World Top

ကမ္ဘာပေါ်က အန္တရာယ်အများဆုံး လေယာဥ်ကွင်း (၁၀) ကွင်း

ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါက်ဖော်ပြပေးသွားမှာကတော့ ကမ္ဘာပေါ်မှာအန္တရာယ်အများဆုံးလေယာဉ်ပြေးလမ်းတွေနဲ့ လေယာဉ်ကွင်းတွေပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေရဲ့ လေဆိပ်တွေက ဒီစာရင်းမှာပါဝင်နေမလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် ….. shwekhitonlinetv.com ၁။ Barra Airport – Scotland စကော့တလန်နိုင်ငံက ဘာရာလေဆိပ် (Barra Airport) လိုမျိုးအလားတူနောက်ထပ်လေယာဉ်ကွင်းတစ်ကွင်း ဒီကမ္ဘာပေါ်မှာရှိမယ်မထင်ပါဘူး။ ဘာရာလေဆိပ်ဟာ စကော့တလန်ပြည်မကြီးနဲ့ ဝေးလံခေါင်သီလှတဲ့နေရာမှာရှိတဲ့ ကျွန်းတစ်ကျွန်းမှာရှိတာဖြစ်ပါတယ်။ ဒီရေတက်ချိန်မှာတော့ ပြေးလမ်းတွေအားလုံးဟာ နစ်မြုပ်သွားပြီးအသုံးပြုလို့မရပါဘူး။ နောက်ပြီးအရေးပေါ်အခြေအနေကလွဲရင် ညအချိန်မှာ ဆင်းသက်ခွင့်မပြုတဲ့ လေဆိပ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ Madeira Airport – […]

Amazing

အံ့အားသင့်ဖွယ် နောက်ခံအကြောင်းတွေနဲ့ ရှားပါးလွန်းတဲ့ ရှေးဟောင်းဓာတ်ပုံများ

ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေအတွက်ဖော်ပြပေးချင်တာကတော့ အတော်လေးကိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ နောက်ခံအကြောင်းအရင်းတွေရှိနေတဲ့ ရှေးခေတ်က ရှားပါးဓာတ်ပုံလေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေမှာ ဘယ်လိုအံ့အားသင့်စရာ နောက်ခံအကြောင်းတွေရှိနေမလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် …… shwekhitonlinetv.com ၁။ မံမီရောင်းရန်ရှိသည် နပိုလီယံအီဂျစ်ကို သိမ်းပိုက်ပြီးတဲ့အချိန်မှာတော့ အီဂျစ်ရှေးဟောင်းပစ္စည်းတွေဟာ ဥရောပဈေးကွက်ကိုရောက်ရှိခဲ့ပါတယ်။ ဒီအထဲမှာ မံမီတွေလည်းအပါအဝင်ဖြစ်ပြီး အထက်တန်းစားလူကုံထံတွေက ဈေးကောင်းပေးဝယ်ခဲ့ကြတယ်လို့သိရပါတယ်။ အဲ့ဒီအချိန်က မံမီရုပ်အလောင်းကအကြွင်းအကျန်တွေကိုတောင် အမှုန့်ကြိတ်ပြီးဆေးဖက်ဝင်အရာများအဖြစ်ရောင်းချခဲ့ကြပါတယ်။ ဝယ်လွန်းအားများလွန်းတာကြောင့် အချို့လူတွေဟာ လမ်းဘေးမှာသေဆုံးနေတဲ့ သူတောင်းစားတွေရဲ့ ခန္ဓာကိုယ်ကို မံမီလိုပြုပြင်ပြီး အတုအပလုပ်ရောင်းကြတာမျိုးတောင်ရှိခဲ့ပါတယ်။ shwekhitonlinetv.com ၂။ အံ့ဖွယ်သစ်ခုတ်သမားများ ဒီဓာတ်ပုံကတော့ ၁၉၀၀ ပြည့်နှစ်က […]

World Top

အများပြည်သူဆိုင်ရာ အားလပ်ရက် (သို့မဟုတ်) အစိုးရရုံးပိတ်ရက် အများဆုံး ကမ္ဘာ့နိုင်ငံများ

ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ပြက္ခဒိန်နှစ်တစ်နှစ်မှာ အများပြည်သူဆိုင်ရာအားလပ်ရက် (သို့မဟုတ်) တရားဝင်အစိုးရရုံးပိတ်ရက်ဆိုပြီးသတ်မှတ်ထားတာရှိပါတယ်။ New Year Holiday , Christmas Day စတဲ့နေ့တွေလို နိုင်ငံတကာနဲ့သက်ဆိုင်တဲ့ ပိတ်ရက်တွေရှိသလို မိမိတို့နိုင်ငံရဲ့သမိုင်းကြောင်းအရ အမျိုးသားရေးနဲ့သက်ဆိုင်တဲ့ပိတ်ရက်၊ ဘာသာရေး၊ လူမျိုးရေးနဲ့သက်ဆိုင်တဲ့ပိတ်ရက် စတာမျိုးတွေလည်းရှိတက်ပါတယ်။ shwekhitonlinetv.com ဒီလိုမျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံ ပိတ်ရက်စုစုပေါင်းကွဲပြားခြားနားစွာရှိကြတဲ့အထဲမှာမှ အခုတစ်ခေါက်မှာတော့ ကမ္ဘာပေါ်က အများပြည်သူဆိုင်ရာအားလပ်ရက် (သို့မဟုတ်) အစိုးရရုံးပိတ်ရက်အများဆုံးနိုင်ငံ (၁၀) နိုင်ငံကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ မြန်မာ – (၃၂) ရက် ဒီစာရင်းမှာ […]

Knowledge

ဖုန်းအစွဲလန်းလွန်ရောဂါ (Nomophobia) ရှိနေကြောင်း သိနိုင်တဲ့ အချက်များ

‘NO MObile PhoBIA’ လို့ခေါ်တဲ့ Nomophobia ဆိုတာကတော့ တိုးတက်လာတဲ့ ခေတ်ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို့ ဆိုနိုင်မယ့် ခေတ်သစ်ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ဖုန်းတွေဟာ ဆက်သွယ်ရေး ကိရိယာသက်သက်ဆိုတာထက် အဓိပ္ပါယ်အများကြီးပိုလာတာနဲ့ အမျှ လူကြီးလူငယ်မရွေး စမတ်ဖုန်းကို မိမိတို့ရဲ့တစ်နေ့တာ အချိန်တော်တော်များများမှာ ထိတွေ့သုံးစွဲလာကြပါတယ်။ shwekhitonlinetv.com လေ့လာတွေ့ရှိချက်တွေအရတော့ ဗြိတိန်မှာနေထိုင်တဲ့သူ (၅၃) ရာခိုင်နှုန်းလောက်ဟာ ၎င်းတို့ရဲ့ဖုန်း ဘက္ကထရီကုန်သွားတဲ့အခါ၊ လိုင်းမမိတော့တဲ့အခါ စတဲ့အခြေအနေမျိုးတွေမှာ စိုးရိမ်ပူပန််မှုတွေကို ခံစား​နေကြရကြောင်း သိရပါတယ်။ shwekhitonlinetv.com အမေရိကန်မှာကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ချို့မှာလည်း […]

Amazing

စွန့်ပစ် ပလတ်စတစ်ဘူးခွံတွေကို အသုံးပြုပြီး ရေပေါ်ဟိုတယ် ဆောက်ခဲ့တဲ့ အမျိုးသား

တစ်ခါတစ်ရံမှာတော့ ရူးသွပ်တယ်လို့ထင်ရတဲ့အတွေးအခေါ် အကြံဥာဏ်တွေဟာ သင့်ကိုကြွယ်ဝချမ်းသာစေနိုင်ပါတယ်။ ဘာကြောင့်အခုလိုမျိုးပြောရသလဲဆိုတော့ အိုင်ဗရီကို့စ်မှာနေထိုင်တဲ့ အဲရစ်ဆိုတဲ့ သူတစ်ဦးကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com အဲရစ်ဟာ အာဖရိကတိုက်က အိုင်ဗရီကို့စ်နိုင်ငံမှာ ရွှေ့ပြောင်းအခြေချနေထိုင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ တီထွင်ကြံဆနိုင်စွမ်းရှိတဲ့ ဒီအမျိုးသားကတော့ ပလပ်စတစ်ပုလင်းခွံလိုမျိုးအမှိုက်တွေကို အသုံးပြုပြီး ရေပေါ်ဟိုတယ်တစ်လုံးကို တည်ဆောက်ခြင်းဖြင့် အမှိုက်တွေကို ကြွယ်ဝချမ်းသာမှုအဖြစ် ပြောင်းလဲခဲ့တဲ့သူဆိုလည်းမမှားပါဘူး။ shwekhitonlinetv.com အသုံးပြုပြီးသား ပလတ်စတစ်ပုလင်းခွံတွေဟာ လူအများအမြင်မှာတော့ အမှိုက်တွေသာဖြစ်ပေမယ့် တီထွင်ဖန်တီးသူ အဲရစ်အတွက်ကတော့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေအဖြစ်မြင်ခဲ့ပြီး အများနဲ့မတူတဲ့ စိတ်ကူးအိုင်ဒီယာကို ရရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ဒါကြောင့် အဲရစ်ဟာ အိုင်ဗရီကို့စ်ကမ်းခြေတွေက ရုပ်ဆိုးအကျည်းတန်လှတဲ့ […]

Amazing

ထူးထူးခြားခြား ပုံသဏ္ဍာန်တွေနဲ့ လူသိနည်းတဲ့ ကမ္ဘာပေါ်က အဆောက်အအုံများ

ကမ္ဘာပေါ်မှ ာထင်ရှားကျော်ကြားတဲ့ အထင်ကရနေရာတွေ အများအပြားရှိတာကတော့ အားလုံးသိပြီးဖြစ်ပါတယ်။ လူအတော်များများအနေနဲ့ ဒီလိုမျိုးနေရာတွေကို ကိုယ်တိုင်မရောက်ဖူးရင်တောင်မှ အင်တာနက်ပေါ်ကနေမြင်ဖူးတွေ့ဖူးပြီးသားဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ဖော်ပြပေးမယ့် အဆောက်အအုံတွေကိုတော့ သိတဲ့သူအနည်းငယ်လောက်ပဲရှိမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com ၈။ The Great Mosque of Djenné – Mali ထူးခြားတဲ့ဗိသုကာလက်ရာနဲ့ ဒီအဆောက်အဦးကတော့ သက်တမ်းအားဖြင့် နှစ်ပေါင်း (၁၀၀) ကျော်ရှိပြီဖြစ်ပြီး ကမ္ဘာပေါ်မှာအကြီးဆုံးရွှံ့အုတ် အဆောက်အအုံကြီးဖြစ်ပါတယ်။ အာဖရိကတိုက် မာလီနိုင်ငံမှာတည်ရှိတဲ့ ဒီအဆောက်အဦးကို (၁၉၈၈) ခုနှစ်မှာ Djenné […]

Entertainment

ထင်မှတ်မထားတဲ့ နယ်ပယ်တွေမှာပါ ထူးချွန်ကြတဲ့နာမည်ကျော် ဆယ်လီများ

တွမ်ခရု၊ The Rock၊ အမ်မာဝက်ဆန်၊ ဘရစ်တနေစပီးယား အစရှိတဲ့ကမ္ဘာကျော်ဆယ်လီတွေဟာပရိသတ်တွေနဲ့ အထွေထူးမိတ်ဆက်ဖို့မလိုလောက်အောင်ကို သူတို့ရဲ့ အောင်မြင်ကျော်ကြားမှုပုံရိပ်ကကြီးမားလှပါတယ်။ တစ်ကယ်တော့ သူတို့တွေဟာ အနုပညာနယ်ပယ်တစ်ခုတည်းမှာမဟုတ်ဘဲ အခြားနယ်ပယ်တွေမှာလည်း ပါရမီထူးချွန်တဲ့သူတွေဖြစ်ပါတယ်။ ဘယ်သူတွေက ဘယ်လိုနယ်ပယ်တွေမှာထူးချွန်တဲ့သူတွေဖြစ်နေမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်…. shwekhitonlinetv.com ၁။ Emma Watson – Field Hockey ဟယ်ရီပေါ်တာမင်းသမီးလေး အမ်မာဝက်ဆန် (Emma Watson) ကတော့ပရိသတ်တွေနဲ့ရင်းနှီးပြီးသား နာမည်ကျော်ဆယ်လီတစ်ဦး ဖြစ်မယ်ထင်ပါတယ်။ သူမဟာရုပ်ရှင်သရုပ်ဆောင်ရာမှာထူးချွန်သလို မြက်ခင်းပြင်ဟော်ကီအားကစားနည်းမှာလည်း ကျွမ်းကျင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ Dwayne […]

Knowledge

အပြင်မှာ တစ်ကယ်ဖြစ်ပွားခဲ့တဲ့ ကြောက်မက်ဖွယ်ရာ လူလုပ်အမှားများ

လူမှန်ရင်အမှားနဲ့မကင်းဘူးဆိုတဲ့ ဆိုရိုစကားလိုပဲ လောကကြီးမှာလူတိုင်းအနည်းဆုံး တစ်ကြိမ်တစ်ခါတော့ အမှားအယွင်းလုပ်မိကြပါတယ်။ နောက်ပြီးတစ်ချို့အမှားတွေဟာ ဘဝအတွက်အကောင်းဆုံးသင်ခန်းစာတွေလည်း ဖြစ်နေတက်တာကြောင့် တော်တန်ရုံအမှားမျိုးကို လူတိုင်းကနားလည်ပေးတတ်ကြပါတယ်။ shwekhitonlinetv.com ဒါပေမယ့် လူ့အသက်ပေါင်းများစွာဆုံးရှုံးစေတဲ့ အမှားမျိုးတွေ ပြန်လည်ပြုပြင်ဖို့အတွက် ဒေါ်လာဘီလီယံနဲ့ချီပြီးကုန်ကျမယ့် အမှားမျိုးတွေကြတော့ နားလည်ပေးနိုင်ဖို့ရာ အတော်လေးခက်ခဲလှပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ လူလုပ်အမှားတွေကြောင့်ဆိုးဆိုးရွားရွား အခြေအနေမျိုးကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာတစ်လွှားက အဖြစ်အပျက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ မကွဲနိုင်ဘူးလို့ အာမခံထားတဲ့မှန်များ တရုတ်နိုင်ငံက မှန်တံတားတွေ (Glass Bridges) ကတော့ပရိသတ်တွေလည်းမြင်ဖူးတွေ့ဖူးပြီးသားဖြစ်ကြမှာပါ။ လုံးဝမကွဲနိုင်တဲ့ မှန်အကြည်တွေကိုအသုံးပြုပြီးသည်းထိတ်ရင်ဖိုဖွယ်ဖြစ်အောင်တောင်တန်းတွေကိုသွယ်တန်း […]

Knowledge

လူသားတွေက ကမ္ဘာကြီးကို ဆိုးဆိုးရွားရွား ဖျက်ဆီးနေကြောင်း သက်သေပြနေတဲ့ ဓာတ်ပုံများ

ကမ္ဘာပေါ်မှာမှီတင်းနေထိုင်တဲ့ လူဦးရေဟာ တစ်နေ့တစ်ခြား များပြားလာတာနဲ့အမျှ ကမ္ဘာကြီးဟာလည်း တစ်ဖြည်းဖြည်းယိုယွင်းပျက်စီးလို့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုများပြားလာတဲ့ လူတွေဆီကနေ ထွက်ရှိလာတဲ့ အဆိပ်အတောက်စွန့်ပစ်ပစ္စည်းတွေကလည်း အဆမတန်များပြားလာလို့ပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ သဘာဝတရားကြီးကို လူသားတွေအနေနဲ့ ဆိုးဆိုးရွားရွား ဖျက်ဆီးမိနေပြီဆိုတာကို မီးမောင်းထိုးသက်သေပြနေတဲ့ ဓာတ်ပုံတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ဒီပုံကတော့မြင်တွေ့တဲ့သူတွေကို အထိတ်တလန့်ဖြစ်စေမှာ အသေအချာပါပဲ။ ဘာသတ္တဝါမှန်းတောင် ခန့်မှန်းလို့ မရအောင်ဖြစ်နေတဲ့ သနားစရာငှက်တစ်ကောင်ဖြစ်ပါတယ်။ ပင်လယ်အတွင်း ဆီယိုဖိတ်မှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ရပ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ ကမ္ဘာ့အံ့ဖွယ်တွေထဲက တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံက […]

Amazing

ပြည့်တန်ဆာ ပညာရပ်တွေကို တရားဝင် သင်ကြားပေးနေတဲ့ကျောင်း

ဒီနေ့ခေတ်မှာ သင်တန်းဆင်းလက်မှတ် (သို့မဟုတ်) ဘွဲ့ရပြီးရင် အလုပ်အကိုင်ရရှိဖို့ အာမခံတဲ့သင်တန်းတွေက အများအပြားရှိနေပါတယ်။ ဒါပေမယ့်အခုတစ်ခေါက်ဖော်ပြပေးမယ့် အကြောင်းအရာလေးမှာပါဝင်မယ့် သင်တန်းကျောင်းကတော့ အားလုံးအတွက် အထူးအဆန်းဖြစ်နေမှာသေချာပါတယ်။ ဘာလို့လည်းဆိုတော့ ဒီသင်တန်းကျောင်းက ကျွမ်းကျင်တဲ့ ပြည့်တန်ဆာတွေဖြစ်အောင် သင်ကြားပေးနေတဲ့ သင်တန်းဖြစ်နေတာကြောင့်ပါပဲ။ shwekhitonlinetv.com ဒါက ဟာသတစ်ခုမဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ်ပြည့်တန်ဆာတစ်ဦးဖြစ်အောင် တရားဝင်လေ့ကျင့်သင်ကြားပေးနေတဲ့ ကျောင်းတစ်ခုအပြင်မှာတစ်ကယ်ရှိနေပါတယ်။ ဒီကျောင်းက စပိန်နိုင်ငံ ဗလင်စီယာမြို့မှာတည်ရှိပြီး Trabajo Ya! လို့အမည်ရပါတယ်။ ကျောင်းသားတစ်ဦးအနေနဲ့ သင်တန်းကြေးအဖြစ် ယူရို (၁၀၀) ပေးသွင်းပြီး ဒီကျောင်းမှာ […]