Amazing

ထူးခြားတဲ့ စူပါပါဝါတွေ ပိုင်ဆိုင်ထားကြတဲ့ ငါးမျိူးစိတ် (၇) မျိုး

ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ထူးခြားတဲ့စူပါပါဝါ တွေကိုပိုင်ဆိုင်ထားတဲ့ ငါးတစ်ချို့အကြောင်းဖော်ပြပေးချင်ပါတယ်။ ဘယ်ငါးတွေက ဘယ်လိုစူပါပါဝါတွေရှိနေမလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် …… shwekhitonlinetv.com ၁။ ကမ္ဘာ့ကြီးရဲ့သံလိုက်စက်ကွင်းတွေကို အသုံးချတဲ့ဆော်လမွန်ငါးများ ဆော်လမွန်ငါးတွေဟာ ရေချိုမှာသားပေါက်ကြပြီး အရွယ်ရောက်လာတဲ့အခါမှာတော့ မိုင်ထောင်ချီဝေးတဲ့ ပင်လယ်ဆီကိုကူးခတ်သွားကြပါတယ်။ ဥများဥချိန်ရောက်တဲ့အခါမှာတော့ မူလသားပေါက်ခဲ့တဲ့နေရာကိုတန်းတန်းမတ်မတ်ပြန်လာကြပါတယ်။ သူတို့သွားတဲ့ခရီးအကွာအဝေးဟာ တစ်ခါတစ်ရံမှာ မိုင် (၂၀၀၀) လောက်တောင်ရှိပါတယ်။ ဒီလိုမျိုး မူလနေရာကိုမှတ်မိပြီးပြန်လာကြတာဟာ ဆော်လမွန်ငါးတွေအနေနဲ့ ကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်းတွေကိုကောင်းစွာအသုံးချနိုင်ခြင်းကြောင့်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ shwekhitonlinetv.com ၂။ မိချောင်းတွေကိုစားတဲ့ ငါးများ […]

Amazing

ကမ္ဘာတစ်လွှားက အံ့အားသင့်စရာရုပ်ထုများ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကမ္ဘာတစ်လွှားက အံ့အားသင့်စရာအကောင်းဆုံးရုပ်တုတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကြည့်ရှုလေ့လာကြည့်ပါဦးနော် ….. shwekhitonlinetv.com ၁။ Ocean Atlas အလွန်ကြီးမားလှတဲ့ Ocean Atlas ရုပ်တုကြီးကတော့ ဘဟားမားစ် နိုင်ငံရဲ့ကမ်းလွန်ရေအောက်တစ်နေရာမှာတည်ရှိတာဖြစ်ပါတယ်။ ဒီရုပ်တုကြီးကတော့ အလွန်ကြီးမားတဲ့အမျိုးသမီးတစ်ဦးက သမုဒ္ဒရာကြီးကို ထမ်းထားတဲ့ပုံစံဖြစ်ပြီး ဖန်တီးခဲ့တဲ့ အနုပညာရှင်ကတော့ အင်္ဂလိပ်လူမျိုး Jason deCaires Taylor ဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ The Black Ghost The Black […]

Amazing

မြင်တွေ့နေကျ မဟုတ်ပဲ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ရေနေသတ္တဝါဆန်းများ

ကမ္ဘာကြီးရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ရေတွေနဲ့ ဖုံးလွှမ်းထားတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ကြမှာပါနော် ။ ဒါ့ကြောင့် ရေနေသတ္တဝါဆန်းတွေကို အချိန်နဲ့အမျှ ရှာဖွေတွေ့ရှိနေတယ်ဆိုတာ အံ့သြစရာမဟုတ်ပါဘူး။ နက်ရှိုင်းတဲ့ သမုဒ္ဒရာကြမ်းပြင်ကြီးဟာ ထူးဆန်းပြီး ရှားပါးလှတဲ့ ရေနေသတ္တဝါတွေရဲ့ အိမ်ကြီးပဲ ဖြစ်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် မြင်တွေ့နေကျမဟုတ်ပဲ ဆန်းကြယ်လှတဲ့ သွင်ပြင်ရှိတဲ့ ရေနေသတ္တဝါဆန်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ၁။ Blobfish Blobfish ငါးလေးတွေဟာ သမုဒ္ဒရာရေနက်ပိုင်းမှာ နေထိုင်တဲ့ ငါးမျိုးစိတ်ပဲ ဖြစ်ပါတယ်။ တော်ရုံလူမသွားရောက်နိုင်တဲ့ […]

Amazing

တချို့သော တိရစ္ဆာန်လေးတွေရဲ့ လူသိနည်းပြီး ထူးဆန်းတဲ့ အကျင့်စရိုက်များ

တခါတလေမှာ သဘာဝတရားကြီးနဲ့ ပက်သက်ပြီး ကျွန်တော်တို့ မြင်တွေ့ဖူး ကြားဖူးတာတွေထက် ပိုပြီး ထူးဆန်းအံ့သြဖွယ်ရာတွေ ရှိလို့နေပါတယ်။ ဒီတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် သားရိုင်းတိရစ္ဆာန်လေးတွေနဲ့ ပက်သက်ပြီး လူသိနည်းတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ Sloths Sloths လို့ ခေါ်တဲ့ မျောက်မောင်းမတွေကိုတော့ နှေးကွေးပြီး ပျင်းရိတဲ့ တိရစ္ဆာန်လေးတွေအဖြစ် အားလုံးသိကြမယ် ထင်ပါတယ်။ လက်ချောင်း ၃ ချောင်းပါတဲ့ Sloths အမတွေဟာ မိတ်လိုက်တဲ့ ရာသီမှာ […]

Amazing

ကမ္ဘာပေါ်မှာ တကယ်ရှိတဲ့ ထူးဆန်းသော နေရာ (၁၀) နေရာ

ထူးခြားဆန်းပြားတဲ့ နေရာဒေသတွေဆိုတာကတော့ ကမ္ဘာပေါ်မှာပြောပြလို့မကုန်နိုင်အောင် များပြားလှပါတယ်။ အဲ့ဒီထဲက လူတွေသိပ်မသိသေးတဲ့ နေရာဒေသ (၁၀) ခုကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com ၁။ Door To Hell , Turkmenistan ဒီနေရာကတော့ တာ့ခ်မင်နစ္စတန်နိုင်ငံအတွင်းမှာတည်ရှိတာဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာပြိုကျခဲ့တဲ့သဘာဝဓာတ်ငွေ့တွင်းဖြစ်ပါတယ်။ ဒီနေရာကနေ မီသိန်းဓာတ်ငွေ့ပျံ့နှံ့မှုကိုတားဆီးဖို့အတွက် ဘူမိဗေဒပညာရှင်တွေက မီးတင်ရှို့ခဲ့ရာကနေ ယနေ့ထက်ထိဆက်တိုက်လောင်ကျွမ်းနေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ Fly Geyser , Nevada အမေရိကန်နိုင်ငံ နီဗားဒါး ပြည်နယ်မှာရှိတဲ့ ဒီနေရာကိုတော့ မိုးပျံရေပူစမ်းတွေလို့ခေါ်ကြပါတယ်။ ဘူမိစွမ်းအင်အရင်းအမြစ်တွေရှာဖွေရင်းကနေ […]

Amazing

ဆိုးဝါးလွန်းတဲ့ ရာသီဥတုနဲ့ ရင်ဆိုင်ခဲ့ရကြောင်း သက်သေပြနေတဲ့ ပုံရိပ်များ

ခေတ်စနစ်တွေ တိုးတက်လာတာနဲ့အမျှ ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေတွေကိုလည်း လူသားတွေဟာ နေ့စဥ်နဲ့အမျှ ရင်ဆိုင်နေကြရပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ဆိုးဝါးလှတဲ့ ရာသီဥတု ဖြစ်နေပါစေ လူသားတွေဟာ အတူယှဥ်တွဲ နေထိုင်နိုင်ခဲ့ကြပါတယ်။ အခုတခေါက်မှာတော့ အပြောင်းအလဲမြန်တဲ့ ရာသီဥတုကို လူသားတွေအနေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ အားကစားကွင်းထဲက နှင်းလူသားများ နှင်းတွေ အပြင်းအထန်ကျနေတဲ့ အချိန်မှာတောင် အားပေးမပြတ်တဲ့ ပရိတ်သတ်တွေရဲ့ ဇွဲကတော့ တကယ့်ကို အံ့မခန်းပါပဲနော်။​ အင်္ကျီတွေပေါ်မှာ […]

Amazing

မယုံနိုင်လောက်စရာ ကြီးမားတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ကြောင်အမျိုးအစားများ

ကြောင်လေးတွေဟာ သေးကွေးပြီး ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေအဖြစ် အားလုံးသိပြီး ဖြစ်ကြမှာပါ။ ဒါပေမယ့် ကြောင်အမျိုးအစားတိုင်း သေးငယ်နေတာမဟုတ်ပဲ မြေခွေးပေါက်တကောင်နဲ့ တိုက်ခိုက်နိုင်လောက်တဲ့အထိ ကြီးမားကြံ့ခိုင်တဲ့ ကြောင်တွေလည်း ရှိပါသေးတယ်။ shwekhitonlinetv.com ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ချစ်စရာကောင်းပြီး ကြီးမားကြံ့ခိုင်တဲ့ ကြောင်အမျိုးအစားတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ရှုပြီးပြီဆိုရင်တော့ ဘယ်လိုကြောင်အမျိုးအစားကို မွေးချင်လဲဆိုတာ ပြောခဲ့ပါဦးနော်။ shwekhitonlinetv.com ၁။ Savannah cat Savannah cat ကတော့ အကြီးမားဆုံးနဲ့ စျေးအကြီးဆုံးကြောင် ဖြစ်ပါတယ်။ […]

Amazing

ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဖြစ်သွားစေမယ့် ဓာတ်ပုံများ

ကမ္ဘာပေါ်မှာ ကိုယ်တွေးထင်ထားတာတွေနဲ့ တလွဲဖြစ်နေပြီး အံ့သြဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အကြောင်းအရာပေါင်းများစွာ ရှိလို့နေပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဖြစ်စေမယ့် ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ၁။ အရွယ်မရောက်သေးတဲ့ လင်းယုန်တကောင်ရဲ့ လက်သည်း ပုံမှာတွေ့မြင်ရတဲ့ လက်သည်းတွေကတော့ အရွယ်မရောက်သေးတဲ့ လင်းယုန်ငှက်တကောင်ရဲ့ လက်သည်းတွေပဲ ဖြစ်ပါတယ်။ အမြင့်တနေရာကနေ သားကောင်ငယ်တွေကို သုတ်ချီနိုင်ဖို့အတွက် သူတို့ရဲ့ လက်သည်းတွေဟာ ကြီးမားပြီး ထက်မြက်နေတာပါ။ လူတယောက်ရဲ့ လက်သီးစုတ်မက ရှိတာကြောင့် သားကောင်ငယ်လေးတွေကို […]

Amazing

အချစ်မှာ စည်းမျဥ်းကန့်သတ်ချက်တွေ မရှိတဲ့အကြောင်း သက်သေပြခဲ့ကြတဲ့ စုံတွဲများ

အချစ်စစ်ဆိုတာကို တကယ်ရှိတယ်လို့ သင်ထင်ပါသလား။ ခန္ဓာကိုယ် ပိန်ခြင်း ၊ ဝခြင်း ၊ အရပ်ရှည်ခြင်း ၊ အရပ်ပုခြင်းဆိုတဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး အချစ်စစ်တွေကို ဖော်ပြခဲ့တဲ့ စုံတွဲတွေ ရှိပါတယ်။ တကမ္ဘာလုံးက အားကျရတဲ့အထိ သဘာဝကို ကျော်လွန်ပြီး အချစ်စစ်ကို သက်သေပြခဲ့တဲ့ စုံတွဲတွေအကြောင်းကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ Paulo Gabriel da Silva Barros and Katyucia […]

Amazing

ကမ်းခြေမှာ ရောင်စုံငါးကြီးတစ်ကောင် သောင်တင်နေတဲ့ ရှားရှားပါးပါးဖြစ်ရပ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အော်ရီဂွန်ကမ်းရိုးတန်းမှာတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက အလွန်လှပတဲ့ ရောင်စုံငါးကြီးတစ်ကောင်ဟာ ကမ်းခြေမှာသောင်တင်နေတာကို တွေ့ရှိခဲ့ရပါတယ်။ shwekhitonlinetv.com အလေးချိန် ပေါင် ၁၀၀ (၄၅ ကီလိုဂရမ်) လောက်ရှိတဲ့ ဒီငါးကြီးကိုတော့ Opah Fish လို့ခေါ်ဆိုကြပြီး အချို့ကတော့ Moon Fish လို့လည်းခေါ်ဆိုကြပါတယ်။ shwekhitonlinetv.com ဒီလိုလှပတဲ့ Opah ငါးတစ်ကောင်လာသောင်တင်နေတာဟာ အလွန်ရှားပါးတဲ့ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း အော်ရီဂွန်ကမ်းခြေရှိ Seaside Aquarium မှ ပညာရှင်တစ်ဦးကဆိုပါတယ်။ shwekhitonlinetv.com Seaside Aquarium ရဲ့ […]