Fun

တကယ့်လက်တွေ့ဘဝနဲ့ ဆိုရှယ်မီဒီယာပေါ်က ဘဝနဲ့ အကွာကြီးကွာခြားပုံကို ပုံနဲ့တကွသက်သေပြခဲ့တဲ့ Influencer

တခါတလေမှာ ကျွန်တော်တို့တွေဟာ ဆိုရှယ်မီဒီယာပေါ်က ဓာတ်ပုံတွေကိုကြည့်ရှူရင်း ဓာတ်ပုံတွေဟာ အဆင်ပြေချောမွေ့လွန်းလှတယ်လို့ ထင်မိတတ်ကြပါတယ်။ ဒါပေမယ့်တကယ်တမ်းမှာတော့ ကောင်းမွန်ပြောင်မြောက်လွန်းတဲ့ ဓာတ်ပုံတွေရဲ့ နောက်ကွယ်မှာလည်း လူတွေမသိနိုင်တဲ့ အကြိမ်ကြိမ်အခါခါ မှားယွင်းတဲ့အဖြစ်အပျက်များစွာရှိလို့နေပါတယ်။ တကယ်တမ်းမှာတော့ လက်တွေ့ဘဝနဲ့ ဆိုရှယ်မီဒီယာပေါ်က ဘဝတွေဟာ ကွာခြားလွန်းလှပါတယ်။ ဒီလိုမျိုး ကောင်းမွန်လှတဲ့ ဓာတ်ပုံတွေကို ရရှိနိုင်ဖို့အတွက် နောက်ကွယ်မှာ အမှားယွင်းများစွာနဲ့ အကြိမ်ကြိမ်ကြိုးစားခဲ့ရတဲ့ပုံတွေကို Influencer တယောက်က အခုလိုပဲ ဖော်ပြခဲ့ပါတယ်။ shwekhitonlinetv.com ၁။ ရေကူးကန်မှာဘောကွင်းနဲ့ဇိမ်ကျနိုင်ဖို့ ရေကူးကန်ထဲက ဘောကွင်းထဲမှာ […]

Amazing

ကမ္ဘာပေါ်မှာရှိတဲ့ အထူးဆန်းဆုံးနဲ့ ပုံမှန်မဟုတ်တဲ့ ပြတိုက် ၁၀ မျိုး

ပြတိုက်တွေဟာ လူ့ယဥ်ကျေးမှု လူ့သမိုင်းနဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို ပြသနေလေ့ရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ပြတိုက်တိုင်းဟာတော့ သာမန်တွေ့ရိုးတွေ့စဥ် အကြောင်းအရာတွေကို တင်ဆက်ပြသနေတာ မဟုတ်ကြပါဘူး။ တချို့ပြတိုက်တွေဟာ ထူးဆန်းပြီး ပုံမှန်တင်ဆက်နေကြမဟုတ်တဲ့ အကြောင်းအရာတွေကို ပြသလေ့ရှိကြပါတယ်။ ဒါ့ကြောင့် ထူးထူးဆန်းဆန်းကြိုက်နှစ်သက်တတ်ကြတဲ့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကမ္ဘာပေါ်မှာရှိတဲ့ ထူးဆန်းတဲ့ပြတိုက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ ရေပိုက်ခေါင်းပြတိုက် ( တရုတ်နိုင်ငံ ၊ ပေကျင်းမြို့ ) ပေကျင်းမြို့လည်ခေါင်မှာရှိတဲ့ ယခင်က ရေပိုက်ခေါင်းအိမ်ကို […]

Knowledge

တစ်နေ့ကိုနှစ်ကြိမ်နဲ့ အထက်ရေချိုးခြင်းဟာ ဘယ်လို ဆိုးကျိုးသက်ရောက်မှုတွေရှိမလဲ

လေ့လာတွေ့ရှိချက်တွေအရတော့ တစ်နေ့ကိုနှစ်ကြိမ်နဲ့ အထက်ရေချိုးခြင်းဟာ သင့်အတွက်ကောင်းကျိုးထက် ဆိုးကျိုးကိုပိုများစေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ မကြာခဏရေချိုးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ကျန်းမာရေးဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ အသားအရေပျက်စီးနိုင်ခြင်း ပုံမှန်ရေမချိုးခြင်းဟာ နှစ်သက်စရာမကောင်းပေမယ့် မကြာခဏရေချိုးခြင်းကတော့ ကောင်းကျိုးထက် ဆိုးကျိုးပိုများပါတယ်။ ရေချိုးဂျယ် (Shower Gel)၊ ဆပ်ပြာနဲ့ ရေနွေးတွေဟာအရေပြားပေါ်က ကျန်းမာတဲ့ဘက်တီးရီးယားတွေနဲ့ မရှိမဖြစ်လိုအပ်တဲ့အဆီတွေကို ဖယ်ရှားပစ်ပါတယ်။ ဒီအဆီတွေဟာ သင့်အသားအရေကို ကြာရှည်နုပျိုတောက်ပနေစေအောင်ကူညီပေးနိုင်စွမ်းရှိပါတယ်။ အရေပြားဆရာဝန်တွေကတော့ အသားအရေအလွန်ခြောက်သွေ့မှုနဲ့ အရေပြားယားယံမှုတွေကနေ ကာကွယ်ဖို့အတွက် တစ်ပတ်ကို (၂) […]

Entertainment

နာမည်ကြီး လူကြိုက်များတဲ့ ဇာတ်ကားတွေ နောက်ကွယ်မှာ အသုံးပြုခဲ့ ကြတဲ့ CGI နည်းပညာ

CGI နည်းပညာ ဒီနေ့ခေတ်ရုပ်ရှင်လောကမှာမရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုသဖွယ်ဖြစ်လာနေပါပြီ။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ နာမည်ကျော်လူကြိုက်များပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ချို့ရဲ့ နောက်ကွယ်က CGI အသုံးပြုပြီး အံ့အားသင့်ဖွယ်ဖန်တီးထားတဲ့ ဇာတ်ဝင်ခန်းတစ်ချို့ကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ Alice in Wonderland (2010) ၂။ Game of Thrones (2011) ၃။ The Matrix (1999) ၄။ The Jungle Book (2016) ၅။ War […]

World Top

လူ့သက်တမ်းအတိုဆုံး ကမ္ဘာ့နိုင်ငံ (၁၀) နိုင်ငံ

လူရယ်လို့ဖြစ်လာပြီဆိုရင် ဘဝမှာသက်တမ်းစေ့နေထိုင်နိုင်ဖို့ဆိုတာ အစားအစာ၊ ပတ်ဝန်းကျင်အခြေအနေ၊ နေထိုင်မှုစနစ် နဲ့ အခြားမျှော်လင့်မထားတဲ့ ကိစ္စရပ်တွေများစွာပေါ်မှာ မူတည်ပါတယ်။ ဒီနေ့မှာတော့ စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ လူ့ဘဝသက်တမ်းအတိုတောင်းဆုံး ရှင်သန်နေထိုင်ရတဲ့ နိုင်ငံ (၁၀) နိုင်ငံအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁၀။ အီကွေတိုရီယယ်ဂီနီယာ (Equatorial Guinea) အီကွေတိုရီယယ်ဂီနီယာကတော့ ၁၉၆၈ ခုနှစ်ကမှလွတ်လပ်ရေးရခဲ့တဲ့ အာဖရိကတိုက်အနောက်ပိုင်းက နိုင်ငံငယ်လေးဖြစ်ပါတယ်။ လူဦးရေ (၁.၆) သန်းကျော်နေထိုင်တဲ့ အီကွေတိုရီယယ်ဂီနီယာနိုင်ငံဟာ အခြားအာဖရိကနိုင်ငံအတော်များများထက်စာရင်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် လူနေမှုစနစ်တိုးတက်ဖို့လိုအပ်ချက်တွေရှိနေတာကြောင့် […]

News

Gym ခန်းမ၊ ရေကူးကန်၊ ဈေးဝယ်စင်တာတွေပါဝင်တဲ့ နျူကလီးယားစွမ်းအင်အသုံးပြု ဧရာမ ဇိမ်ခံလေယာဉ်ကြီး

ခရီးသည် (၃၀၀၀) ကျော်တင်ဆောင်နိုင်တဲ့ တိုက်တန်းနစ်သင်္ဘောထက် ပိုကြီးတဲ့အရာတစ်ခုကိုလေပေါ်မှာ ကာလအတန်ကြာပျံသန်းနေနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒါပေမယ့် ဒီမဖြစ်နိုင်တဲ့ကိစ္စကို အနာဂတ်ကာလမှာလက်တွေ့အကောင်အထည့်ဖော်ဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။ shwekhitonlinetv.com ဒီ ပရောဂျက်ကိုချပြခဲ့တဲ့သူကတော့ ဂျာမနီနိုင်ငံ Jacobs University Bremen က ယီမင်နိုင်ငံသား မော်လီကျူးဇီဝပညာရှင် Hashem Al-Ghaili ဖြစ်ပါတယ်။ အသက် (၃၂) နှစ်အရွယ်သာရှိသေးတဲ့ Hashem Al-Ghaili ဟာ သူ့ရဲ့စီမံကိန်းကို CGI ဗီဒီယိုနဲ့ အသေးစိတ်ဖော်ပြပြီး Youtube […]

Amazing

လူတိုင်းအံ့သြမှင်သက်သွားစေလောက်တဲ့ ကမ္ဘာတလွှားရှိ အလှပဆုံးသော ဂူသင်္ချိုင်းများ

သင်္ချိုင်းဆိုတာဟာ လူတို့ရဲ့ နောက်ဆုံးနားခိုရာနေရာများဖြစ်ပြီး တနည်းအားဖြင့်ဆိုရရင် မနှစ်မြို့စရာနေရာများအဖြစ် အားလုံးကသတ်မှတ်ထားကြပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာတလွှားမှာရှိတဲ့ တချို့နိုင်ငံတွေမှာတော့ မနှစ်မြို့စရာအဖြစ် လူတို့သတ်မှတ်ထားတဲ့ နေရာတွေကို အလှပဆုံးနေရာများအဖြစ် ပြုပြင်ဖန်တီးခဲ့ကြပါတယ်။ အဲ့ဒီလို လှပလွန်းတဲ့ ကမ္ဘာတလွှားက ဂူသင်္ချိုင်းတွေအကြောင်းကို ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ ROME, ITALY ၁၈ ရာစုနှစ်အတွင်းမှာ ပုပ်ရဟန်းမင်းကြီးက Roman-era ပိရမစ်ကြီးရဲ့ဘေးကွင်းပြင်မှာ သင်္ချိုင်းတခုကို တည်ဆောက်စေခဲ့ပါတယ်။ အဆိုပါသင်္ချိုင်းဟာ ကက်သလစ်ဘာသာဝင်မဟုတ်တဲ့ နိုင်ငံခြားသားတွေကို မြှုပ်နှံသဂြိုလ်ဖို့အတွက် […]

Entertainment

ကမ္ဘာကျော်ဆယ်လီတွေနဲ့ သူတို့ရရှိခဲ့တဲ့ထူးခြားတဲ့ ဘွဲ့ဒီဂရီတွေအကြောင်း

အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာကျော်ဆယ်လီတွေနဲ့ သူတို့ရရှိခဲ့တဲ့ထူးခြားတဲ့ ဘွဲ့ဒီဂရီတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်သူက ဘယ်လိုမထင်မှတ်ထားလောက်တဲ့ ဘွဲ့တွေရထားသလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် … shwekhitonlinetv.com ၁။ အီဗာလောင်ဂိုးရီးယား အမေရိကန်သရုပ်ဆောင်မင်းသမီး အီဗာလောင်ဂိုးရီးယား (Eva Longria) ကတော့ထူးခြားတဲ့ ဘွဲ့ဒီဂရီကိုပိုင်ဆိုင်ထားသူပါ။ သူမရရှိထားတဲ့ဘွဲ့ဒီဂရီကတော့ လူ့ခန္ဓာကိုယ်လှုပ်ရှားမှုကိုသိပ္ပံနည်းကျလေ့လာတဲ့ Kinesiology ဘာသာရပ်ဖြစ်ပါတယ်။ ဒီဘာသာရပ်ဟာ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ရောဂါဗေဒ၊ အာရုံကြောဆိုင်ရာသဘောတရားများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းလှုပ်ရှားမှုများ စတာတွေနဲ့ဆက်နွယ်နေပြီး ရှုပ်ထွေးခက်ခဲတဲ့ဘာသာရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ shwekhitonlinetv.com ၂။ နစ်ကန်နွန် အမေရိကန်ရက်ပါနှင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နစ်ကန်နွန် […]

Amazing

ဖိုတိုရှော့နဲ့ ပြုပြင်ထားခြင်း လုံးဝ မရှိတဲ့ အစစ်အမှန် ဓာတ်ပုံများ

ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကိုဖော်ပြပေးချင်တာကတော့ အံ့အားသင့်ဖွယ်ရာကောင်းလွန်းတဲ့ ဓာတ်ပုံလေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီ ဓာတ်ပုံတွေဟာ Photoshop နဲ့ပြုပြင်ထားခြင်းမရှိတဲ့ မူရင်းပုံတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ သြစတြေးလျအနုပညာရှင်ကြီး Ron Mueck ရဲ့ ထူးခြားအံ့သြဖွယ် အနုပညာလက်ရာတစ်ခု။ (သူဟာမနုဿတွေရဲ့ ပုံစံတူတွေကို တစ်ကယ့်အစစ်နဲ့ခွဲခြားမရအောင် ဖန်တီးတဲ့နေရာမှာတော့ သူမတူအောင်ထူးချွန်တဲ့သူဖြစ်ပါတယ်) shwekhitonlinetv.com ၂။ ဒါကမုန်တိုင်းမိပြီးသောင်တင်နေတဲ့သင်္ဘောကြီးမဟုတ်ပါဘူးနော်။ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ကမ္ဘာ့ပထမဆုံးမြေပေါ် သင်္ဘောဟိုတယ်ကြီးဖြစ်ပါတယ်။ shwekhitonlinetv.com ၃။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ထိတာတော့ကြားဖူးတယ်။ ငါးမျှားချိတ်တစ်ခု ငါးနှစ်ကောင်မိတာကတော့အခုမှပဲတွေ့ဖူးတော့တယ်။ shwekhitonlinetv.com ၄။ ဗြိတိန် အနုပညာရှင် Benedict Redcliffe […]

Fun

ဘယ်လိုစိတ်ကူးမျိုးနဲ့ လုပ်ထားမှန်း နားလည်နိုင်မှာ မဟုတ်တဲ့ ဖန်တီးမှုများ

ဒီတစ်ခေါက်မှာတော့ မိမိတို့ရဲ့ကိုယ်ပိုင်စိတ်ကူးကို တစ်ကယ့်အပြင်မှာလက်တွေ့အကောင်အထည် ဖော်ဖို့ သတ္တိရှိတဲ့ လူတစ်ချို့အကြောင်းဖော်ပြမှာဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် …… shwekhitonlinetv.com ၁။ ဒီကားကို တီထွင်ဖန်တီးခဲ့တဲ့သူကတော့ double-side ကားလို့အမည်ပေးထားပါတယ်။ ပုံကြည့်ပြီး ကားရဲ့နာမည်ကို ဘယ်လိုမြန်မာမှုပြုရမလဲတောင် မသိတော့ပါဘူး။ ( စလာကတည်းက ခေါင်းစားပြီ ) shwekhitonlinetv.com ၂။ ဒါကတော့ ဝန်ထမ်းတွေရဲ့နားနေခန်းပါ။ ဘယ်လိုစိတ်ကူးနဲ့ အခုလိုဖန်တီးပေးထားသလဲဆိုတာတော့ စဉ်းစားလို့ကိုမရပါဘူး။ shwekhitonlinetv.com ၃။ ဒါကတော့ မင်္ဂလာပွဲတစ်ခုက မင်္ဂလာကိတ်မုန့်ရဲ့ ဒီဇိုင်းပါတဲ့။ ဒီ မင်္ဂလာမောင်နှံမှာ ဒီကိတ်မုန့်ဒီဇိုင်းလိုမျိုး […]