Knowledge

ခြေတစ်လှမ်း လှမ်းတိုင်း မြေတစ်ကောင်တွေ့မယ့် မြွေပွေးတွေ နေထိုင်ရာ ကျွန်းကြီးအကြောင်း

ဘရာဇီးလ်ကမ်းရိုးတန်းကနေ မိုင် (၉၀) လောက်ကွာတဲ့နေရာမှာတော့ Ilha da Queimada Grande ဆိုတဲ့ကျွန်းတစ်ကျွန်းရှိပါတယ်။ ဒီကျွန်းဟာ ဧက (၁၆၀) ကျယ်ဝန်းပြီးတော့ ထောင်ပေါင်းများစွာသော ရောင်စုံ မြွေပွေးတွေအတွက် သီးသန့်ကျွန်းတစ်ကျွန်းဖြစ်တယ်လို့ဆိုရင်လည်း မမှားပါဘူး။  shwekhitonlinetv.com ဘရာဇီးလ်လူမျိုးတွေရ အဆိုအရတော့ ဒီကျွန်းပေါ်မှာခြေတစ်လှမ်းလှမ်းတိုင်း မြွေတစ်ကောင်ကိုတွေ့နိုင်တယ်လို့ အဆိုရှိပါတယ်။ နောက်ပြီးမျက်စိမှုန်သူတွေအတွက်တော့ ဒီကျွန်းပေါ်ကိုခြေမချသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ချို့မြွှေတွေရဲ့ အရောင်ဟာ ရေမြေတောတောင် အရောင်တွေနဲ့ ရောနှောနေတာကြောင့် အလွန်အန္တရာယ်များလို့ပဲဖြစ်ပါတယ်။  shwekhitonlinetv.com Columbia Daily Tribune […]

Amazing

အလွန်တရာမှ ရှားပါးပြီး သမိုင်းမှာ ထင်ကျန်ရစ်မယ့် စိတ်ဝင်စားစရာ ဓာတ်ပုံများ

သင်ဟာ သမိုင်းကြောင်းတွေကိုစိတ်ဝင်စားပြီးလေ့လာနေသူတစ်ယောက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေနဲ့နောက်ခံသမိုင်းကြောင်းတွေကို နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။ ဒီပုံတွေက သမိုင်းမှာအထင်ကရဖြစ်ခဲ့ပြီး အလွန်တရာမှလည်း ရှားပါးတဲ့ပုံတွေလို့ဆိုနိုင်ပါတယ်။ shwekhitonlinetv.com ၁။ Prisoners liberated at Buchenwald concentration camp ဂျာမနီနိုင်ငံ Weimar အနီးမှာရှိတဲ့ Buchenwald ချွေးတပ်စခန်းမှာ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေဖြစ်ပါတယ်။ ဒီအကျဉ်းသားတွေဟာ အမေရိကန် တပ်မ (၈၀) ကတပ်သားတွေလည်းဖြစ်ပါတယ်။ ဒီဓာတ်ပုံကို သူတို့တွေလွတ်မြောက်ပြီး (၅) ရက်အကြာ ၁၉၄၅ ခုနှစ် ဧပြီလ […]

World Top

ကမ္ဘာပေါ်မှာရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ စျေးအကြီးဆုံး စံအိမ်ကြီးတွေ အကြောင်း

အိမ်တစ်အိမ်ဆိုတာကတော့ လူသားတွေအတွက်မရှိမဖြစ်အခြေခံအဆောက်အဦးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေးအလွန်ချမ်းသာသူတွေအတွက်ကျပြန်တော့ အိမ်ဆိုတာသူတို့ရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတဲ့အရာဖြစ်နေတက်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေဟာ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ စံအိမ်ကြီးတွေကို ဈေးကြီးပေးကာ ဝယ်ယူ၊ တည်ဆောက်ကြပါတယ်။ အခုတစ်ခါမှာတော့ တန်ဖိုးအကြီးဆုံးစံအိမ်ကြီးတွေကိုပိုင်ဆိုင်ထားကြတဲ့ ကမ္ဘာကျော်ဆယ်လီတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁၀။ တေလာဆွစ်ဖ် ဒီစာရင်းရဲ့ နံပါတ် (၁၀) နေရာမှာရှိနေတာကတော့ ကမ္ဘာကျော်အဆိုတော်မလေး တေလာဆွစ်ဖ်ပဲဖြစ်ပါတယ်။ သူမပိုင်ဆိုင်တဲ့ အမေရိကန်နိုင်ငံ၊ နယူးအင်္ဂလန်ပြည်နယ်က ရိုဒီကျွန်းမှာရှိတဲ့ စံအိမ်ကြီးဟာ အမေရိကန်ဒေါ်လာ သန်း (၃၀) […]

Amazing

နေရာတစ်နေရာထဲမှာ မနေချင်တဲ့ သူတွေအတွက် ရွှေ့လျားနိုင်တဲ့ အိမ်ပုံစံ (၉) မျိုး

ခေတ်ကာလတွေရွေးလျားပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့နေထိုင်မှုပုံစံတွေကလည်း ဟိုးယခင်တုန်းကနဲ့ မတူဘဲ ဆန်းသစ်ပြောင်းလဲလို့လာပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်နေရာတည်းမှာအတည်တကျ အခြေချ နေထိုင်ရတာကို ငြီးငွေ့နေတဲ့သူတွေအတွက် အဆင်ပြေစေမယ့် ရွေ့လျားအိမ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com ၁။ The eleMMent Palazzo The eleMMent Palazzo ကတော့ ကမ္ဘာပေါ်မှာအကျော်ကြားဆုံး RV (Recreation Vehicle) အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ အခုပုံမှာဖော်ပြထားတဲ့ရွေ့လျားကားအိမ်လေးကတော့ အမေရိကန်ဒေါ်လာ (၃) သန်းလောက်တန်ပါတယ်။ သူ့မှာ ကျယ်ဝန်းတဲ့ Master Bedroom၊ ၄၀ […]

Fun

သင့်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် ဓာတ်ပုံများ

သင့်အနေနဲ့ ဓာတ်ပုံတစ်ပုံကိုမြင်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားတာမျိုး၊ ခေါင်းထဲမှာမေးခွန်းတွေများစွာ ရောက်သွားတာမျိုးကြုံဖူးပါသလား ? မကြုံဖူးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့်ပုံလေးတွေကိုကြည့်ကြည့်လိုက်ပါဦး။ shwekhitonlinetv.com ၁။ Rubick’s Cube အတုံးကို ဒီပုလင်းထဲဘယ်လိုထည့်ထားသလဲဆိုတာ သင်ရှင်းပြနိုင်ပါသလား ? shwekhitonlinetv.com ၂။ ဒီတာယာဂွေကရော သစ်ပင်မှာ ဘယ်လိုစွပ်ထားတာပါလိမ့်။ shwekhitonlinetv.com ၃။ ဒါက နီယွန်မီးတွေနဲ့ဖန်တီးထားတဲ့ သင်္ကေတမဟုတ်ပါဘူး။ Graffiti ပုံတစ်ပုံသာဖြစ်ပါတယ်။ shwekhitonlinetv.com ၄။ ဒီ သစ်ပင်ကတော့ကျောက်တုံးကိုဖြတ်ပြီး ကြီးထွားလာတဲ့အပြင် ကျောက်တုံးကိုပါ နှစ်ခြမ်းကွဲထွက်သွားစေခဲ့ပါတယ်။ […]

Entertainment

ဆယ်စုနှစ် တစ်ခုအတွင်းမှာ အကြီးအကျယ် ပြောင်းလဲသွားကြတဲ့ ကမ္ဘာကျော် ဆယ်လီများ

တစ်ခါတစ်ရံမှာ လူသားတွေဟာ မိမိတို့နေ့စဉ်လုပ်ငန်းတာဝန်တွေနဲ့ အလုပ်ရှုပ်နေတက်တာကြောင့် တီဗွီတွေ ရုပ်ရှင်တွေကို ကြည့်ရှုဖို့အတွက်အချိန်သိပ်မပေးနိုင်ကြတော့ပါဘူး။ အဲ့ဒီလိုနဲ့နှစ်အတန်ကြာတဲ့အချိန်မှာ ကိုယ်တစ်ချိန်ကကြိုက်နှစ်သက်ခဲ့တဲ့ သရုပ်ဆောင်ဖြစ်ဖြစ် အဆိုတော်ဖြစ်ဖြစ် ပြန်တွေ့ရင်မမှတ်မိအောင်ပြောင်းလဲသွားတာမျိုး ဖြစ်တက်ပါတယ်။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ (၁၀) စုနှစ်တစ်ခုအတွင်း များစွာပြောင်းလဲသွားခဲ့တဲ့ ဆယ်လီတွေကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com ၁။ ကိုင်လီဂျန်နာ ဖက်ရှင်လောကမှာသာမက စီးပွားရေးနယ်ပယ်ဘက်မှာပါ အောင်မြင်နေတဲ့မော်လ်ဒယ်မလေး ကိုင်လီဂျန်နာကတော့ ဒီဘက်ခေတ်လူငယ်တွေကြားမှာ မသိသူမရှိလောက်တဲ့ ဆယ်လီတစ်ဦးလို့ဆိုနိုင်ပါတယ်။ ကိုင်လီဂျန်နာကို ၂၀၁၀ တုန်းကနောက်ဆုံးတွေ့ဖူးမြင်ဖူးခဲ့တဲ့သူကတော့ လက်ရှိပုံစံကိုမြင်ရင် လုံးဝမှတ်မိတော့မှာမဟုတ်တာကျိန်းသေပါတယ်။ shwekhitonlinetv.com ၂။ ဒေးဗစ်ဘက်ခမ်း နှင့် […]

Fun

သင့်ရဲ့ အမြင်အာရုံကို ထွေပြားစေမယ့် ဓာတ်ပုံ ၁၅ ပုံ

ကျွန်တော်တို့ရဲ့ မျက်စိနဲ့ ဦးနှောက်တွေဟာအရမ်းအရမ်းကိုလှည့်စားရတာလွယ်လွန်းတဲ့အရာတွေဖြစ်ပါတယ်။ ဒီအချက်ကို အခုဖော်ပြပေးမယ့်ပုံတွေကအကောင်းဆုံးသက်သေပြနေပါလိမ့်မယ်။ shwekhitonlinetv.com ၁။ ဒါက အလွန်ကြီးမားတဲ့ဧရာမခွေးတစ်ကောင်မဟုတ်ပါဘူး။ သာမန်အရွယ်အစားသာရှိတဲ့ခွေးတစ်ကောင်ပါ။ ကင်မရာရှုထောင့်ကြောင့် သူ့ရဲ့အရွယ်အစားကိုနဂိုမူလထက်ပိုကြီးနေတယ်လို့ထင်ရတာပါ။ shwekhitonlinetv.com ၂။ ဒါလေးကရော … ကြောင်ခေါင်းပြတ်ကြီးမဟုတ်ပါဘူးနော်။ သေချာကြည့်ကြည့်ပါ။ shwekhitonlinetv.com ၃။ ဒီအသားကင်တဲ့ခုံရဲ့ နံရံမှာထင်ဟပ်နေတာကို သင့်မျက်စိကခွေးတစ်ကောင်အဖြစ် ဦးနှောက်ကိုသတင်းပို့နေပါလိမ့်မယ်။ shwekhitonlinetv.com ၄။ ဒီပုံကိုသေသေချာချာမကြည့်ရင်တော့ သင့်အနေနဲ့ ထရပ်ကားရှည်ကြီးတစ်စီးလို မြင်မိနေပါလိမ့်မယ်။ shwekhitonlinetv.com ၅။ ဒါကပေါင်မုန့်ပါ။ ကြက်ကြော်လို့မထင်လိုက်ပါနဲ့။ shwekhitonlinetv.com […]

Knowledge

များပြားလှတဲ့ အဏုဇီဝပိုးမွှားတွေကြောင့် ဘယ်သူမှသွားရောက် ခြေချဖို့မဝံ့ရဲတဲ့ ကျွန်းတစ်ခု

United Kingdom ရဲ့ အနောက်မြောက်ဘက်စွန်းရှိ စကော့တလန်ကမ်းရိုးတန်းမှ မိုင်ဝက်ခန့်အကွာမှာတော့ တစ်ချိန်က ဇီဝလက်နက်စမ်းသပ်မှုတွေကြောင့် ညစ်ညမ်းလွန်းနေတဲ့ ကျွန်းတစ်ကျွန်းရှိနေပါတယ်။ ဒီကျွန်းပေါ်ကပိုးမွှားတွေ ကမ္ဘာကြီးကိုကူးစက်ပျံ့ပွားလာမှာစိုးတာကြောင့် ဒီနေရာကိုဘယ်သူမှခြေချခွင့်မပြုထားပါဘူး။ shwekhitonlinetv.com Gruinard လို့အမည်ရတဲ့ ဒီကျွန်းဟာ အရှည် (၁.၂) မိုင်သာရှိပါတယ်။ ဟိုးအရင်တစ်ချိန်ကတော့ ဒီကျွန်းဟာ သစ်ပင်တွေနဲ့ ဖုံးလွှမ်းခဲ့ပြီး (၁၆) ရာစုလောက်ကဆိုရင် သူခိုးတွေနဲ့ တောပုန်းတွေအတွက် ပြီးပြည့်စုံတဲ့ ခိုအောင်းရာနေရာအဖြစ် ရှိခဲ့တာလည်းဖြစ်ပါတယ်။ အရင်က ဒီကျွန်းပေါ်တွင် လူခြောက်ဦးအထိ နေထိုင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပေမယ့် […]

Fun

နှစ်ခါပြန်ကြည့်ချင်ရလောက်အောင် သင့်မျက်လုံးကို လှည့်စားပစ်မယ့် ဓာတ်ပုံများ

သင့်ရဲ့ မျက်လုံးတွေဟာ ဦးနှောက်ကိုနည်းလမ်းမျိုးစုံနဲ့လှည့်စားနိုင်ပါတယ်။ ဒီအချက်ကိုသင့်အနေနဲ့ လက်မခံဘူးဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ပုံလေးတွေကိုကြည့်လိုက်ပါဦး။ အနည်းဆုံးတော့သင့်အနေနဲ့ နှစ်ကြိမ် သုံးကြိမ်ပြန်ကြည့်မိမယ်ဆိုတာ အာမခံပါတယ်။ shwekhitonlinetv.com ၁။ လန့်မသွားပါနဲ့နော်။ ဒီစောင်မှာပါတဲ့မျက်နှာနဲ့ ခွေးကလိုက်ဖက်ညီနေတာပါ။ shwekhitonlinetv.com ၂။ ဂရိ ဒဏ္ဍာရီတွေ၊ ဗီဒီယိုဂိမ်းတွေထဲက Centaur ကြီးများလား ? shwekhitonlinetv.com ၃။ ဒါကတော့ အမှတ်တမဲ့ကြည့်မယ်ဆိုရင် ခွေးလူသားလို့ထင်မှတ်ရပါတယ်။ shwekhitonlinetv.com ၄။ ဒီဆိုင်းဘုတ်မှာရေးထားတာက (၁) လား (ဝ) လား ? shwekhitonlinetv.com ၅။ အကြိမ်ကြိမ်ပြန်ကြည့်ပေမယ့် ဒီလူရဲ့ […]

Amazing

လူတိုင်းကို အံ့သြမှင်တက်သွားစေမယ့် ကမ္ဘာတဝှမ်းက မတူကွဲပြားပြီး ထူးဆန်းတဲ့ အလေ့အထများ

နိုင်ငံအသီးသီးမှာ မတူကွဲပြားတဲ့ ဓလေ့ထုံးတမ်းတွေ ရှိပြီး တချို့ဓလေ့ထုံးတမ်းတွေဟာ ရှေးကျပြီး ထူးဆန်းလွန်းတဲ့ ရိုးရာဓလေ့တွေ ရှိကြပါတယ်။ ဒါ့အပြင် ယနေ့တိုးတက်လာတဲ့ ခေတ်နဲ့အညီပြောင်းလဲလာတဲ့ ဓလေ့ထုံးတမ်းတွေလည်း ရှိကြပါတယ်။ ဒီတခါမှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကမ္ဘာတဝှမ်းက ထူးဆန်းလှတဲ့ ရိုးရာဓလေ့ထုံးတမ်းများကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ မီးပုံပွဲတော် ဂျာမနီနိုင်ငံ နေရာအနှံ့အပြားမှာ ပြုလုပ်လေ့ရှိတဲ့ မီးပုံပွဲပဲဖြစ်ပါတယ်။ အီစတာပွဲတော်ရက်မစတင်ခင်ညမှာ ပြုလုပ်ကြပြီး လူတရပ်စာမက မြင့်မားတဲ့ ထင်းတွေကို စုစည်းပြီး မီးပုံပွဲကျင်းပကြတဲ့ပွဲတော်တခုပါ။ ဒီပွဲတော်ဟာ […]