Knowledge

မကြာမီ ကမ္ဘာ့မြေပုံပေါ်ကနေ ပျောက်ကွယ်သွားတော့မယ့် အလှပဆုံးနေရာဒေသများ

လောကမှာ ဘယ်အရာမှတည်မြဲခြင်းမရှိဘူးဆိုတဲ့ သင်္ခါရသဘောတရားကို ရွှေခေတ်ပရိသတ်တွေအနေနဲ့ လက်ခံထားမယ်လို့ ယုံကြည်ပါတယ်။ စင်္ကဝြဠာ ကြီးတောင်အချိန်တန်ရင်ပျက်စီးသွားမှာဖြစ်လို့ ကမ္ဘာပေါ်မှာရှိတဲ့ အရာတွေဆိုရင်တော့ ဘယ်လောက်ပဲတည်တံ့ခိုင်မြဲပါတယ်လို့ဆိုဆို တစ်ချိန်ချိန်မှာတော့ ကျိန်းသေပေါက်ပျက်စီးပျောက်ကွယ်သွားမှာ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ လှပသာယာပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တဲ့ နေရာတွေအဖြစ်ကနေ ကမ္ဘာမြေပုံပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားတော့မယ့် နေရာဒေသတွေအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ Venice, Italy အီတလီနိုင်ငံမြောက်ပိုင်းက ဗင်းနစ်မြို့ဟာဆိုရင် လှပပြီး ရိုမန်တစ်ဆန်တဲ့ နေချင်စဖွယ်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ တူးမြောင်းတွေတံတားတွေနဲ့ ကျွန်းငယ်လေးတွေကိုဆက်သွယ်ထားတဲ့ […]

Paranormal

အပြင်မှာတစ်ကယ်ရှိနေတယ်လို့ ယုံကြည်ရတဲ့ သတ္တဝါများနှင့် သဘာဝလွန်အဖြစ်အပျက်များ

သရဲ၊ တစ္ဆေနဲ့ ဝိညာဉ်တွေဆိုတာ လောကမှာတကယ်ရှိတယ်လို့ ယုံကြည်ကြပါသလား ? နောက်ပြီး သာမန်ထက်ထူးခြားတဲ့ လူ့ဘီလူးကြီးတွေ ကြောက်မက်ဖွယ်ရာ အမျိုးအမည်မသိ သတ္တဝါကြီးတွေကော အပြင်လောကမှာ တစ်ကယ်ရှိတယ်လို့ ထင်ပါသလား ? အခုဖော်ပြပေးမယ့် အကြောင်းအရာလေးတွေကို ဖတ်ရှုပြီးထင်မြင်ချက်လေးတွေကို ကွန်းမန့်မှာဖော်ပြပေးခဲ့ကြပါဦးနော် ….. shwekhitonlinetv.com ၁။ Alaska – The Bushman Alaskan Bushman (သို့) Big Foot လို့ခေါ်ကြတဲ့ ဒီသတ္တဝါကြီးကတော့ တောနစ် (Tornits) […]

Fun

မြင်သမျှလူတိုင်းကို အရိုးထဲထိ စိမ့်အေးသွားစေနိုင်မယ့် ဆောင်းရာသီဓာတ်ပုံများ

ပူပြင်းလှတဲ့ နွေရာသီကို ကြုံတွေ့ရပြီးမှာတော့ လူတော်တော်များများဟာ အေးချမ်းလွန်းလှတဲ့ ဆောင်းရာသီကို မျှော်လေ့ရှိကြပါတယ်။ ကော်ဖီပူပူလေးနဲ့ စောင်ပုံထဲမှာကွေးပြီး ဆောင်းရာသီကို ကြုံတွေ့ချင်ကြတာ လူတိုင်းရဲ့ စိတ်ကူးလေးဖြစ်မယ်ထင်ပါတယ် ။ ဒါပေမယ့်လည်း အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေထဲကလိုတော့ အေးခဲလွန်းလှတဲ့ ဆောင်းရာသီကို ဘယ်သူမှလိုချင်ကြမှာ မဟုတ်လောက်ပါဘူးနော်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အေးခဲကြမ်းတမ်းလွန်းလှတဲ့ ဆောင်းရာသီကာလတွေကို အံတုခဲ့ကြသူတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com ၁။ နှင်းတောထဲမှာတောင် အားပေးမပြတ်တဲ့ ပရိတ်သတ် နှင်းကျနေတဲ့ အချိန်ကာလမှာတောင် အားကစားပွဲဟာ […]

News

နှင်းမုန်တိုင်းတွေနဲ့အတူ အေးခဲသွားခဲ့တဲ့ နာမည်ကျော် နိုင်ရာဂရာရေတံခွန်ကြီး

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အမေရိကန်နှင့် ကနေဒါတို့မှာ ဆောင်းတွင်းမုန်တိုင်းကြီးတွေ တိုက်ခတ်ပြီးတဲ့နောက်မှာတော့ အမေရိကန်-ကနေဒါ နယ်စပ်မှာရှိတဲ့ နာမည်ကျော် နိုင်အာဂရာရေတံခွန်ကြီးဟာ ခြေရင်းနေထိပ်ဖျားအထိ အေးခဲပြီး ရေခဲဖြစ်သွားခဲ့ပါတယ်။ shwekhitonlinetv.com ဒါပေမဲ့ ဒီမြင်ကွင်းဟာအထူးအဆန်းမြင်ကွင်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒီရေတံခွန်ကြီးဟာ အပူချိန်အလွန်ကျဆင်းတဲ့ ဆောင်းရာသီကာလတွေမှာ မကြာခဏဆိုသလို ရေခဲရေတံခွန်ကြီး ဖြစ်သွားတက်တဲ့ သမိုင်းကြောင်းတွေအဖြစ်အပျက်တွေရှိနေပါတယ်။ shwekhitonlinetv.com လတ်တလေတိုက်ခတ်သွားတဲ့ နှင်းမုန်တိုင်းကြောင့် မြောက်အမေရိကတစ်ဝှမ်းမှာတော့ အကြီးအကျယ် အနှောင့်အယှက်ဖြစ်ပေါ်စေခဲ့ပြီး နယူးယောက်ပြည်နယ်တစ်ခုတည်းမှာတင်ပဲ လူ (၃၉) ဦး ေ-သဆုံးခဲ့ရတယ်လို့ သိရပါတယ်။ သေဆုံးမှုအများစုကတော့ […]

Knowledge

ထူးဆန်းပြီးစိတ်ဝင်စားစရာကောင်းလှပေမယ့် ယနေ့ခေတ်မှာတော့ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ရှေးဟောင်းဖန်တီးမှုများ

ဒီတခေါက်ဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းလှတဲ့ ရှေးဟောင်းတီထွင်ဖန်တီးမှုတွေအကြောင်းကို ပြသနေတာပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းကို ပြန်လည်ပြောပြနိုင်စွမ်းရှိတဲ့ ဓာတ်ပုံတွေကို တွေ့ရတာဟာ တကယ်ကို စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဘာ့ကြောင့်လဲဆိုတဲ့ အဆိုပါဓာတ်ပုံတွေသာ မရှိခဲ့ရင် ဒီလိုထူးဆန်းတဲ့ တီထွင်ဖန်တီးမှုတွေဟာ အတိတ်တချိန်တုန်းက ရှိခဲ့လားဆိုတာကို သက်သေပြနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ပရိတ်သတ်ကြီးအတွက် ၁၉၂၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်များဆီက ထူးဆန်းတဲ့ တီထွင််ဖန်တီးမှုတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ သစ်သားစည်ပိုင်းရေကူးဝတ်စုံများ ၁၉၂၉ […]

Fun

ကျိုတိုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ထူးထူးဆန်းဆန်းဝတ်စုံတွေနဲ့ တက်ရောက်ခဲ့ကြတဲ့ ကျောင်းသားများရဲ့ ဟာသဓာတ်ပုံများ

တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားဆိုတာ ကျောင်းသားတိုင်းအတွက်တော့ ဘဝတစ်ဆစ်ချိုးမှာ အမြဲအမှတ်ရနေစေမယ့် အမှတ်တရပွဲတခုပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နာမည်အကြီးဆုံးတက္ကသိုလ်တွေထဲက တခုဖြစ်တဲ့ ကျိုတိုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကတော့ ဘယ်လိုတက္ကသိုလ်နဲ့မှ မတူညီစွာ ထူးခြားဆန်းပြားလျက်ရှိပါတယ်။ ကျိုတိုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကျောင်းသားကျောင်းသူတိုင်းဟာ သူတို့ရဲ့ စိတ်ကူးဥာဏ်ကွန့်မြူးပြီး ဖန်တီးချုပ်လုပ်ထားတဲ့ ဝတ်စုံတွေနဲ့ ပွဲတက်နိုင်ကြပါတယ်။ ထိုအခမ်းအနားမှာတော့ ကျောင်းသားကျောင်းသူများသာမက များပြားလှတဲ့ ဓာတ်ပုံဆရာများနဲ့ သတင်းထောက်များပါ တက်ရောက်လေ့ရှိကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကျိုတိုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ထူးဆန်းလှတဲ့ ဝတ်စုံများနဲ့ ဘွဲ့တက်ယူခဲ့ကြတဲ့ […]

Knowledge

တစ်သက်နဲ့တစ်ကိုယ် အပြင်မှာမြင်တွေ့ရဖို့မဖြစ်နိုင်လောက်တဲ့ ရှားပါးမျိုးဗီဇပိုင်ရှင်များ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေအတွက် အလွန်တရာရှားပါးပြီး မြင်တွေ့ရခဲတဲ့ မျိုးဗီဇချို့ယွင်းမှု တချို့အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေဟာ အတော်လေးကိုဖြစ်ခဲတာကြောင့်မို့လို့ လူအယောက် (၁) သန်းမှာတစ်ယောက်တောင်မှ မြင်တွေ့ရဖို့မဖြစ်နိုင်ပါဘူး။ ဘယ်လိုမျိုး မျိုးဗီဇချို့ယွင်းမှုတွေများ ဖြစ်မလဲဆိုတာဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com ၁။ Hutchinson-Gilford Syndrome – Rapidly Aging Children လူအတော်များများကတော့ အချိန်မတိုင်ခင်မှာ အိုမင်းရင့်ရော်လာတာမျိုးကိုကြောက်ရွံ့ကြပါတယ်။ ဒါကြောင့် အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်တွေကိုနှေးကွေးအောင် တက်စွမ်းသလောက်ပြုလုပ်လေ့ရှိကြပါတယ်။ ဒီကလေးလေးကတော့ Hutchinson-Gilford Syndrome ကြောင့် အသက် (၁) […]

News

ခရီးသည်တင်လျှပ်စစ်လေယာဉ်ပျံများ ၂၀၂၈ ခုနှစ်တွင်စတင်ပျံသန်းပြေးဆွဲမည်

လေယာဉ်ပျံတွေကနေထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏဟာများပြားလှပြီး ကမ္ဘာ့လေထုကိုညစ်ညမ်းပျက်စီးစေပါတယ်။ ဒီအတွက် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုမရှိတဲ့ လျှပ်စစ်လေယာဉ်ပျံတွေကို နည်းပညာကုမ္ပဏီကြီးတွေအနဲ့ အပြိုင်အဆိုင်စမ်းသပ်ထုတ်လုပ်လာကြပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com အင်တာနက်သတင်းတွေမှာတော့ အသေးစားလျှပ်စစ်လေယာဉ်တွေကိုအောင်မြင်စွာ တီထွင်ဖန်တီးထုတ်လုပ် နိုင်တဲ့သတင်းတွေဟာ အခုနောက်ပိုင်းမှာအတွေ့ရများလာပါတယ်။ ဒါပေမဲ့ ခရီးသည်အမြောက်အမြားကိုသယ်ဆောင်ပြီး အချိန်ကြာမြင့်စွာ မောင်းနှင်နိုင်မယ့် ခရီးသည်တင်အကြီးစားလျှပ်စစ်လေယာဉ်ပျံတွေထုတ်လုပ်နိုင်ခြင်းတော့ မရှိသေးပါဘူး။ shwekhitonlinetv.com အခုအခါမှာတော့ ဆွီဒင်အခြေစိုက် Heart Aerospace ကုမ္ပဏီက ခရီးသည်အယောက် (၃၀) တင်ဆောင်ပျံသန်းနိုင်မယ့် လျှပ်စစ်လေယာဉ်ပျံစီမံကိန်းကို စမ်းသပ်အကောင်အထည်ဖော်ရာမှာ အောင်မြင်မှုရရှိခဲ့တယ်လို့ သိရပြီး လာမယ့် ၂၀၂၈ […]

News

ရေလွှာလျောစီးသူရဲ့ဘေးက ထူးဆန်းတဲ့အရာကြောင့် အွန်လိုင်းမှာအထိတ်တလန့်ဖြစ်ခဲ့ရတဲ့ Video ဖိုင်

ပြီးခဲ့တဲ့ လအနည်းငယ်ကတော့ Iпstagram မှာတင်ခဲ့တဲ့ Footage Video တစ်ခုဟာ အတော်လေးကိုလူပြောများခဲ့ပါတယ်။ ဒီ Video ထဲမှာပါတဲ့ ထူးထူးဆန်းဆန်း ပုံသဏ္ဍာန်တစ်ခုကြောင့်လည်း အွန်လိုင်းပေါ်ကကြည့်ရှုသူတွေအနေနဲ့ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်။ shwekhitonlinetv.com ပုံမှာပြထားတာကတော့ ဒီ Video ရဲ့တစ်စိတ်တပိုင်းဖြစ်ပြီး အမေရိကန်နိုင်ငံ ကယ်ဖိုးနီးယားပြည်နယ်က ဆန်ဒီယေဂို ကမ်းခြေမှာ Ryland Rubens ဆိုတဲ့သူတစ်ယောက် လှိုင်းစီးနေတဲ့ပုံဖြစ်ပါတယ်။ သူ့အနေနဲ့ Regioпal Wave Of The Wiпter ပြိုင်ပွဲဝင်ခွင့်အတွက် ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com […]

News

ဘရာဇီးလ်မြစ်အတွင်း ဧရာမအန်နာကွန်ဒါမြွေကြီးနဲ့ ပက်ပင်းတိုးခဲ့တဲ့ ရေငုပ်သမားနှစ်ဦး

ဒီအဖြစ်အပျက်ကတော့ ဘရာဇီးလ်နိုင်ငံ ဖော်မော်ဆို (Formoso) မြစ်ထဲမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ပါ။ Bartolomeo Bove နဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ Juca Ygarape တို့ဟာ ကမ္ဘာပေါ်မှာအကြီးဆုံးမြွေမျိုးစိတ်ဖြစ်တဲ့ အစိမ်းရောင် အန်နာကွန်ဒါ (Green Anaconda) မြွေကြီးတစ်ကောင်နဲ့ အလွန်နီးကပ်တဲ့အနေအထားတစ်ခုမှာ ပက်ပင်းတိုးခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com “ကျွန်တော်တို့မြင်တွေခဲ့ရတဲ့အရာဟာအတော်လေးကို မယုံကြည်နိုင်စရာပါပဲ။ အဲ့ဒီအခိုက်အတန့်မှာ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်အတော်လေးကို ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒါဟာကျွန်တော်တို့ရဲ့ အိပ်မက်တစ်ခုပါပဲလို့” Bove ကဆိုပါတယ်။ shwekhitonlinetv.com ပရော်ဖက်ရှင်နယ် ရေငုပ်သမားနှင့် အဏ္ဏဝါဗီဒီယိုရိုက်ကူးသူတစ်ဦးဖြစ်တဲ့ Bove ဟာ […]