဖော်ထုတ်ပေးခဲ့ပြီး ဂင်းနစ်မှတ်တမ်းမှာဖော်ပြခြင်းခံထားရတဲ့ကြွက်ကလေးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com အာဖရိကကြွက်ကြီးမျိုးဖြစ်တဲ့ Magawa ဟာ PDSA ရဲ့သမိုင်းမှာ Gold Medal ရရှိတဲ့ ပထမဆုံး ခွေးမဟုတ်တဲ့ တိရိစ္ဆာန်လည်းဖြစ်ပြီးသူရရှိတဲ့ဆုတံဆိပ်က ဗြိတိန်နိုင်ငံကချီးမြှင့်တဲ့ George Cross တံဆိပ်နှင့် ညီမျှတယ်လို့သိရပါတယ်။ shwekhitonlinetv.com ဘယ်လ်ဂျီယံပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ APOPO ကနေလေ့ကျင့်သင်ကြားပေးထားခဲ့တဲ့ ကြွက်ကလေး Magawa ဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်းက […]