Amazing

သင့်ဘဝမှာ တစ်ခါမှ မြင်ဖူးမှာ မဟုတ်တဲ့ အမိုက်စား ဓာတ်ပုံ (၂၀)

အခုတစ်ခေါက်မှာတော့ သင့်တစ်သက်မှာတစ်ခါမှ မြင်ဖူးမှာမဟုတ်သေးတဲ့ အမိုက်စားဓာတ်ပုံလေးတွေကိုဖော်ပြပေးချင်ပါတယ်။ ဘယ်လိုဓာတ်ပုံတွေဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်နော် … shwekhitonlinetv.com ၁။ ဒါကတော့ (၁၄) ဂရမ်လောက်သာအလေးချိန်ရှိတဲ့ ပလတ်စတစ်လေးက တစ်နာရီမိုင် (၁၅၀၀၀) နှုန်းနဲ့ အာကာသထဲမှာ အလူမီနီယံတုံးကြီးကိုဝင်တိုက်မိခဲ့တဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ ကမ္ဘာ့အရပ်အရှည်ဆုံးလူသားအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ အသက် (၂၀) အရွယ် Robert Wadlow နဲ့ သူ့ဖခင်တို့အတူယှဉ်တွဲရိုက်ထားတဲ့ပုံဖြစ်ပါတယ်။ (၁၉၃၈) ခုနှစ်  shwekhitonlinetv.com ၃။ ဒါကတော့ အုတ်ခဲတွေထည့်ပေးထားရုံနဲ့သူ့အလိုလျောက်ပုံစံဖော်ပြီး လမ်းခင်းနိုင်တဲ့စက်ပါ။ shwekhitonlinetv.com ၄။ ဒီတံတားကတော့ ဆွီဒင်နိုင်ငံနဲ့ […]

Amazing

သာမန်နဲ့မတူ တမူထူးခြားတဲ့ အသွင်အပြင်များနဲ့ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နေတဲ့ အပန်းဖြေဟိုတယ်များ

ကမ္ဘာ့ပထမဆုံး ဟိုတယ်ကို အေဒီ ၇၀၅ မှာ တည်ဆောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ ရာမနာရှီမြို့မှာတော့ ကမ္ဘာ့ရှေးအကျဆုံး ဟိုတယ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ ဟိုတယ်တခု တည်ရှိပါတယ်။ အဆိုပါ ဟိုတယ်ကတော့ Nishiyama Onsen Keiunkan ဟိုတယ်လို့ အမည်ရပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော်ကတည်းက ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ရှေးရှေးကတည်းကစပြီး ဟိုတယ်တွေ ဖွင့်လှစ်ခဲ့တာဟာ အခုချိန်မှာဆိုရင်တော့ ကမ္ဘာတဝှမ်းမှာ ခမ်းနားကြီးကျယ်လှတဲ့ ဟိုတယ်ပေါင်းမြောက်များစွာ ရှိလို့နေပါပြီ။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် […]

Amazing

အသက်နဲ့ရင်းပြီး ဆွဲခဲ့ကြတဲ့ ဆယ်လ်ဖီ ဓာတ်ပုံများ

အိုင်တီနည်းပညာတွေထွန်းကားပြီး ကမ္ဘာကြီးဟာ ရွာကြီးတစ်ခုလိုဖြစ်လာတဲ့အချိန်မှာတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ လွှမ်းမိုးနိုင်တဲ့သူဖြစ်ဖို့ (တစ်နည်းအားဖြင့်ထင်ပေါ်ကျော်ကြားသူဖြစ်ဖို့) ဆိုတာ တစ်ချို့သောလူတွေအတွက်ကတော့ အသက်နဲ့ရင်းရတဲ့ကိစ္စတစ်ခုဖြစ်နေတက်ပါတယ်။ ဘာကြောင့်အခုလို ပြောရသလဲဆိုတာကို အောက်မှာဖော်ပြပေးမယ့်ပုံတွေကိုကြည့်ရင် သင့်အနေနဲ့ သဘောပေါက်သွားပါလိမ့်မယ်။ shwekhitonlinetv.com ၁။ သူမကတော့ ရုရှားနိုင်ငံသူ Angela Nikolau ဖြစ်ပါတယ်။ တရုတ်နိုင်ငံ တီယန်ကျင်းမြို့က အလွန်မြင့်မားတဲ့ အဆောက်အဦးရဲ့ ထိပ်ဆုံးမှာ ဆဲလ်ဖီတက်ဆွဲပြီးလူမှုကွန်ယက်စာမျက်နှာမှာ Followers တိုးပွားဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ ဒီတစ်ယောက်ကတော့ ပရော်ဖက်ရှင်နယ်စတန့်သမားတစ်ယောက်လို့သိရပြီး တရုတ်လူမှုကွန်ယက် App တစ်ခုဖြစ်တဲ့ Weibo […]

Amazing

သာမန်လူတွေစားရဲမှာ မဟုတ်တဲ့ အမေရိကန်နိုင်ငံက ဟင်းလျာ (၈)မျိုး အကြောင်း

ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံအသီးသီး ဒေသအသီးသီးမှာတော့ ကွဲပြားခြားနားတဲ့စားသောက်မှုပုံစံတွေကို တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ အမေရိကန်နိုင်ငံရဲ့ ဒေသအချို့က စားသောက်ဆိုင်တွေမှာရှိတဲ့ ဆန်းဆန်းပြားပြားဟင်းလျာမီနူးလေးတွေကို လေ့လာကြည့်ရအောင်နော် ….. shwekhitonlinetv.com ကန္တာရပင်ကြော် ကန္တာရပင်တွေဟာကြမ်းတမ်းလှတဲ့ရာသီဥတု ပတ်ဝန်းကျင်အခြေအနေတွေမှာကောင်းစွာရှင်သန်နိုင်တဲ့ အပင်တွေဖြစ်ပါတယ်။ ဒီအပင်တွေကိုကြော်စားဖို့ဆိုတာကတော့ လူအတော်များများစဉ်းစားမိမှာမဟုတ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် အရီဇိုးနားပြည်နယ်ကိုရောက်ရင်တော့ ကန္တာရဆူးပင်ကြော်တွေရတဲ့ စားသောက်ဆိုင်တွေကို သင့်အနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com သေမင်းဘာဂါ Quadruple Bypass Burger ဆိုတာကတော့ကမ္ဘာပေါ်မှာအန္တရာယ်အများဆုံး အစားအစာတစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့ ဒီဘာဂါတွေမှာ ကယ်လိုရီ (၂၀,၀၀၀) လောက်ပါဝင်နေလို့ဖြစ်ပါတယ်။ […]

Amazing

တိရိစ္ဆာန်လေးတွေရဲ့ ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အမှတ်အသားများ

တစ်ခါတစ်ရံသင့်ပတ်ဝန်းကျင်မှာတွေ့ရတဲ့ သတ္တဝါလေးတွေရဲ့ ကိုယ်ပေါ်မှာထူးဆန်းတဲ့အမှတ်အသားတွေဖြစ်ပေါ်နေတာမျိုးကို ကြုံဖူးကြပါသလား။ အခုဖော်ပြပေးမယ့်အကောင်လေးတွေလိုပေါ့ …. shwekhitonlinetv.com ၁။ ဒီကြောင်လေးရဲ့ပုံစံကိုကြည့်ရတာ ချာလီချက်ပလင်ဝင်စားသလားတောင်ထင်ရပါတယ်။ shwekhitonlinetv.com ၂။ ဒီလိပ်ကလေးကတော့ နာမည်ကျော် AC/DC တေးဂီတအဖွဲ့ရဲ့ Fan ထင်ပါရဲ့။ shwekhitonlinetv.com ၃။ ဒီခွေးလေးရဲ့ ကိုယ်ပေါ်ကအမှတ်အသားကတော့ တစ်ခုခုနဲ့တူနေသလိုပါပဲနော်။ shwekhitonlinetv.com ၄။ ဒီကြောင်ကလေးကတော့ ထူးထူးဆန်းဆန်း မျက်နှာအရောင်တစ်ဝက်စီအတိအကျဖြစ်ပေါ်နေပါတယ်။ shwekhitonlinetv.com ၅။ ဒီနွားလေးရဲ့ နဖူးမှာ နံပါတ် (၇) ဂဏန်းကြီးသိသိသာသာပေါ်နေတာကတော့ ထူးဆန်းလှပါတယ်။ shwekhitonlinetv.com ၆။ ဒီကြောင်ကလေးကကျတော့ ခန္ဓာကိုယ်ပေါ်မှာ Question […]

Amazing

ဒေါ်လာ (၁၀) သန်းနဲ့ လာဝယ်ရင်တောင် ရောင်းမှာမဟုတ်တဲ့ ဧရာမ pitbull ခွေးကြီး အကြောင်း

ရွှေခေတ်ပရိသတ်တွေအနေနဲ့ Marvel ရဲ့ Avenger ရုပ်ရှင်တွေထဲက Hulk ဆိုတဲ့ အစိမ်းရောင်လူသန်ကြီးကို မြင်ဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်ဖော်ပြမယ့် Hulk ကတော့ ဒီအစိမ်းရောင်လူသန်ကြီး မဟုတ်ဘဲ ဧရာမခွေးဘီလူးကြီးတစ်ကောင်အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com Hulk လို့အမည်ရတဲ့ ဒီ Pitbull အမျိုးအစားခွေးကြီးကတော့ သူ့ရဲ့နာမည်နဲ့လိုက်အောင်ကိုပဲ ထွားကြိုင်းလွန်းလှပါတယ်။ သူ့ရဲ့ ကိုယ်အလေးချိန်ကတော့ (၁၂) နှစ်အရွယ်မိန်းကလေးတစ်ဦးရဲ့ ကိုယ်အလေးချိန်နဲ့အတူတူပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒါဟာ သာမန် Pitbull ခွေးတစ်ကောင်ထက်ဆိုရင်တော့ (၃) ဆလောက်ပိုပြီးလေးလံတဲ့ ကိုယ်အလေးချိန်ပမာဏလည်းဖြစ်ပါတယ်။ သူ့ကိုတော့ […]

Amazing

အလေးချိန် (၁၃၂) တန်ရှိပေမယ့် လူတိုင်းကိုင်လှုပ်နိုင်တဲ့ အံ့ဖွယ်ကျောက်တုံးကြီး

ကမ္ဘာကြီးဟာ ထူးဆန်းတဲ့အရာတွေနဲ့ ပြည့်နှက်နေတဲ့ဂြိုဟ်ကြီးတစ်လုံးလို့ဆိုမယ်ဆိုရင် မှားမယ်မထင်ပါဘူး။ သင့်အနေနဲ့ထူးဆန်းတဲ့အကြောင်းကိစ္စတွေတော်တော်များများကို သိရှိပြီးဖြစ်နေမယ်ဆိုရင်တောင်မှ အခုဖော်ပြပေးမယ့် ကျောက်တုံးကြီးအကြောင်းကိုတော့ သိရှိဦးမှာမဟုတ်ပါဘူး။ shwekhitonlinetv.com ဒီကျောက်တုံးကြီးဟာ လူသားတစ်ဦးရဲ့ကိုယ်အလေးချိန်ထက် အဆပေါင်းရာနဲ့ချီပြီး လေးလံတဲ့ကျောက်တုံးကြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလောက်အလေးချိန်စီးတဲ့ကျောက်တုံးကြီးကို သာမန်လူတစ်ယောက်အနေနဲ့ ဘာအကူပစ္စည်းမှမပါဘဲ လက်ချည်းသက်သက်နဲ့ လှုပ်ရှားအောင်ပြုလုပ်နိုင်ပါတယ်။ shwekhitonlinetv.com ဒီကျောက်တုံးကြီးကိုတော့ Trembling Stone လို့ခေါ်ကြပြီး ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Huelgoat သစ်တောထဲမှာ တွေ့ရှိနိုင်ပါတယ်။ သူ့ရဲ့အလေးချိန်ကတော့ (၁၃၂) တန်ရှိပါတယ်။ ဒီလောက်အလေးချိန်ရှိတဲ့ ကျောက်တုံးကြီးကို အားနည်းတဲ့သူတစ်ယောက်တောင်မှ လှုပ်ရှားအောင်ပြုလုပ်လို့ […]

Amazing

ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ အလှအပထိန်းသိမ်းကြတဲ့ ပုံစံ (၇) မျိူး

လောကမှာလူအချို့ဟာအလှအပရေးရာကိစ္စတွေအတွက် ပုံမှန်မြင်နေတွေ့နေကြမဟုတ်တဲ့ ထူးထူးဆန်းဆန်းအရာတွေကိုပြုလုပ်တက်ကြပါတယ်။ တိရိစ္ဆာန်အညစ်အကြေးတွေကိုအသုံးပြုပြီး မျက်နှာကို Treatments လုပ်တာမျိုး အသည်းယားစရာကောင်းတဲ့ သတ္တဝါတွေကိုအသုံးပြုပြီး နှိပ်နယ်ကြတာမျိုးတွေပေါ့ ….. shwekhitonlinetv.com ဒီတစ်ခေါက်မှာတော့ အာရှိမှာရှိတဲ့နိုင်ငံအချို့က ဒီလိုမျိုးဝန်ဆောင်မှုပေးနေတဲ့ နာမည်ကျော် Beauty Treatments တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဘယ်လိုအရာမျိုးတွေဖြစ်မလဲဆိုတာကိုတော့ အကြောင်းအရာလေးကို ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော် ….. shwekhitonlinetv.com ၁။ ငှက်ချေးဖြင့်မျက်နှာသန့်စင်ခြင်း တစ်ချို့တွေကကိုယ့်အပေါ်ကို ငှက်ချေးပါချတဲ့အခါကံကောင်းတယ်လို့ယူဆကြပါတယ်။ ဒါပေမယ့် ရှေးခေတ်ဂျပန်တွေကတော့ ငှက်ချေးဟာကံကောင်းခြင်းသာမကဘဲ အလှအပဆိုင်ရာကိစ္စရပ်တွေအတွက်ပါ ကောင်းမွန်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့်ဂျပန်က […]

Amazing

တရုတ်နိုင်ငံမှာ လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်တဲ့ သေးစိမ်ကြက်ဥ တွေအကြောင်း

သင့်အနေနဲ့ နွေဦးရာသီမှာ တရုတ်နိုင်ငံ Zhejiang ပြည်နယ်ကို သွားရောက်လည်ပတ်ပါက ဆီး (သေး) စိမ်ထားသော ကြက်ဥများ၊ ဆီးစိမ်ထားသော ကြက်ဥများကို ချက်ပြုတ်ရန် ပြင်ဆင်နေသော ဈေးသည်အများအပြားကို တွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com သင့်အတွက်ဒါဟာ အထူးအဆန်းတစ်ခု၊ ရွံစရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တရုတ်နိုင်ငံမှာတော့ ဒါဟာ လူတိုင်းကြိုက်တဲ့ အစားအစားတစ်ခု ဒါမှမဟုတ် လူကြိုက်အများဆုံး ချက်ပြုတ်နည်းထဲကတစ်ခု ဖြစ်ပါသတဲ့။ ရောင်းချသူတွေကတော့ ဒါဟာကြက်ဥရဲ့လက်ဆက်မှုနဲ့ ငန်တဲ့အရသာကိုထိန်းထားနိုင်တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com အထူးသဖြင့်တော့ (၁၀) နှစ်အောက်ကလေးတွေရဲ့ ဆီးဟာဒီလို ဆီးစိမ်ကြက်ဥပြုလုပ်ဖို့အတွက် […]

Amazing

ဆိုင်ရာ ခွင့်ပြုချက်တွေရရှိခဲ့တဲ့အတွက် မကြာခင်မှာ ​ပြေးဆွဲနိုင်တော့မယ့် မိုးပျံတက္ကစီများ

ကမ္ဘာကြီးမှာမော်တော်ယာဉ်တွေဟာ လူဦးရေနဲ့အပြိုင် နေ့စဉ်နဲ့အမျှတိုးပွားလို့နေပါတယ်။ ဒါကြောင့်ယာဉ်ကြောပိတ်ဆို့မှုတွေဟာလည်း တစ်နေ့ထက်တစ်နေ့ပိုမိုပြီး ကြီးမားရှုပ်ထွေးလာပါတယ်။ ဒါဟာနေ့စဉ်ရုံးတက်နေရသူတွေအတွက်တော့ စိတ်ပျက်စရာအခြေအနေပါပဲ။ shwekhitonlinetv.com အခုဖော်ပြမယ့်သတင်းကတော့ နေ့စဉ်ရုံးတက်နေရသူတွေကို စိတ်သက်သာရာရစေမယ်လို့ထင်ပါတယ်။ ဟုတ်ပါတယ်။ Air Taxi ဝန်ဆောင်မှုကို အနောက်နိုင်ငံတွေနဲ့ ဖွံဖြိုးပြီးနိုင်ငံအချို့မှာ မှာမကြာခင်စတင်တော့မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Joby Aviation ကုမ္ပဏီကတော့ သူတို့အနေနဲ့ Air Taxi ဝန်ဆောင်မှုလုပ်ငန်းကိုစတင်ရန် အသင့်ဖြစ်နေပြီး Federal Aviation Administration (FAA) ထံကနေ လိုအပ်တဲ့ ခွင့်ပြုချက် (၃) […]