၂၀၅၀ မှာ အာကာသဓာတ်လှေကားတည်ဆောက်ဖို့စီစဉ်နေပြီဖြစ်တဲ့ ဂျပန်ကုမ္ပဏီ
ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက်ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Obayashi ဟာ လာမယ့် ၂၀၅၀ ခုနှစ်မှာ အာကာသနဲ့ဆက်သွယ်နိုင်မယ့် ဓာတ်လှေကားကိုတည်ဆောက်ဖို့အတွက် အစီအစဉ်ဆွဲနေပြီဖြစ်ကြောင်းသိရပါတယ်။shwekhitonlinetv.com ဒီဓာတ်လှေကားကတစ်ဆင့် ကမ္ဘာမြေကနေ အာကာသထဲက၎င်းတို့လွှတ်တင်ထားမယ့် အာကာသစခန်းကို အာကာသယာဉ်မလိုဘဲသွားရောက်နိုင်မှာဖြစ်ပါတယ်။ အာကသယာဉ်မှုးတွေအတွက်လည်း အာကာသထဲကအခြားနေရာတွေကိုသွားရောက်ဖို့အတွက် အဲ့ဒီစခန်းကို ဆိပ်ကမ်းသဘောမျိုး တည်ဆောက်ထားမှာလည်းဖြစ်ပါတယ်။shwekhitonlinetv.com ဒီအာကသစခန်းနဲ့ ဆက်သွယ်ထားတဲ့ဓာတ်လှေကားမှာတော့ Carbon Nanotube Pulley နည်းပညာကို အသုံးပြုပြီး အလွန်ခိုင်ခံ့တဲ့ Cable တွေကိုအသုံးပြုသွားမှာဖြစ်တယ်လို့သိရပြီး တစ်ကြိမ်ကို လူအယောက် (၃၀) နည်းပါးတင်ဆောင်သွားနိုင်ဖို့ စီစဉ်ထားကြောင်းလည်းသိရပါတယ်။shwekhitonlinetv.com […]