ကမ္ဘာကြီး လည်နေတာ ၅ စက္ကန့်လောက် ရပ်သွားခဲ့ရင် ဘာတွေဖြစ်လာမလဲ
သင့်အနေနဲ့ ကမ္ဘာကြီးရုတ်တရက် (၅) စက္ကန့်လောက်ရပ်တန့်သွားမယ်ဆိုရင် ဘာတွေဖြစ်ပျက်ကုန်မလဲလို့ တွေးကြည့်ဖူးပါသလား ? အဲ့ဒီလိုရပ်တန့်သွားပြီး တစ်ဖန်ပြန်လည်လာရင်ရော သင့်အနေနဲ့ အသက်ဆက်လက်ရှင်သန်နေပါ့မလား ? ဒီ စိတ်ဝင်စားစရာမေးခွန်းအတွက် သိပ္ပံပညာရှင်တစ်ချို့က သီအိုရီတွေနဲ့ တွက်ချက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီထဲက အနီးစပ်ဆုံးနဲ့အဖြစ်နိုင်ဆုံးအရာတွေကို ရွှေခေတ်ပရိသတ်တွေအတွက် ပြန်လည်ကိုးကားပြီး ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ကမ္ဘာဟာ မိမိဝင်ရိုးပေါ်မှာတစ်ပတ်အပြည့်လည်ခြင်းအားဖြင့် နေ့နဲ့ညကိုဖြစ်ပေါ်စေတာကတော့ အားလုံးသိပြီးသားကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒီလိုလည်ပတ်နေရခြင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄.၆) ဘီလီယံခန့်ကတည်းက ကမ္ဘာဂြိုဟ်ဖြစ်တည်လာမယ့် ဓာတ်ငွေ့တွေဖုန်မှုန့်တွေနဲ့ ကျောက်ဆိုင်ကျောက်သားတွေအချင်းချင်းစုစည်းပွတ်တိုက်မိရာကနေ ကမ္ဘာဂြိုဟ်ကို […]