News

ထူးခြားတဲ့သက်ရှိတွေရှိနေနိုင်တဲ့ သီးခြားနေရာတစ်ခုကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ

ရွှေခေတ်ပရိသတ်တွေအနေနဲ့ ကမ္ဘာကြီးရဲ့အလယ်ဗဟိုချက် (Center of the earth) တို့ အခေါင်းပွကမ္ဘာကြီးတို့ စသဖြင့်ထူးဆန်းတဲ့နေရာဒေသတွေကို ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ ဝတ္ထုတွေထဲမှာ မြင်ဖူး၊ ဖတ်ဖူးကြမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com ဒီ နေရာဒေသတွေဟာအပြင်မှာတစ်ကယ်ရှိ၊ မရှိဆိုတာကတော့ ဘယ်သူမှခိုင်လုံတဲ့သက်သေအထောက်အထားနဲ့ ပြသနိုင်ခြင်းမရှိဘဲ ဒဏ္ဍာရီဆန်ဆန် ယုံတမ်းစကားမျိုးအဖြစ်သာ အားလုံးက ယေဘူယျသတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ shwekhitonlinetv.com ဒါပေမယ့် မကြာသေးတဲ့ကာလကတော့ အန္တာတိကတိုက်ရဲ့ ကြီးမားတဲ့ရေခဲပြင်တွေအောက်မှာ ထူးခြားတဲ့သက်ရှိတွေရှိနေနိုင်တဲ့ သီးခြားနေရာတစ်ခုကို သိပ္ပံပညာရှင်တွေအနေနဲ့ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အင်တာနက်ပေါ်မှာ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ shwekhitonlinetv.com ဒီသိပ္ပံပညာရှင်အဖွဲ့ကတော့ WISSARD […]

Amazing

တိရိစ္ဆာန်လေးတွေရဲ့ ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အမှတ်အသားများ

တစ်ခါတစ်ရံသင့်ပတ်ဝန်းကျင်မှာတွေ့ရတဲ့ သတ္တဝါလေးတွေရဲ့ ကိုယ်ပေါ်မှာထူးဆန်းတဲ့အမှတ်အသားတွေဖြစ်ပေါ်နေတာမျိုးကို ကြုံဖူးကြပါသလား။ အခုဖော်ပြပေးမယ့်အကောင်လေးတွေလိုပေါ့ …. shwekhitonlinetv.com ၁။ ဒီကြောင်လေးရဲ့ပုံစံကိုကြည့်ရတာ ချာလီချက်ပလင်ဝင်စားသလားတောင်ထင်ရပါတယ်။ shwekhitonlinetv.com ၂။ ဒီလိပ်ကလေးကတော့ နာမည်ကျော် AC/DC တေးဂီတအဖွဲ့ရဲ့ Fan ထင်ပါရဲ့။ shwekhitonlinetv.com ၃။ ဒီခွေးလေးရဲ့ ကိုယ်ပေါ်ကအမှတ်အသားကတော့ တစ်ခုခုနဲ့တူနေသလိုပါပဲနော်။ shwekhitonlinetv.com ၄။ ဒီကြောင်ကလေးကတော့ ထူးထူးဆန်းဆန်း မျက်နှာအရောင်တစ်ဝက်စီအတိအကျဖြစ်ပေါ်နေပါတယ်။ shwekhitonlinetv.com ၅။ ဒီနွားလေးရဲ့ နဖူးမှာ နံပါတ် (၇) ဂဏန်းကြီးသိသိသာသာပေါ်နေတာကတော့ ထူးဆန်းလှပါတယ်။ shwekhitonlinetv.com ၆။ ဒီကြောင်ကလေးကကျတော့ ခန္ဓာကိုယ်ပေါ်မှာ Question […]

Knowledge

ပညာရှင်တွေ ဖန်တီးလိုက်တဲ့ အမွှေးမပါသော ကြက်များ အကြောင်း နှင့် သူတို့၏ အားသာချက်၊ အားနည်းချက်များ

အစ္စရေးနိုင်ငံ၊ Tel Aviv၊ Rehovot Agronomy Institute ရဲ့ မျိုးရိုးဗီဇဌာနမှ Avigdor Cahaner ဦးဆောင်တဲ့ သုတေသီတွေဟာ အမွေးမရှိတဲ့ ကြက်မျိုးစိတ်တွေကို အောင်မြင်စွာတီထွင်ဖန်တီးနိုင်ခဲ့ကြပါတယ်။ shwekhitonlinetv.com Naked Chicken လို့လူသိများတဲ့ ဒီကြက်တွေကိုဖန်တီးရခြင်းအကြောင်းအရင်းကတော့ နေ့စဉ်စားသုံးနေတဲ့ ကြက်သားတွေထက် ပိုမိုဈေးသက်သာပြီး စားသုံးသူတွေအတွက်ပိုမိုအဆင်ပြေစေဖို့လို့သိရပါတယ်။ တစ်ကယ်တော့ ဒီကြက်တွေဟာ မျိုးဗီဇပြုုပြင်မွမ်းမံထားခြင်းမရှိဘဲ သဘာဝနည်းလမ်းတွေနဲ့ နှစ် (၅၀) ကြာ လေ့လာစမ်းသပ်မှုတွေရဲ့ ရလဒ်တွေလို့လည်းဆိုပါတယ်။ shwekhitonlinetv.com ဒီအမွှေးမရှိတဲ့ကြက်တွေဟာ သာမန်ကြက်တွေထက်အသားပိုများသလိုမျိုးခံစားကြရသလိုပဲ သူတို့ဟာ […]

Knowledge

လေယာဥ်ထိုင်ခုံတွေ အများစုကို အပြာရောင်ချည်းပဲ အသုံးပြုကြတဲ့ အဓိက အကြောင်းအရင်း

လေယာဉ်စီးပြီးခရီးသွားကြတဲ့လူတွေဟာ လေယာဉ်ပေါ်အချိန်မှီတက်ရေး ပစ္စည်းပစ္စယာတွေနဲ့ သက်တောင့်သက်သာ နေရာချနိုင်ရေး စတဲ့အကြောင်းအချက်အမျိုးမျိုးကြောင့်လေယာဉ်ပေါ်ကခုံတွေရဲ့ အရောင်ကိုတော်ရုံသတိမထားမိကြပါဘူး။ shwekhitonlinetv.com ဒါဆိုရင်နောက်နောင်လေယာဉ်စီးပြီးခရီးသွားခဲ့ရင် လေယာဉ်ရဲ့ထိုင်ခုံအရောင်တွေက ဘာအရောင်ဖြစ်မလဲဆိုတာကို သတိထားပြီးကြည့်ကြည့်လိုက်ပါ။ သင်စီးတဲ့အကြိမ်တိုင်းမှာ လေယာဉ်ထိုင်ခုံတွေရဲ့ အရောင်ကအပြာရောင်ချည်း ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ shwekhitonlinetv.com ဘာလို့လေယာဉ်တွေရဲ့ုထိုင်ခုံအရောင်တိုင်းက အပြာရောင်ဖြစ်နေရသလဲဆိုတဲ့ မေးခွန်းအတွက် အဖြေကိုတော့ အခုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့အကြောင်ူအရာလေးကို ဆက်လက်ဖတ်ရှုကြည့်လိုက်ကြပါဦးနော် …. shwekhitonlinetv.com သန့်ရှင်းရလွယ်ကူခြင်း အပြာရောင်ဟာအခြားသောအရောင်တွေနဲ့အလွယ်တကူရောစပ်နိုင်တဲ့အရောင်ဖြစ်ပါတယ်။ဆိုလိုတာကတော့ အပြာရောင်ပေါ်မှာ အခြားအရောင်တွေစွန်းထင်းညစ်ပေခဲ့ရင်တော်ရုံနဲ့မသိသာပါဘူး။ ဒါကြောင့် ထိုင်ခုံတွေကိုအပြာရောင်အဖြစ်ထားရှိခြင်းက မကြာခဏသန့်ရှင်းရေးလုပ်ဖို့မလိုသလို အသစ်လဲလှယ်ဖို့လဲ မလိုအပ်တော့ပါဘူး။ shwekhitonlinetv.com မျက်စိအေးခြင်း၊ စိတ်ကိုတည်ငြိမ်စေခြင်း ဒီအချက်ကတော့ […]

News

အင်စတာဂရမ်မှာ Followers သန်း (၄၅၀) ပြည့်ခဲ့တဲ့ ပထမဆုံးလူသား ခရစ္စတီယာနိုရိုနယ်ဒို

ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ တိုက်စစ်မှုးဖြစ်တဲ့ ခရစ္စတီယာနိုရိုနယ်ဒို (Cristiano Ronaldo) ဟာ လူမှုကွန်ရက် App တစ်ခုဖြစ်တဲ့ Instagram မှာ ပထမဆုံး Followers သန်း (၄၅၀) ပြည့်ခဲ့တဲ့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com ကမ္ဘာ့အကောင်းဆုံးဘောလုံးသမာဆု (၅) ကြိမ်ရရှိထားတဲ့ ပေါ်တူဂီကြယ်ပွင့်ကစားသမားဟာ ဘောလုံးလောကမှလည်းစံချိန်ပေါင်းများစွာကိုတင်ရှိထားသူဖြစ်ပြီး အခုအခါမှာတော့ လူမှုကွန်ရက်ပေါ်မှာပါ လွှမ်းမိုးမှုအရှိဆုံးသူတစ်ယောက်အဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ခရစ္စတီယာနိုရိုနယ်ဒိုရဲ့နေုက်မှာတော့ အမေရိကန်မော်ဒယ် ကိုင်လီဂျန်နာ (Kylie Jenner) က Followers (၃၄၄) သန်းနဲ့ […]

Amazing

ဒေါ်လာ (၁၀) သန်းနဲ့ လာဝယ်ရင်တောင် ရောင်းမှာမဟုတ်တဲ့ ဧရာမ pitbull ခွေးကြီး အကြောင်း

ရွှေခေတ်ပရိသတ်တွေအနေနဲ့ Marvel ရဲ့ Avenger ရုပ်ရှင်တွေထဲက Hulk ဆိုတဲ့ အစိမ်းရောင်လူသန်ကြီးကို မြင်ဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်ဖော်ပြမယ့် Hulk ကတော့ ဒီအစိမ်းရောင်လူသန်ကြီး မဟုတ်ဘဲ ဧရာမခွေးဘီလူးကြီးတစ်ကောင်အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com Hulk လို့အမည်ရတဲ့ ဒီ Pitbull အမျိုးအစားခွေးကြီးကတော့ သူ့ရဲ့နာမည်နဲ့လိုက်အောင်ကိုပဲ ထွားကြိုင်းလွန်းလှပါတယ်။ သူ့ရဲ့ ကိုယ်အလေးချိန်ကတော့ (၁၂) နှစ်အရွယ်မိန်းကလေးတစ်ဦးရဲ့ ကိုယ်အလေးချိန်နဲ့အတူတူပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒါဟာ သာမန် Pitbull ခွေးတစ်ကောင်ထက်ဆိုရင်တော့ (၃) ဆလောက်ပိုပြီးလေးလံတဲ့ ကိုယ်အလေးချိန်ပမာဏလည်းဖြစ်ပါတယ်။ သူ့ကိုတော့ […]

Amazing

အလေးချိန် (၁၃၂) တန်ရှိပေမယ့် လူတိုင်းကိုင်လှုပ်နိုင်တဲ့ အံ့ဖွယ်ကျောက်တုံးကြီး

ကမ္ဘာကြီးဟာ ထူးဆန်းတဲ့အရာတွေနဲ့ ပြည့်နှက်နေတဲ့ဂြိုဟ်ကြီးတစ်လုံးလို့ဆိုမယ်ဆိုရင် မှားမယ်မထင်ပါဘူး။ သင့်အနေနဲ့ထူးဆန်းတဲ့အကြောင်းကိစ္စတွေတော်တော်များများကို သိရှိပြီးဖြစ်နေမယ်ဆိုရင်တောင်မှ အခုဖော်ပြပေးမယ့် ကျောက်တုံးကြီးအကြောင်းကိုတော့ သိရှိဦးမှာမဟုတ်ပါဘူး။ shwekhitonlinetv.com ဒီကျောက်တုံးကြီးဟာ လူသားတစ်ဦးရဲ့ကိုယ်အလေးချိန်ထက် အဆပေါင်းရာနဲ့ချီပြီး လေးလံတဲ့ကျောက်တုံးကြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလောက်အလေးချိန်စီးတဲ့ကျောက်တုံးကြီးကို သာမန်လူတစ်ယောက်အနေနဲ့ ဘာအကူပစ္စည်းမှမပါဘဲ လက်ချည်းသက်သက်နဲ့ လှုပ်ရှားအောင်ပြုလုပ်နိုင်ပါတယ်။ shwekhitonlinetv.com ဒီကျောက်တုံးကြီးကိုတော့ Trembling Stone လို့ခေါ်ကြပြီး ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Huelgoat သစ်တောထဲမှာ တွေ့ရှိနိုင်ပါတယ်။ သူ့ရဲ့အလေးချိန်ကတော့ (၁၃၂) တန်ရှိပါတယ်။ ဒီလောက်အလေးချိန်ရှိတဲ့ ကျောက်တုံးကြီးကို အားနည်းတဲ့သူတစ်ယောက်တောင်မှ လှုပ်ရှားအောင်ပြုလုပ်လို့ […]

News

ရည်စားဟောင်းက ပြန်ပေးဆွဲပြီး သူ့ရဲ့နာမည်ကို တက်တူးထိုးပေးခြင်းကို ခံလိုက်ရတဲ့ မိန်းကလေး

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကတော့ ဘရာဇီးလ်နိုင်ငံမှာ ထူးထူးခြားခြားပြန်ပေးဆွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီပြန်ပေးဆွဲမှုနဲ့ပတ်သက်တဲ့ သတင်းတွေဟာလည်း လူမှုကွန်ယက်တွေမှာ ချက်ချင်းပျံ့နှံ့သွားပြီး အတော်လေးကို လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ shwekhitonlinetv.com ဘာကြောင့်လဲဆိုတော့ ဒီပြန်ပေးဆွဲမှုဟာ သာမန်ပြန်ပေးဆွဲမှုတွေလို ခြိမ်းခြောက်ပြီးငွေညှစ်တာမျိုးမဟုတ်ဘဲ အသက် (၂၀) အရွယ်ကောင်လေးတစ်ဦးက သူ့ရဲ့ချစ်သူဟောင်းကိုပြန်ပေးဆွဲပြီး မျက်နှာပေါ်မှာ သူ့ရဲ့နာမည်ကို တက်တူးထိုးပေးပြီး ပြန်လွှတ်လိုက်လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီကောင်လေးနာမည်ကတော့ Gabriel Coelho ဖြစ်ပြီး ဘရာဇီးလ်နိုင်ငံတောင်ပိုင်း São Paulo ကဖြစ်ပါတယ်။ သူ့ရဲ့ရည်းစားဟောင်းကတော့ အသက် (၁၈) နှစ်အရွယ် Tayane […]

Amazing

ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ အလှအပထိန်းသိမ်းကြတဲ့ ပုံစံ (၇) မျိူး

လောကမှာလူအချို့ဟာအလှအပရေးရာကိစ္စတွေအတွက် ပုံမှန်မြင်နေတွေ့နေကြမဟုတ်တဲ့ ထူးထူးဆန်းဆန်းအရာတွေကိုပြုလုပ်တက်ကြပါတယ်။ တိရိစ္ဆာန်အညစ်အကြေးတွေကိုအသုံးပြုပြီး မျက်နှာကို Treatments လုပ်တာမျိုး အသည်းယားစရာကောင်းတဲ့ သတ္တဝါတွေကိုအသုံးပြုပြီး နှိပ်နယ်ကြတာမျိုးတွေပေါ့ ….. shwekhitonlinetv.com ဒီတစ်ခေါက်မှာတော့ အာရှိမှာရှိတဲ့နိုင်ငံအချို့က ဒီလိုမျိုးဝန်ဆောင်မှုပေးနေတဲ့ နာမည်ကျော် Beauty Treatments တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဘယ်လိုအရာမျိုးတွေဖြစ်မလဲဆိုတာကိုတော့ အကြောင်းအရာလေးကို ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော် ….. shwekhitonlinetv.com ၁။ ငှက်ချေးဖြင့်မျက်နှာသန့်စင်ခြင်း တစ်ချို့တွေကကိုယ့်အပေါ်ကို ငှက်ချေးပါချတဲ့အခါကံကောင်းတယ်လို့ယူဆကြပါတယ်။ ဒါပေမယ့် ရှေးခေတ်ဂျပန်တွေကတော့ ငှက်ချေးဟာကံကောင်းခြင်းသာမကဘဲ အလှအပဆိုင်ရာကိစ္စရပ်တွေအတွက်ပါ ကောင်းမွန်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့်ဂျပန်က […]

Amazing

တရုတ်နိုင်ငံမှာ လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်တဲ့ သေးစိမ်ကြက်ဥ တွေအကြောင်း

သင့်အနေနဲ့ နွေဦးရာသီမှာ တရုတ်နိုင်ငံ Zhejiang ပြည်နယ်ကို သွားရောက်လည်ပတ်ပါက ဆီး (သေး) စိမ်ထားသော ကြက်ဥများ၊ ဆီးစိမ်ထားသော ကြက်ဥများကို ချက်ပြုတ်ရန် ပြင်ဆင်နေသော ဈေးသည်အများအပြားကို တွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com သင့်အတွက်ဒါဟာ အထူးအဆန်းတစ်ခု၊ ရွံစရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တရုတ်နိုင်ငံမှာတော့ ဒါဟာ လူတိုင်းကြိုက်တဲ့ အစားအစားတစ်ခု ဒါမှမဟုတ် လူကြိုက်အများဆုံး ချက်ပြုတ်နည်းထဲကတစ်ခု ဖြစ်ပါသတဲ့။ ရောင်းချသူတွေကတော့ ဒါဟာကြက်ဥရဲ့လက်ဆက်မှုနဲ့ ငန်တဲ့အရသာကိုထိန်းထားနိုင်တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com အထူးသဖြင့်တော့ (၁၀) နှစ်အောက်ကလေးတွေရဲ့ ဆီးဟာဒီလို ဆီးစိမ်ကြက်ဥပြုလုပ်ဖို့အတွက် […]