News

ပင်လယ်သမုဒ္ဒရာတွေထဲက မိုက်ခရိုပလက်စတစ်တွေကို စားသုံးပစ်မယ့် စက်ရုပ်ငါးတွေ အကြောင်း

တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ ပင်လယ်သမုဒ္ဒရာတွေညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့အတွက် ပင်လယ်သမုဒ္ဒရာတွေထဲက မိုက်ခရိုပလက်စတစ်တွေကို စားသုံးပစ်မယ့် စက်ရုပ်ငါးတွေကို တီထွင်ဖန်တီးခဲ့ကြောင်းသိရပါတယ်။ shwekhitonlinetv.com ဒီစက်ရုပ်ငါးလေးတွေရဲ့ အရွယ်အစားကတော့ လက်မဝက်ခန့်ပဲရှိပြီး နူးညံ့တဲ့ကိုယ်ထည်ရှိပါတယ်။လက်ရှိမှာတော့ပင်လယ်ရေတိမ်ပိုင်းတွေမှာ ဒီငါးလေးတွေနဲ့ မိုက်ခရိုပလက်စတစ်တွေကို စတင်စမ်းသပ် စုပ်ယူနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com အနက်ရောင် စက်ရုပ်ငါးကို အလင်းနဲ့ ဓာတ်ရောင်ခြည်ပေးထားပြီး သူတို့ရဲ့ ဆူးတောင်တွေကို ခတ်ပြီးတစ်ကယ့်ငါးတွေလိုမျိုး ခန္ဓာကိုယ်ကိုတွန့်လိမ်ကာကူးခတ်နိုင်ဖို့ ဖန်တီးထားပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ အခြားငါးနဲ့ရေသတ္တဝါတွေ ဒါမှမဟုတ် သင်္ဘောတွေနဲ့ ဒီစက်ရုပ်ငါးတွေကို မတိုက်မိစေဖို့ အလင်းရောင်ကို […]

Amazing

ထူးခြားတဲ့ စူပါပါဝါတွေ ပိုင်ဆိုင်ထားကြတဲ့ ငါးမျိူးစိတ် (၇) မျိုး

ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ထူးခြားတဲ့စူပါပါဝါ တွေကိုပိုင်ဆိုင်ထားတဲ့ ငါးတစ်ချို့အကြောင်းဖော်ပြပေးချင်ပါတယ်။ ဘယ်ငါးတွေက ဘယ်လိုစူပါပါဝါတွေရှိနေမလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် …… shwekhitonlinetv.com ၁။ ကမ္ဘာ့ကြီးရဲ့သံလိုက်စက်ကွင်းတွေကို အသုံးချတဲ့ဆော်လမွန်ငါးများ ဆော်လမွန်ငါးတွေဟာ ရေချိုမှာသားပေါက်ကြပြီး အရွယ်ရောက်လာတဲ့အခါမှာတော့ မိုင်ထောင်ချီဝေးတဲ့ ပင်လယ်ဆီကိုကူးခတ်သွားကြပါတယ်။ ဥများဥချိန်ရောက်တဲ့အခါမှာတော့ မူလသားပေါက်ခဲ့တဲ့နေရာကိုတန်းတန်းမတ်မတ်ပြန်လာကြပါတယ်။ သူတို့သွားတဲ့ခရီးအကွာအဝေးဟာ တစ်ခါတစ်ရံမှာ မိုင် (၂၀၀၀) လောက်တောင်ရှိပါတယ်။ ဒီလိုမျိုး မူလနေရာကိုမှတ်မိပြီးပြန်လာကြတာဟာ ဆော်လမွန်ငါးတွေအနေနဲ့ ကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်းတွေကိုကောင်းစွာအသုံးချနိုင်ခြင်းကြောင့်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ shwekhitonlinetv.com ၂။ မိချောင်းတွေကိုစားတဲ့ ငါးများ […]

Fun

လုံးဝမထင်မှတ်ဘဲ သူဌေးသူကြွယ်တွေ ဖြစ်သွားတဲ့ သူ (၅) ယောက်အကြောင်း

“လှံ” ထမ်းလာတာကိုပဲမြင်နိုင်တယ် “ကံ” ထမ်းလာတာကိုတော့မမြင်နိုင်ဘူး ဆိုတဲ့မြန်မာဆိုရိုးစကားလေးအတိုင်း လောကမှာထင်မှတ်မထားပဲနဲ့ အကြီးအကျယ်ကံကောင်းခဲ့ကြသူတွေရှိပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီလိုမထင်မှတ်တဲ့ အခြေအနေကနေ ဒေါ်လာသန်းပေါင်းများစွာရရှိခဲ့တဲ့သူတစ်ချို့ကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ ကာစီနိုဝန်ထမ်းရဲ့အမှားကြောင့် ချမ်းသာသွားသူ Cincinnati’s Horseshoe Casino ဟာ ၂၀၁၃ ခုနှစ် သြဂုတ်လက ပရိုမိုးရှင်းအနေနဲ့ဒေါ်လာ (၁) သန်းတန်ဆုမဲတစ်ခုကို မဲဖောက်ပေးခဲ့ပါတယ်။ Kevin Lewis ဆိုတဲ့အမျိုးသားက ဒီဆုကိုကံထူးသွားသူအဖြစ်ကြေညာခြင်းခံခဲ့ရပါတယ်။ နောက်ပိုင်း သေချာပြန်စိစစ်တဲ့အခါမှာတော့ ကာစီနိုဝန်ထမ်းက ပေါက်တဲ့သူရဲ့ ID […]

News

သဲကန္တာရကိုဖြတ်ပြီး (၇၅) မိုင်ရှည်တဲ့ ကြေးမုံမှန် မိုးမျှော်အဆောက်အဦး တည်ဆောက်တော့မယ့် ဆော်ဒီမင်းသား Mohammed bin Salman

ဆော်ဒီအာရေဗျနိုင်ငံဟာ ၎င်းတို့ရဲ့သဲကန္တာရကိုဖြတ်ပြီး အင်ပါယာစတိတ်အဆောက်အအုံထက် ပိုမိုမြင့်မားပြီး (၇၅) မိုင်ရှည်တဲ့ ကြေးမုံမှန်မိုးမျှော် အဆောက်အဦးကို ဒေါ်လာ (၁) ထရီလီယံအကုန်အကျခံပြီး ဆောက်လုပ်သွားမယ့် စီမံကိန်းတစ်ရပ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ shwekhitonlinetv.com ဒီအဆောက်အဦးကိုတော့ Mirror Line လို့နာမည်ပေးထားပြီး ဆော်ဒီအာရေဗျနိုင်ငံရဲ့ အနောက်မြောက်ပိုင်းက Neom ဆိုတဲ့သဲကန္တာရမြို့မှာ တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က အတည်ပြုကြေညာခဲ့ပါတယ်။ shwekhitonlinetv.com ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ဟာ သူတို့ရဲ့နိုင်ငံမှာလည်း […]

News

ဘောလုံးကွင်း (၇၀) စာ ကျယ်ပြန်တဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ်ဆိုလာစွမ်းအင် စီမံကိန်းကြီးကို တည်ဆောက်နေတဲ့ ထိုင်းနိုင်ငံ

အာဆီယံဒေသတွင်းက ထိုင်းနိုင်ငံဟာ ဘောလုံးကွင်း (၇၀) စာနဲ့ ညီမျှတဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ်ဆိုလာစွမ်းအင်စီမံကိန်းကို တည်ဆောက်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ အစိမ်းရောင်စွမ်းအင် (Green Energy) ထုတ်လုပ်ရေးကို အကြီးအကျယ် ကူးပြောင်းတော့မှာဖြစ်ပါတယ်။ shwekhitonlinetv.com ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရဲ့ အရှေ့ဘက်ကီလိုမီတာ (၆၆၀) အကွာမှာရှိတဲ့ သီရိဒုံရေလှောင်ကန်ကြီးရဲ့ ရေပြင်အကျယ် (၁၂၀) ဟတ်တာပေါ်မှာ ဆိုလာပြားအချပ်ပေါင်း (၁၄၅,၀၀၀) တပ်ဆင်ပြီး နေရောင်ခြည်စွမ်းအင်သုံး ရေပေါ်လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကိုတည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com တစ်ကယ်တော့ ဒီလျှပ်စစ်စီမံကိန်းဟာ နေရောင်ခြည်ကရတဲ့ […]

Fun

အလွဲတကာ့အလွဲဆုံး အင်ဂျင်နီယာ တို့ရဲ့ အံ့မခန်း စကေးများ

ကမ္ဘာ့အလွဲဆုံး အင်ဂျင်နီယာတွေ၊ ဗိသုကာပညာရှင်တွေရဲ့ စကေးတွေကိုသင်မြင်ဖူးပါသလား ? မမြင်ဖူးသေးရင် လေ့လာကြည့်လိုက်ပါဦးနော် ….. ၁။ ဒီဘိုထိုင်အိမ်သာကိုတော့ ဘယ်လိုလူမျိုးက အသုံးပြုတာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ၂။ ဒီခုံတန်းလေးကိုလွတ်အောင် သံတန်းတွေကိုခတ်လို့ မရဘူးလားဆရာတို့ရယ်။ ၃။ ဒီပြတင်းပေါက်တစ်ခုတည်းကွက်ပြီး အခုလိုဖြစ်နေတာက တမင်လုပ်ထားတယ်လို့ထင်ရပါတယ်။ ဒါပေမယ့် ဘာအတွက်လဲတော့မသိနိုင်ပါဘူး။ ၄။ ဒီဓာတ်လှေကားကိုအသုံးပြုသူအနေနဲ့ အနည်းငယ်ခေါင်းစားမှာတော့အမှန်ပါပဲ။ ၅။ ဘယ်သူကများနောက်ပြောင်ပြီး ဆိုင်းဘုတ်တွေ နေရာချိန်းသွားပါလိမ့်။ ၆။ အောက်မှာရေမရှိဘဲ တံတားကထိုးဖို့လိုအပ်သေးလို့လားဟင်။ ၇။ အိမ်သာတက်ရင်းအပြင်က […]

Amazing

ကမ္ဘာတစ်လွှားက အံ့အားသင့်စရာရုပ်ထုများ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကမ္ဘာတစ်လွှားက အံ့အားသင့်စရာအကောင်းဆုံးရုပ်တုတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကြည့်ရှုလေ့လာကြည့်ပါဦးနော် ….. shwekhitonlinetv.com ၁။ Ocean Atlas အလွန်ကြီးမားလှတဲ့ Ocean Atlas ရုပ်တုကြီးကတော့ ဘဟားမားစ် နိုင်ငံရဲ့ကမ်းလွန်ရေအောက်တစ်နေရာမှာတည်ရှိတာဖြစ်ပါတယ်။ ဒီရုပ်တုကြီးကတော့ အလွန်ကြီးမားတဲ့အမျိုးသမီးတစ်ဦးက သမုဒ္ဒရာကြီးကို ထမ်းထားတဲ့ပုံစံဖြစ်ပြီး ဖန်တီးခဲ့တဲ့ အနုပညာရှင်ကတော့ အင်္ဂလိပ်လူမျိုး Jason deCaires Taylor ဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ The Black Ghost The Black […]

Fun

သင့်ကို နှစ်ခါပြန်ကြည့်အောင် ဆွဲဆောင်နိုင်တဲ့ ချိန်သားကိုက် ဓာတ်ပုံများ

တစ်ချို့ဓာတ်ပုံတွေဟာ ကိုယ်ရိုက်လိုက်တဲ့ ရှုထောင့်နဲ့ပတ်ဝန်းကျင်အနေအထားက မထင်မှတ်တဲ့ရှုထောင့်အနေအထားတစ်ခုကို ချိန်သားကိုက်ပြီးထပ်တူကျသွားတဲ့အခါမှာ အံ့အားသင့်စရာ၊ ရယ်ရွှင်ဖွယ်ရာဖြစ်သွားတက်ပါတယ်။ အခုဖော်ပြထားတဲ့ပုံတွေလိုပေါ့ …. shwekhitonlinetv.com ၁။ အပြင်မှာတော့ သတို့သားက သတို့သမီးကို အနမ်းပေးနေပေမယ့် မှန်ထဲမှာတော့ သတို့သားနေရာမှာ ငါးမန်တစ်ကောင်ဖြစ်နေပါတယ်။ shwekhitonlinetv.com ၂။ မှန်ကာထားတယ်ဆိုပေမယ့် ရုတ်တရက်ဆိုလင်းပိုင်လေးက ကလေးလေးရဲ့ ခေါင်းကိုဝါးမြိုတော့မယ်လို့ ထင်မိမှာပါ။ shwekhitonlinetv.com ၃။ ဒီ TV ထဲကလူကလည်းမသိရင်ကြောင်ရဲ့ ခေါင်းကိုစားနေသလိုပါပဲ။ shwekhitonlinetv.com ၄။ ဒီအတွဲရဲ့နောက်ကလူက ယေရှုကိုယ်တော်ရဲ့ […]

Entertainment

စတန့်ပြကွက်တွေရိုက်ကူးရင်း အမှားအမှားအယွင်းယွင်းတွေ ကြုံတွေ့ခဲ့ကြတဲ့ ကမ္ဘာကျော်သရုပ်ဆောင်များ

ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးတဲ့ရိုက်ကွင်းတစ်ခုမှာ အမှားအယွင်းတွေဆိုတာကတော့ အမြဲရှိနေစမြဲပါ။ ဒါပေမယ့်လည်းတစ်ချို့အမှားအယွင်းတွေကတော့ အသက်အန္တရာယ်ဖြစ်စေလောက်တဲ့အထိ ဆိုးရွားခဲ့ပါတယ်။ အဲ့လိုအမှားအယွင်းတွေထဲက ကမ္ဘာကျော်သရုပ်ဆောင်အချို့ရဲ့ ထိတ်လန့်ဖွယ် ထိခိုက်မှုတွေကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ စတားလုံး – Rocky (IV) Rocky ဇာတ်ကားများနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသားကြီးစတားလုံး (Stallone) ဟာလည်း လက်ဝှေ့ကြိုးဝိုင်းထဲမှာ ပြင်းထန်တဲ့လက်သီးချက်မိကို အမှန်တယ်ခံစားခဲ့ရဖူးပါတယ်။ Rocky (IV) ဇာတ်ကားရဲ့ လက်ဝှေ့ထိုးသတ်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ သူနဲ့ပြိုင်ဖက်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဒေါ့ဖ်လန်ဂရမ် (Dolph Lundgren) […]

Entertainment

ဘယ်ဇာတ်ကားမှာမဆို တူညီတဲ့ဇာတ်ရုပ် ကိုပဲ သရုပ်ဆောင်ကြရတဲ့ သရုပ်ဆောင်များ

ရုပ်ရှင်လောကရဲ့ သရုပ်ဆောင်တွေထဲမှာတော့ ဇာတ်ရုပ်မျိုးစုံကို ကျပန်းသရုပ်ဆောင်နိုင်တဲ့ စွယ်စုံရသရုပ်ဆောင်တွေရှိကြသလို ဇာတ်ရုပ်တစ်မျိုးတည်းကို သူမတူအောင်ထူးချွန်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့သူတွေလည်းရှိကြပါတယ်။ ဒီလိုသရုပ်ဆောင်မျိုးကိုတော့ ပရိသတ်တွေအနေနဲ့ သူ့ရဲ့ဇာတ်ရုပ်နဲ့တွဲပြီးမှတ်မိနေတက်ကြပါတယ်။ အခုတစ်ခေါက်မှာတော့ ဇာတ်ကားတိုင်းမှာ တူညီတဲ့ဇာတ်ရုပ်မျိုးတွေကို သရုပ်ဆောင်ထားပြီး နာမည်ကျော်ကြားနေတဲ့ သရုပ်ဆောင် (၁၀) ဦးကိုဖော်ပြလိုက်ပါတယ်။ shwekhitonlinetv.com ၁။ Morgan Freeman — Wise mentor ၂၀၀၄ ခုနှစ်တုန်းက Million Dollar Baby ဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ပို့အဖြစ် အော်စကာဆုရထားတဲ့ Morgan […]