သဘာဝတရားကြီးက လူသားတွေကို မဖျက်ဆီးခင် ပြသတတ်တဲ့ ရှေ့ပြေးလက္ခဏာများ
ကမ္ဘာဂြိုဟ်ပေါ်ကစွမ်းအားအကြီးဆုံးအရာကတော့ သဘာဝတရားကြီးပဲဖြစ်ပါတယ်။ သဘာဝတရားကြီးဟာ အံ့သြဖွယ်ကောင်းပြီးလှပလွန်းတဲ့အရာတွေကိုဖန်တီးနိုင်သလို၊ ဘယ်လိုအရာမျိုးကိုမဆို ဖျက်စီးပစ်နိုင်တဲ့အစွမ်းတွေလည်းရှိပါတယ်။ ဒါပေမယ့်သူက ကြီးမားတဲ့ဖျက်ဆီးမှုမျိုးကို မပြုလုပ်ခင်မှာ သတိပေးတဲ့သဘောမျိုးနဲ့ ရှေ့ပြေးနိမိတ်လက္ခဏာတွေကို ပြသတတ်ပါတယ်။ ဒီအရာတွေကို သိရှိထားတဲ့သူတွေကတော့ သူ့ရဲ့ဖျက်ဆီးမှုကနေလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ သဘာဝဘေးအန္တရာယ်တွေရဲ့ ဖျက်ဆီးမှုတွေမလာခင်မှာ ပြသတတ်တဲ့ ရှေ့ပြေးလက္ခဏာတွေအကြောင်း ကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com ၁။ ပင်လယ်၊ သမုဒ္ဒရာရေများ ရုတ်တရက်ကျသွားခြင်း များသောအားဖြင့်တော့ ပင်လယ်ကမ်းခြေမှာလမ်းလျောက်နေတဲ့လူတွေဟာ ပတ်ဝန်းကျင်က ပင်လယ်ပြင်ရဲ့အခြေအနေပြောင်းလဲမှုတွေကို ဂရုတစိုက်သတိထားပြီးစောင့်ကြည့်နေကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပစိတ်ဖိတ်သမုဒ္ဒရာရဲ့ကမ်းခြေလိုမျိုးမှာလမ်လျှောက်နေခဲ့ရင်တော့ ပတ်ဝန်းကျင်အခြေအနေကို သတိပြုပြီးနေသင့်ပါတယ်။ […]