Entertainment

ဆန်းဆန်းပြားပြား ဝတ်စုံတွေနဲ့ Smack Down အကျော်အမော်များ

ရွှေခေတ်ပရိသတ်တွေထဲမှာ Smack Down ကို ရူးသွပ်ခဲ့ကြဖူးတဲ့သူတွေရှိမယ်ထင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Smack Down သမိုင်းကြောင်းတစ်လျှောက် ထူးထူးဆန်းဆန်းဝတ်စုံတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြတဲ့ နပန်းသမားတစ်ချို့ကိုဖော်ပြပေးလိုင်ရပါတယ်။ shwekhitonlinetv.com ၁။ ဒါကတော့ ဒီကနေ့ Dwayne Johnson တစ်ဖြစ်လဲ The Rock ရဲ့ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေက ဝတ်စုံဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ WWE ခေတ်မတိုင်ခင် WWF ခေတ်မှာထင်ရှားခဲ့တဲ့ နပန်းသမားတစ်ဦးဖြစ်တဲ့ Battle Cat ရဲ့ဝတ်စုံဖြစ်ပါတယ်။ shwekhitonlinetv.com ၃။ […]

Fun

ထူးခြားတဲ့အိုင်ဒီယာနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ကြော်ငြာ Billboard များ

ကြော်ငြာဆိုတာကတော့ ယေဘူယျအားဖြင့် စားသုံးသူတွေကို သတိပြုမိအောင်ပြုလုပ်ခြင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အခုတစ်ခေါက်ဖော်ပြပေးမှာကတော့ အိုင်ဒီယာကောင်းကောင်းနဲ့ ကြော်ငြာထားတဲ့ Billboard နဲ့ နံရံကပ် ကြော်ငြာတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ကရိန်းတွေဟာ လူတွေရဲ့အမြင်ကိုဖမ်းစားတက်တဲ့အရာတွေဖြစ်ပါတယ်။ ဒီ ကိုကာကိုလာ ကြော်ငြာကတော့ ဒီအချက်ကိုအသုံးချထားတယ် ထင်ပါရဲ့။ shwekhitonlinetv.com ၂။ ဒါကတော့ Baking Power တွေထုတ်လုပ်ရောင်းချတဲ့ Royal ကုမ္ပဏီရဲ့ အဆောက်အဦး ဖြစ်ပါတယ်။ shwekhitonlinetv.com ၃။ ဒါကတော့ ပေ (၅၀) မြင့်တဲ့ အဆောက်အဦးတစ်ခုမှာ […]

Entertainment

အဆိုတော် Adele က သူမရဲ့ဝိတ်တွေကို ဘယ်လို လျော့ချခဲ့သလဲ

ဗြိတိန်နာမည်ကျော်အဆိုတော် Adele ကတော့ ရွှေခေတ်ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ သူမအနေနဲ့ စတင်နာမည်ကြီးတဲ့အချိန်မှာ အခြားအဆိုတော်တွေလိုမျိုး သွယ်လျတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ခဲ့တဲ့သူမဟုတ်ဘဲ အနည်းငယ်ဝဖိုင့်တဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com ဒါကြောင့် အင်တာဗျူးတစ်ခုမှာတော့ “ကျွန်မရဲ့အသွင်အပြင်နဲ့ပတ်သတ်ပြီး အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေအများကြီးရရှိခဲ့ဖူးပါတယ်။ ဒါဟာကျွန်မရဲ့အသက်မွေးဝမ်းကြောင်းတစ်ခုလုံးကို ကန့်သတ်ထားသလိုမျိုး ခံစားခဲ့ရပါတယ်။” လို့ Adele ကဖွင့်ဟဖူးပါတယ်။ shwekhitonlinetv.com ဒါပေမယ့် ဒီလိုအပျက်သဘောဆောင်တဲ့ မှတ်ချက်တွေဟာ Adele တစ်ယောက်ကိုကျရှုံးသွားတဲ့အထိ မထိုးနှက်နိုင်ခဲ့ပါဘူး။ “လူတွေကျွန်မရဲ့ ခန္ဓာကိုယ်အကြောင်းကိုပြောနေတာ လွန်ခဲ့တဲ့ (၁၂) […]

World Top

ကမ္ဘာ့အချမ်းသာဆုံးနဲ့ သြဇာအရှိန်အဝါအကြီးမားဆုံး ဘောလုံးအေးဂျင့်များ

ရွှေခေတ်ဘောလုံးပရိသတ်တွေအတွက် အခုတစ်ခေါက်မှာတော့ ဘောလုံးလောကရဲ့ ဝင်ငွေအကောင်းဆုံးနဲ့ သြဇာအကြီးမားဆုံး အေးဂျင့်တွေအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၇။ သောမတ်ကရို့သ် ဂျာမန်ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကရို့သ်ကတော့ အချမ်းသာဆုံးအေးဂျင့်စာရင်းမှာ အဆင့် (၇) ချိတ်သူဖြစ်ပါတယ်။ သူ့ကိုင်တွယ်ခဲ့တဲ့အထင်ရှားဆုံးကစားသမားအပြောင်းအရွှေ့တွေကတော့ မန်နူရယ်နူအာ၊ ရှင်ဂျီကာဂါဝါ နဲ့ အလက်ဇန္တားဒရာဂိုဗစ်တို့ဖြစ်ပါတယ်။ အပြောင်းအရွှေ့တန်ဖိုး (၁၄၆) သန်းလောက်ကို သူ့အနေနဲ့ အေးဂျင့်အဖြစ်ဆောင်ရွက်ဖူးပြီး ကော်မရှင်ခချည်း (၁၄.၇) သန်းလောက်ရထားပါတယ်။ shwekhitonlinetv.com ၆။ ဖာနန်ဒို ဖီလီချီဗစ် အာဂျင်တိုင်း အေးဂျင့်တစ်ဦးဖြစ်တဲ့ […]

World Top

ဥရောပရွှေဖိနပ်ဆုကို အကြိမ်အများဆုံးဆွတ်ခူးရရှိထားသောကစားသမားများ

ဥရောပဂိုးသွင်းအများဆုံးကစားသမားဆုကိုတော့ (၁၉၆၇-၁၉၆၈) ဘောလုံးရာသီမှာ စပိန်အားကစားမဂ္ဂဇင်းဖြစ်တဲ့ L’Equipe ကနေစတင်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဒီဆုကိုပထမဆုံးရရှိခဲ့တဲ့ ကစားသမားကတော့ ပေါ်တူဂီ ဂန္တဝင်တိုက်စစ်မှုးကြီး အူဆီဘီယိုပဲဖြစ်ပါတယ်။ သူ့အနေနဲ့ အဲ့ဒီရာသီက ဘင်ဖီကာအသင်းနဲ့အတူသွင်းဂိုး (၄၂) ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဒီဆုကိုဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ၁၉၉၆-၉၇ ခုနှစ်မှာတော့ ဥရောပတစ်လွှားကနာမည်ကျော်အားကစား မဂ္ဂဇင်း (၁၄) စောင်က European Sports Medias (ESM) ဆိုပြီးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ယနေ့တိုင် ဒီဆုကိုပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်အခုတစ်ခေါက်မှာတော့ ESM Golden […]

Amazing

ရွှေသားအစစ်ဖြင့် ပြုလုပ်ထားတဲ့ ကမ္ဘာ့စျေးအကြီးဆုံး စက်ဘီးရဲ့ တန်ဖိုး

Goldginie ဆိုတာကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ အခြေစိုက်ပြီး နာမည်ကျော် ဇိမ်ခံပစ္စည်းအသစ်အဆန်းတွေကို တီထွင်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု အဖြစ်လူသိများကျော်ကြားလှပါတယ်။ shwekhitonlinetv.com အခုတစ်ခေါက်မှာတော့ ဒီကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ ရွှေသားအစစ်နဲ့ပြုလုပ်ထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးစက်ဘီး (ပြိုင်ဘီး) တစ်စီးအကြောင်း ကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဗြိတိန် ဇိမ်ခံပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Goldgenie ဟာ ရွှေနဲ့ပြုလုပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို မကြာခဏပြုလုပ်ဖန်တီးပြီး နာမည်ရထားတာဖြစ်ပေမည့် အခုလိုမျိုးပြိုင်ဘီး စက်ဘီးတစ်ခုလုံးကို ရွှေအစစ်နဲ့ဖန်တီးပြုလုပ်တာကတော့ ပထမဆုံးပဲဖြစ်ပါတယ်။ shwekhitonlinetv.com စက်ဘီးတစ်စီးလုံးနီးပါးကို ၂၄ ကာရက်ရွှေအစစ်နဲ့ပြုလုပ်ထားတာဖြစ်ပြီး […]

Amazing

စားသောက်ဆိုင်မှာ ပင်လယ်စာသွားစားရင်းနဲ့ ချမ်းသာသွားတဲ့ လင်မယားနှစ်ဦးရဲ့အဖြစ်

Tenafly မှာနေထိုင်တဲ့ အသက် (၅၂) နှစ်အရွယ် Anton Schermer ဟာ Staples ကုမ္ပဏီရဲ့ အရောင်းအမှုဆောင်တစ်ဦးဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ New Jersey ပြည်နယ် Closer မှာ မကြာသေးမီက ဖွင့်လှစ်လိုက်တဲ့ Stern & Bow စားသောက်ဆိုင်မှာ ညစာစားခဲ့ပါတယ်။ shwekhitonlinetv.com ဒီလို ညစာစားနေရင်းနဲ့ Schermer ဟာသူ့ရဲ့သွားကြားမှာတစ်စုံတစ်ခု ညပ်နေသလိုခံစားရပြီး လက်နဲ့ဆွဲထုတ်ခဲ့ပါတယ်။ သူ့ရဲ့စိတ်ထဲမှာတော့ သူစားနေတဲ့ ကမာကောင်ရဲ့ […]

Amazing

ဈေးနှုန်းကြည့်လိုက်တာနဲ့ ပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် ကမ္ဘာ့ဈေးအကြီးဆုံး သရက်သီး

အိန္ဒိယနိုင်ငံ Madhya Pradesh မှာရှိတဲ့ စုံတွဲတစ်တွဲဟာ သရက်ပင်နှစ်ပင်ရှိတဲ့ သူတို့ရဲ့ ခြံဝန်းကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အစောင့်တစ်ဒါဇင်နီးပါးကိုငှားရမ်းခန့်အပ်ခဲ့ပြီး ခွေးများကိုလည်း မွေးမြူထားခဲ့တယ်လို့ငိရပါတယ်။ shwekhitonlinetv.com အကြောင်းကတော့ ဒီသရက်ပင်တွေဟာ သာမန်သရက်ပင်တွေမဟုတ်ဘဲ နိုင်ငံတကာဈေးကွက်မှာ တစ်ကီလိုကို အိန္ဒိယရူပီး ၂.၇ သိန်း (အမေရိကန်ဒေါ်လာ ၃၅၀၀) ဝန်းကျင်နဲ့ ရောင်းချနိုင်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဂျပန်မီယာဇာကီ သရက်သီးမျိုးဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com Sankalp Singh Parihar လို့ခေါ်တဲ့ ဒီအမျိုးသားဟာ မျိုးစပ်အုန်းပင်တွေကို လိုက်လံရှာဖွေဝယ်ယူရင်းကနေအဆိုပါ မီယာဇာကီ […]

Amazing

Photoshop နဲ့ပြုပြင်ဖို့မလိုအောင် မှော်ဆန်လွန်းနေတဲ့ ဓာတ်ပုံများ

တစ်ခါတစ်ရံမှာ သဘာဝတရားကြီးရဲ့ ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊ ဓာတ်ပုံဆရာတစ်ချို့ရဲ့ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ လက်စွမ်းပြရိုက်ကူးမှုတွေဟာ မိမိမျက်စိကိုတောင်မှ မယုံကြည်နိုင်လောက်အောင် လှပဆန်းကြယ်လွန်းတက်ပါတယ်။ အခုတစ်ခါမှာလည်း Photoshop နဲ့ ပြုပြင်ထားတယ်လို့ထင်ရလောက်အောင် လှပပြီး မှော်ဆန်လွန်းတဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ ရေဒီယိုတယ်လီစကုပ်ကြီးတစ်ခုရဲ့ အပေါ်တည့်တည့်ကို လမင်းကြီးရောက်ရှိနေချိန်မှာ ချိန်သားကိုက်ရိုက်ကူးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ ဒါကတော့ ဂျပန်နိုင်ငံ တိုယာမ ပင်လယ်အော်မှာတွေ့ရတဲ့ ပိုးစုန်းကြူးပြည်ကြီးငါးတွေဖြစ်ပါတယ်။ သူတို့ဟာ အရှည် (၃) လက်မလောက်ရှိပြီး အခုလိုအလင်းရောင်ထွက်နိုင်တဲ့ အထူးအင်္ဂါတွေပါရှိပါတယ်။ shwekhitonlinetv.com ၃။ […]

Amazing

ကမ္ဘာ့အကြီးဆုံး Hummer H1 X3 ကားကြီး

ရွှေခေတ်ပရိတ်သတ်ကြီးအနေနဲ့ အမေရိကန်နိုင်ငံအခြေစိုက် AM General ကထုတ်လုပ်တဲ့ Hummer H1 ကားအမျိုးအစားတွေကိုမြင်ဖူးကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့်အခုဖော်ပြပေးမယ့် Hummer H1 ကားအမျိုးအစားကတော့ သာမန် Hummer H1 တွေနဲ့မတူဘဲ တစ်မူထူးခြားလှပါတယ်။ shwekhitonlinetv.com ဒီကားကိုတော့ Hummer H1 X3 လို့အမည်ပေးထားပါတယ်။ သာမန် Hummer H1 ကားတွေရဲ့ အရွယ် အစားထက် (၃) ဆပိုပြီးကြီးမားတာကြောင့်အခုလိုမျိုး အမည်ပေးထားတာလည်းဖြစ်ပါတယ်။ ဒီကားရဲ့အရွယ်အစားဟာဆိုရင်တော့ အမြင့် (၂၂) ပေနီးပါးရှိပြီး […]