Amazing

မသိတဲ့လူတွေ နားလည်မှာမဟုတ်တဲ့ မှော်ဆန်လွန်းသော ကမ္ဘာပေါ်က ဖြစ်စဥ်များ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို အံ့သြမှင်သတ်သွားစေနိုင်လောက်တဲ့ သဘာဝတရားကြီးရဲ့ မှော်ဆန်လွန်းတဲ့ ဖြစ်စဉ်တွေအကြောင်းကိုဖော်ပြချင်ပါတယ်။ ဒီဖြစ်စဉ်လေးတွေကိုတော့ အင်မတန်ထူးချွန်လှတဲ့ ဓာတ်ပုံဆရာတွေက မှတ်တမ်းတင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ Ball Lightning ဒီပုံလေးကတော့ အတော်လေးကို အံ့အားသင့်စရာကောင်းလွန်းပါတယ်။ မှိုတစ်ပွင့်ရဲ့ထိပ်မှာ ပူဖောင်းလေးတစ်ခုဖြစ်တည်နေချိန်မှာ ဓာတ်ပုံဆရာကအလင်းတစ်ခုကို ဖန်တီးပြီး ရိုက်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ Amigos Klyuchevskaya Sopka မီးတောင်ရဲ့ ပြာမှုန်တွေမှုတ်ထုတ်မှုက တိမ်တွေနဲ့ပေါင်းစပ်ပြီးထူးခြားတဲ့ သဘာဝဖြစ်စဉ်တွေဖြစ်ပေါ်နေတာပါ။ ကြည့်ရတာတောင်တွေက ဦးထုပ်ကိုယ်စီဆောင်းထားသလိုပါပဲနော်။ shwekhitonlinetv.com ၃။ The golden cliffs […]

Amazing

သဘာဝရဲ့အလှကို စိတ်ကူးစိတ်သန်းကောင်းတွေနဲ့ ရိုက်ကူးထားကြတဲ့ ဓာတ်ပုံဆရာများ

ကမ္ဘာကြီးပေါ်က လှပလွန်းတဲ့သဘာဝတရားတွေနဲ့ စိတ်ကူးစိတ်သန်းကောင်းလွန်းတဲ့ ဓာတ်ပုံဆရာတွေနဲ့ ပေါင်းစပ်မိတဲ့အခါမှာတော့ အလွန်ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဓာတ်ပုံတွေရရှိလာပါတယ်။ အဲ့ဒီလို ဓာတ်ပုံတွေထဲက အချို့ကိုတော့ ရွှေခေတ်ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ မြူခိုးဝေနေတဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဆော့ဆာလီတို မြို့လေးရဲ့ ညရှုခင်း ။ shwekhitonlinetv.com ၂။ စပိန်နိုင်ငံ မက်ဒရစ်မြို့ကနေမြင်တွေ့ရတဲ့ Red Moon ဖြစ်စဉ် ။ shwekhitonlinetv.com ၃။ အာလူးခင်းများနှင့် ဆိတ်ငြိမ်အေးချမ်းလှတဲ့နေချင်စဖွယ် အိမ်ကလေး။ shwekhitonlinetv.com ၄။ အိုက်စလန်နိုင်ငံရဲ့ တောင်ထိပ်တစ်ခုမှာတွေ့ရတဲ့ တောင်တက်သမားတစ်ဦး ။ shwekhitonlinetv.com […]

Amazing

သဘာဝအတိုင်း အရောင် နှစ်ရောင်စပ်ပြီး လှပနေကြတဲ့ တိရိစ္ဆာန်လေးများ

လောကကြီးမှာရှိတဲ့ လူသားတွေဟာတစ်ခါတစ်ရံမှာ ပုံမှန်မဟုတ်ဘဲထူးခြားတဲ့ အသွေးအမွေး အမှတ်အသားတွေနဲ့ မွေးဖွားလာတက်ကြပါတယ်။ ဒီလိုပါပဲ တိရိစ္ဆာန်တွေဟာလည်း ထူးခြားဆန်းပြားတဲ့ အသွင်အပြင်တွေနဲ့ မွေးဖွားလာတာမျိုးတွေရှိတက်ပါတယ်။ ဒီအချက်ကိုသက်သေပြနေတာကတော့ အောက်မှာဖော်ပြထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ဒီကြောင်လေးလိုမျိုး မျက်ခုံးမွှေးလိုချင်ကြလား ? shwekhitonlinetv.com ၂။ ဒီကြက်တူရွေးလေးရဲ့ ခန္ဓာကိုယ်အရောင်ကလည်း မသိရင်ဆေးခြယ်ထားသလိုပါပဲ။ အစိမ်းတစ်ဝက် အပြာတစ်ဝက်နဲ့ ။ shwekhitonlinetv.com ၃။ ဒါကတော့ စပိုက်ဒါမန်းအထာဖမ်းနေတဲ့ ပုတ်သင်ညိုလေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၄။ ဒီခွေးကလေးကလည်း မွေးကတည်းကနှာခေါင်းမှာထူးထူးခြားခြား ခြေရာလေးပါလာတယ်လေ။ shwekhitonlinetv.com ၅။ ဘာလို့သူ့ရဲ့ဆံပင်အရောင်ကို […]

Amazing

ခရမ်းရောင်ကြိုက်သူတွေအတွက် တောင်ကိုရီးယားနိုင်ငံက သီးသန့်ကမ္ဘာလေး တစ်ခု

သင့်အနေနဲ့အရောင်တွေထဲမှာ ဘယ်အရောင်ကို ကြိုက်နှစ်သက်ဆုံးဖြစ်ပါသလဲ ? တစ်ကယ်လို့များသင်က ခရမ်းရောင်ကိုအလွန်တရာမှ ကြိုက်နှစ်သက်တဲ့သူတစ်ဦးဖြစ်နေခဲ့မယ်ဆိုရင်တော့ အခုဖော်ပြမယ့် ကျွန်းကလေးကို တစ်ကြိမ်တစ်ခါလောက်တော့ သွားရောက်လည်ပတ်ဖို့အကြံပြုပါရစေ …. shwekhitonlinetv.com ဘာကြောင့်အခုလိုအကြံပေးရသလဲဆိုတော့ ဒီကျွန်းပေါ်မှာ မြင်တွေ့ရသမျှ အရာအားလုံးဟာခရမ်းရောင်တွေချည်းပဲ ဖြစ်နေလို့ပါ။ ဟုတ်ပါတယ်။ ဒီကျွန်းလေးကတော့ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ Banwol လို့အမည်ရတဲ့ကျွန်းလေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီကျွန်းပေါ်မှာရှိတဲ့ အဆောက်အုံတွေ၊ ပရိဘောဂအသုံးအဆောင်တွေ၊ စိုက်ခင်းတွေ၊ မော်တော်ယာဉ်တွေနဲ့ အခြားအသုံးအဆောင်အကုန်လုံးက ခရမ်းရောင်တစ်မျိုးတည်းဖြစ်နေတာပါ။ ဒါဟာဒီကျွန်းကို ကမ္ဘာလှည့်ခရီးသွားတွေလာရောက်ဖို့အတွက် အဓိကဆွဲဆောင်နေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ shwekhitonlinetv.com တောင်ကိုးရီးယားနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ […]

Amazing

ကမ္ဘာကြီးက ဘယ်လောက်အထိ လှပကြောင်း သင့်ကိုပြောပြမယ့် ဓာတ်ပုံများ

ကမ္ဘာမြေကြီးဟာ သဘာဝအလှတရားတွေနဲ့ ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ဂြိုဟ်ကြီးတစ်လုံးဖြစ်ပါတယ်။ ကမ္ဘာ့အတော်ဆုံးအကြီးမြတ်ဆုံး ပန်းချီဆရာတွေတောင်မှ ကမ္ဘာမြေကြီးရဲ့အလှအပတရားအားလုံးကို ပေါ်လွင်အောင်ဖော်ကြူးနိုင်ကြမယ်လို့မထင်ပါဘူး။ ဒီလိုအလှတရားတွေထဲကမှ သင့်အနေနဲ့ မမြင်ဖူးလောက်သေးတဲ့ ဒေသအချို့က အလှတရားတွေကိုဖော်ပြပေးလိုက်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦးနော် ….. shwekhitonlinetv.com ၁။ အမေရိကန်နိုင်ငံ Pensacola ကမ်းခြေရဲ့နေဝင်ချိန် … shwekhitonlinetv.com ၂။ ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်းမှ Blue Pond ရေကန်ငယ် … shwekhitonlinetv.com ၃။ အာဖရိကတိုက်မှ Namib သဲကန္တာရ … shwekhitonlinetv.com ၄။ ဂျပန်နိုင်ငံ မှ […]

Amazing

တခြားဂြိုလ်တခုကနေ ရောက်ရှိလာတယ်လို့တောင် ထင်မှတ်ရစေတဲ့ သမုဒ္ဒရာကြမ်းပြင်က သတ္တဝါဆန်းများ

ကျွန်တော်တို့ လူသားတွေဟာ ကုန်းပေါ်မှာရှိတဲ့ သတ္တဝါတွေရဲ့ အကြောင်းကို လေ့လာနိုင်ပေမယ့် ရေအောက်မှာရှိတဲ့ သတ္တဝါတွေရဲ့အကြောင်းကို လေ့လာနိုင်မှု အရမ်းနည်းပါးပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေအောက်ကြမ်းပြင်ရဲ့ မမြင်နိုင်တဲ့ အန္တရာယ်တွေ အတားအဆီးတွေကြောင့် လေ့လာနိုင်မှု နည်းပါးရခြင်း ဖြစ်ပါတယ်။ ရေနေသတ္တဝါပေါင်း ၂၃၀,၀၀၀ ခန့်ကို လေ့လာပြီးဖြစ်ပေမယ့်လည်း ဆန်းကြယ်တဲ့သတ္တဝါဆန်းတွေကတော့ အမြဲမပြတ် ရှိနေပါသေးတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အခြားဂြိုလ်တခုကနေ ရောက်လာသလို ထူးဆန်းလှတဲ့ ရေနေသတ္တဝါဆန်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ Sea Angel […]

Amazing

ဒရုန်းပေါ်ကနေ ရိုက်ကူးထားတဲ့ အံ့မခန်းဓာတ်ပုံများ (၁၅) ပုံ

နည်းပညာတွေ ခေတ်မီတိုးတက်လာတဲ့ ယနေ့ကမ္ဘာကြီးမှာတော့ ဓာတ်ပုံပညာရှင်တွေဟာ သူတို့ရဲ့ဓာတ်ပုံတွေကို ရှုထောင့်မျိုးစုံကနေ ဆန်းသစ်တဲ့အမြင်တွေနဲ့ ရိုက်ကူးလာကြပါတယ်။ ဒီအထဲမှာ ဒရုန်းတွေနဲ့ ဝေဟင်ကနေရိုက်ကူးထားတဲ့ပုံတွေကတော့ ကြည့်ရှုသူတွေကို အတော်လေးကို ရင်သပ်ရှုမောသွားနိုင်စေပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းဒရုန်းတွေနဲ့ ရိုက်ကူးထားတဲ့အလှပဆုံးပုံလေးတွေကို ကြည့်လိုက်ရအောင် ….. shwekhitonlinetv.com ၁။ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံနယ်စပ်မှာရှိတဲ့ လှပတဲ့ နိုင်ရာဂရာရေတံခွန်ကို အပေါ်စီးကနေဒရုန်းနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရေတံခွန်ကနေ (၁) စက္ကန့်ကို ရေဂါလံ (၃၀၀၀) လောက်စီးဆင်းလျက်ရှိပါတယ်။ shwekhitonlinetv.com ၂။ […]

Amazing

သားရဲတိရိစ္ဆာန်တွေကို ကိုယ့်သားသမီးလို သဘောထားပြီး စောင့်ရှောက်ထားတဲ့ သခင်များ

တောရိုင်းတိရိစ္ဆာန်တွေကို အိမ်မွေးတိရိစ္ဆာန်တွေလိုမျိုးမွေးသင့်၊ မမွေးသင့်ဆိုတာ နှစ်ကာလကြာမြင့်စွာဆွေးနွေးခဲ့ကြပြီး အဖြေမပေါ်သေးတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ တစ်ကယ်တမ်းမှာလည်း တောရိုင်းတိရိစ္ဆာန်တွေဟာ အလွန်အန္တရာယ်များတာကြောင့် မွေးမြူဖို့မသင့်ဆိုတဲ့ဘက်ကို မဲပေးသူကပိုများနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့လူတွေကတော့ တောရိုင်းတိရိစ္ဆာန်တွေကို ယဉ်ပါးအောင်မွေးမြူလို့ရတယ်ဆိုတာကို သူတို့နဲ့အတူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ အတူသက်သေပြခဲ့ကြပါတယ်။ shwekhitonlinetv.com ၁။ ကျားတွေဟာ နူးညံ့သောဝိညာဉ်ရှိတဲ့ကြောင်တစ်ကောင်သာဖြစ်တယ်လို့ ဆိုခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား မာလန်း။ shwekhitonlinetv.com ၂။ မိချောင်းနဲ့အတူနေထိုင်တဲ့ မိန်းကလေး။ shwekhitonlinetv.com ၃။ ဒါကတော့ထူးထူးခြားခြား အင်းဆက်တွေနဲ့ ယဉ်ပါးနေတဲ့သူတစ်ဦးပါ။ shwekhitonlinetv.com ၄။ အဖိုးအို တစ်ဦးရဲ့ရှေ့မှာ သားသမီးအရင်းသဖွယ် […]

Amazing

ရိုမန့်တစ်ဆန်ဆန် နေထိုင်လို့ရမယ့် ကမ္ဘာတစ်လွှားက သစ်ပင်အိမ်ကလေးများ နှင့် ဟိုတယ်များ

ငယ်စဉ်ကလေးဘဝတုန်းက သစ်ပင်တွေပေါ်မှာ လင့်စင်ထိုးပြီးနေရတာကိုသဘောကျနှစ်သက်တဲ့ သူတွေရှိမယ်ထင်ပါတယ်။ ဒါမှမဟုတ်လည်း ရုပ်ရှင်တွေထဲကသစ်ပင်အိမ်လေးတွေကို မြင်ပြီး အဲ့ဒီလိုမျိုးနေချင်ခဲ့ကြဖူးတဲ့ သူတွေလည်းရှိမယ်ထင်ပါတယ်။ အခုဖော်ပြမယ့် သစ်ပင်တွေပေါ်မှာတည်ဆောက်ထားတဲ့ ဟိုတယ်တွေကတော့ သင့်ရဲ့ငယ်ဘဝစိတ်ကူးကို အကောင်အထည်ဖော်ပေးနိုင်မှာအသေအချာပါပဲ။ shwekhitonlinetv.com ၁။ Tongabezi Lodge Treehouse , Zambia အာဖရိကတိုက်က ဇမ်ဘီယာနိုင်ငံမှာတော့ ကြီးမားတဲ့သစ်ပင်ကြီးတွေပေါ်မှာတည်ဆောက်ထားတဲ့ ဇိမ်ခံဟိုတယ်တွေရှိပါတယ်။ ဒီဟိုတယ်တွေကနေ Zambezi မြစ်ရဲ့အလှအပကိုခံစားနိုင်သလို ပတ်ဝန်းကျင်တောတောင်ရေမြေအလှတွေကို ခံစားနိုင်ဖို့အတွက် ဘေးပတ်ပတ်လည်ကိုကာရံထားခြင်းမျိုးမရှိပါဘူး။ နောက်ပြီး King Size မွေ့ယာတစ်ခုနဲ့ မှတ်၊ […]

Amazing

နေထိုင်ရာ အိမ်နဲ့ ခြံဝန်းထဲမှာ မမျှော်လင့်ဘဲ တွေ့ရှိရတဲ့ ထူးထူးဆန်းဆန်း အရာများ

သင့်အနေနဲ့ သင့်ရဲ့နေအိမ်ခြံဝန်း ဒါမှမဟုတ် နေအိမ်ပတ်ဝန်းကျင်အနီးအနားကနေ မမျှော်လင့်ဘဲနဲ့ ထူးဆန်းတဲ့အရာတွေရှာဖွေတွေ့ရှိတာမျိုး ကြုံဖူးပါသလား။ လူတိုင်းတော့ဒီလိုအဖြစ်မျိုးမကြုံတွေ့နိုင်ပေမယ့် ကြုံဖူးတဲ့လူတွေကလည်း အများအပြားရှိနေပါတယ်။ အခုဖော်ပြပေးမှာကတော့ ဒီလိုလူတွေထဲက အထူးဆန်းဆုံးအရာတွေကို တွေ့ရှိခဲ့တဲ့ လူတစ်ချို့ရဲ့ ရှာဖွေတွေ့ရှိခဲ့မှုတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ကမ္ဘာဦးအစက အမွှေးပွဆင်ကြီးတစ်ကောင်ရဲ့အရိုး လူသားတွေအနေနဲ့ သမိုင်းမတင်မီခေတ်က ကမ္ဘာမြေပေါ်မှာနေထိုင်ခဲ့တဲ့ သက်ရှိတွေအကြောင်းကိုသိရှိဖို့အတွက် ကျောက်ဖြစ်ရုပ်ကြွင်းရှာဖွေမှုတွေအပေါ်မှာ များစွာအားကိုးနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်က သက်ရှိတွေဟာဘယ်လိုပုံစံရှိပြီး ဘယ်လိုရှင်သန်ကျက်စားကြတယ်ဆိုတာကို ပြန်ပြောပြနိုင်မယ့်သူမရှိသလို မှတ်သားထားတဲ့ မှတ်တမ်းမှတ်ရာတွေလည်း မရှိလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com အိုင်အိုဝါပြည်နယ်မှာနေထိုင်တဲ့ လူတစ်ဦးဟာ […]