တရုတ်နိုင်ငံက နာမည်ကျော် လမ်းဘေးအစားအစာ တစ်ခုဖြစ်တဲ့ ကျောက်စရစ်ခဲကြော်
တရုတ်လူမျိုးတွေဟာ ပုံမှန်ထက်ထူးခြားတဲ့ ဟင်းလျာတွေကိုချက်ပြုတ်တီထွင် စားသောက်တဲ့နေရာမှာတော့ တစ်ကယ့်ကိုပြိုင်စံရှားပါပဲ။ အခုတစ်ခေါက်လည်းသူတို့ရဲ့ ရိုးရာအစားအစာတစ်ခုထဲက ကျောက်စရစ်ခဲကြော် အကြောင်းကို အနည်းငယ်လောက်ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ကျောက်စရစ်ခဲကြော်ဆိုတာ တင်စားခေါ်ဝေါ်တဲ့အမည်မဟုတ်ပါဘူး။ တစ်ကယ့်ကျောက်စရစ်ခဲတွေကို ဟင်းလျာအနေနဲ့ကြော်ပြီးစားတာဖြစ်ပါတယ်။ ဒီအတွက် အလွန်အရသာရှိတဲ့ဟင်းခတ်အမွှေးအကြိုင်တွေကို အသုံးပြုပြီးကြော်လှော်ထားတာပါ။ တရုတ်လူမျိုးတွေကတော့ ဒီဟင်းလျာရဲ့နာမည်ကို Suodiu လို့ပေးထားကြပါတယ်။ shwekhitonlinetv.com ဘယ်လိုစားရမှာလဲဆိုတော့ အရသာရှိတဲ့ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အနှစ်တွေက ကျောက်စရစ်ခဲတွေမှာ ပေကျံနေမှာဖြစ်ပြီး စားသုံးသူအနေနဲ့ အဲ့ဒီကျောက်စရစ်ခဲတွေဆီက အရသာကိုစုပ်ယူပြီး ကျောက်စရစ်ခဲတွေကို တော့ ပြန်လည်ထွေးထုတ်တဲ့ပုံစံမျိုးနဲ့စားသုံးရမှာဖြစ်ပါတယ်။ shwekhitonlinetv.com စုပ်ယူထွေးထုတ်ပြီးတဲ့ ကျောက်စရစ်ခဲတွေကိုတော့ ဆိုင်ကိုပြန်ပေးစရာမလိုပါဘူး။ […]