ဓာတုရထားတိမ်းမှောက်မှုကြောင့် စိုးရိမ်စရာအခြေအနေသို့ရောက်ရှိပြီး ဒေသခံတွေအိမ်မပြန်ရဲတဲ့အဖြစ်
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၃) ရက်နေ့က အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်မှာ အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေတင်ဆောင်လာတဲ့ ရထားတိမ်းမှောက်ခဲ့တာဟာ အခုဆိုရင် (၂) ပတ်ကျော်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့်အဲ့ဒီအနီးဝန်းကျင်မှာနေထိုင်ကြတဲ့ ဒေသခံတွေကတော့ ယနေ့အထိတိုင်မိမိအိမ်ကို မပြန်ရဲသေးကြပါဘူး။ shwekhitonlinetv.com နောက်ဆုံးရရှိတဲ့သတင်းတွေအရဆိုရင် အဲ့ဒီရထားတိမ်းမှောက်မှုကြောင့်အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေဟာ လေထုထဲကိုပျံ့နှံ့ကုန်ပြီး ဆိုးရွားတဲ့နောက်ဆက်တွဲဖြစ်စဉ်တွေကို ဖြစ်ပေါ်စေခဲ့ကာ အနီးနားပတ်ဝန်းကျင်တစ်ခုလုံးကို စိုးရိမ်စရာအခြေအနေသို့ ရောက်ရှိစေခဲ့ပြီလို့သိရပါတယ်။ shwekhitonlinetv.com ဒီရထားဟာ အတွဲပေါင်း (၁၅၀) အထိပါဝင်တယ်လို့ သိရပြီး အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေတင်ဆောင်ထားတဲ့ရထားတွဲ (၁၀) တွဲအပါအဝင် အတွဲပေါင်း (၅၀) […]