Amazing

အပင်တစ်ပင်ထဲမှာ မတူညီတဲ့ အသီးပေါင်း (၄၀) သီးပွင့်နိုင်အောင် စိုက်ပျိုးနိုင်ပြီ

Syracuse တက္ကသိုလ်က Sam Van Aken ဆိုတဲ့အနုပညာပါမောက္ခတစ်ဦးဟာ သစ်ပင်တစ်ပင်ရဲ့ အပေါ်မှာ အခြားသစ်ပင်တစ်ပင်ပေါက်နေတာကိုမြင်ပြီးတော့ အကြံဉာဏ်တစ်ခုရရှိခဲ့ပါတယ်။ အဲ့ဒီအကြံကတော့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ဖရန်ကင်စတိန်း (Frankenstein) ထဲကလိုမျိုး ဖန်တီးမှုတစ်ခုပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒါပေမယ့် သူဖန်တီးမှာက ဒေါက်တာဗစ်တာဖရန်ကင်စတိန်း လိုမျိုးကြောက်မက်ဖွယ် သက်ရှိ Monster တစ်ကောင်တော့မဟုတ်ခဲ့ပါဘူး။ သစ်ပင်တစ်ပင်ကို မျိုးစိတ်မတူတဲ့အပင်ပေါင်းများစွာနဲ့ တွဲဖက်ပြီး အကိုင်းကူးဆက်စိုက်ပျိုးကြည့်ဖို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီလိုနဲ့ပဲ Sam Van Aken ဟာ တူညီတဲ့ရာသီမှာ ပွင့်သီးနိုင်တဲ့ မျိုးကွဲအပင်ပေါင်း […]

Amazing

သင်သိရင် မျက်လုံးပြူးသွားမယ့် ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစား (၅) ဦးရဲ့ ဝင်ငွေ

လောကမှာ ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်း ဆိုတာက ဆန့်ကျင်ဘက်သဘောဆောင်တဲ့ အသုံးအနှုန်းလို့ ဆိုလို့ရမယ်ထင်ပါတယ်။ သူဌေးတစ်ဦးနဲ့ ဆင်းရဲသားတစ်ဦးဆိုရင်လဲ နေထိုင်၊ ဝတ်စား၊ သွားလာမှုတွေမှာ ခြားနားချက်ကအတော်လေးများ မှာအမှန်ပါပဲ။ အခုဒီဖော်ပြမယ့် ပုဂ္ဂိုလ်တွေက ဒီလိုအခြေအနေ (၂) ရပ်စလုံးကိုတစ်ပြိုင်တည်း ရရှိပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ်။ ပိုက်ဆံချမ်းသာတဲ့ သူတောင်းစားတွေလို့လည်း ဆိုလို့ရမယ်ထင်ပါတယ်။ shwekhitonlinetv.com ၁။ အီရှာ (Eisha) အီရှာကတော့အသက် (၁၀၀) အရွယ် တောင်းရမ်းစားသောက်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ကွယ်လွန်သွားခဲ့တာကြာပြီဖြစ်တယ်လို့သိရပါတယ်။ သူမသေဆုံးပြီးနောက်မှာသူမရဲ့ပိုင်ဆိုင်မှုကို ထုတ်ဖော်ပြသခဲ့ရာမှာတော့ […]

Amazing

မီတာ (၁၀၀) လောက်မြင့်တဲ့ ချောက်ကမ်းပါး ပေါ်မှာ ဖွင့်ထားတဲ့ စတိုးဆိုင်

အပြိုင်အဆိုင်တွေပေါများလှတဲ့ ဒီနေ့ခေတ်လိုအချိန်မျိုးမှာ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ဖို့ဆိုတာ သူများနဲ့မတူတဲ့ အိုင်ဒီယာတွေရှိဖို့လိုအပ်သလို စွန့်လွှတ်စွန့်စား ဝံ့ဖို့လဲလိုပါတယ်။ shwekhitonlinetv.com အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကိုဖော်ပြပေးချင်တဲ့ စီးပွားရေးသမားတစ်ဦးကတော့ အထက်ပါအချက်တွေနဲ့ပြည့်စုံတဲ့ စီးပွားရေးသမားတစ်ဦးလို့ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com ဘာကြောင့်လဲဆိုတော့သူက Convenience Store တစ်ခုကို မီတာ (၁၀၀) လောက်မြင့်တဲ့ ချောက်ကမ်းပါးမှာ ဖွင့်ထားလို့ပဲဖြစ်ပါတယ်။ သူ့ရဲ့ဆိုင်လေးမှာအဓိကရနိုင်တာကတော့ တောင်တက်သမားတွေအတွက် အဆာပြေမုန့်ပဲသရေစာနဲ့ အအေး၊ ရေ တို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com သူ့ရဲ့ဆိုင်လေးတည်ရှိတာကတော့ တရုတ်နိုင်ငံအလယ်ပိုင်းယူနန်ပြည်နယ် ပင်ကျန်းကောင်တီက ပန်းခြံတစ်ခုအတွင်းမှာရှိတာဖြစ်ပါတယ်။ ဒီပန်းခြံထဲက ကျောက်တောင်တစ်ခုရဲ့ ကမ်းပါးမှာတည်ရှိတာဆိုလည်း မမှားပါဘူး။ shwekhitonlinetv.com […]

Amazing

ရေမြောင်းတူးရင်း ယူရိုသန်းပေါင်းများစွာတန်တဲ့ ရှေးခေတ်ဒင်္ဂါးအမြောက်အများကိုတွေ့ရှိခဲ့သည့် အလုပ်သမားများ

စပိန်နိုင်ငံ Andalusia ပြည်နယ် Tomares ဒေသကဆောက်လုပ်ရေး အလုပ်သမားတွေဟာ ရေမြောင်းသွယ်တန်းဖို့ မြေတူးဖော်ရင်း အမှတ်မထင်ဘဲ အဖိုးတန်လှတဲ့ ရောမခေတ်သုံး ဒင်္ဂါးအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ shwekhitonlinetv.com ကံကောင်းလွန်းတဲ့အလုပ်သမားတွေဟာ Seville မြို့၊ Tomares မြို့နယ်မှာရှိတဲ့ ပန်းခြံတစ်ခုအတွက် ရေမြောင်းသွယ်တန်းဖို့မြေကြီးတူးနေရင်း ပုံမှန်မဟုတ်တဲ့မြေအနေအထားကို သတိပြုမိခဲ့ကြပါတယ်။ သူတို့အနေနဲ့ဆက်လက်တူးဖော်ခဲ့ရမှာတော့ ကျိုးပဲနေတဲ့ မြေအိုးအပိုင်းအစတွေကိုတွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com ဒီလိုနဲ့ပဲ သူတို့ဟာဆက်တူးရင်းက ကျိုးပဲ့နေတဲ့အိုးအကွဲတွေကနေဖိတ်စင်ထွက်ကျနေတဲ့ ဒင်္ဂါးများ၊ ဒင်္ဂါးပြားတွေအပြည့်ထည့်ထားတဲ့ မြေအိုးအကောင်းတွေကိုပါအများအပြားတွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com သူတို့ရှာဖွေတွေ့ရှိခဲ့တဲ့ ဒင်္ဂါးတွေရဲ့ အလေးချိန်က စုစုပေါင်းဟာ […]

Amazing

အရွယ်နဲ့မလိုက်အောင် ချမ်းသာလွန်းတဲ့ (၁၀) နှစ်သားလေးအတွက် ဒေါ်လာ (၃၆၇၀၀၀) တန် မွေးနေ့လက်ဆောင်

Muhammed Awal Mustapha သို့မဟုတ် Mompha Jr. ကိုတော့ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦးအဖြစ်လူသိများကြပါတယ်။ (၁၀) နှစ်သားအရွယ် ဒီ Social Influencer လေးဟာ မယုံကြည်နိုင်လောက်တဲ့ ဇိမ်ခံပစ္စည်းတွေကို အရွယ်နှင့်မလိုက်အောင်ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ shwekhitonlinetv.com အခုတစ်ခါမှာလည်း သူ့ရဲ့ဖခင်ဖြစ်သူက Mompha Jr. ရဲ့ (၁၀) နှစ်ပြည့်မွေးနေ့မှာ ဒေါ်လာ (၃၆၇,၀၀၀) တန်ကြေးရှိတဲ့ အဝါရောင် Lamborghini Aventador တစ်စီးကို မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြန်ပါတယ်။ shwekhitonlinetv.com […]

Amazing

အိမ်ကို နေ့တိုင်း ပိုက်ဆံတွေ ယူလာတတ်တဲ့ ကြောင်ကလေး

ကြောင်ကလေးတွေဆိုတာကတော့ လူတိုင်းရဲ့အချစ်ဆုံးသတ္တဝါလေးတွေဖြစ်ပါတယ်။ အမွှေးပွပွနဲ့ ချစ်စရာကောင်းတဲ့ကြောင်လေးတွေဟာ လူသားတွေထံကိုပျော်ရွှင်စရာတွေသယ်ဆောင်လာတက်တဲ့ သတ္တဝါလေးတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com အခုတစ်ခေါက်ဖော်ပြမယ့်ကြောင်ကလေးတစ်ကောင်ကတော့ ပျော်ရွှင်စရာတွေသာမကဘဲ ဘယ်ကမှန်းမသိတဲ့ ပိုက်ဆံတွေကိုပါယူဆောင်လာခဲ့တဲ့ ကြောင်ကလေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီကြောင်ကလေးရဲ့နာမည်ကတော့ Cash လို့ခေါ်ပါတယ်။ သူ့ကိုတော့ အိုကလာဟိုးမားပြည်နယ်၊ Tulsa မြို့မှာရှိတဲ့ ဈေးကွက်ရှာဖွေရေး ကုမ္ပဏီတစ်ခုက Stewart ဆိုတဲ့သူကမွေးမြူထားတာဖြစ်တယ်လို့သိရပါတယ်။ ဒီကြောင်ကလေးက တစ်ချိန်က လမ်းဘေးမှာလေလွင့်နေတဲ့ ကြောင်လေးတစ်ကောင်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com “သူဟာ ရုံးမှာပဲအချိန်ဖြုန်းပြီး ကီးဘုတ်တွေပေါ်မှာ နေ့တိုင်း လမ်းလျှောက်ရတာကို နှစ်သက်တဲ့ကောင်လေးဖြစ်ပါတယ်။ တစ်ခါတစ်လေမှာဆိုရင်တော့ မပြီးဆုံးသေးတဲ့ အီးမေးလ်တွေကို […]

Amazing

ထူးထူးဆန်းဆန်း ဓာတ်ပုံတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာ အကြောင်းအရာများ

ရွှေခေတ်ပရိသတ်ကြီးကို အခုတစ်ခေါက်ဖော်ပြချင်တာကတော့ ထူးထူးဆန်းဆန်းဓာတ်ပုံလေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုမျိုးထူးထူးခြားခြားဓာတ်ပုံလေးတွေဖြစ်နေမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦးနော် ….. shwekhitonlinetv.com ၁။ Floating Stage , Vorarlberg ဒီပုံကတော့ ၂၀၁၃ ခုနှစ်တုန်းက သြစတြီးယားနိုင်ငံ Vorarlberg မြို့မှာပြုလုပ်ခဲ့တဲ့ Bregenz ရေပေါ်ပွဲတော်မှ ပြဇာတ်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ Fallen Soldier ၁၉၇၀ ခုနှစ်တုန်းက ဗြိတိန်ဘုရင်မကြီးရဲ့ မွေးနေ့အခမ်းအနားမှာ ဂုဏ်ပြုဖို့စောင့်ဆိုင်းရင်း မူးဝေလဲကျသွားတဲ့ စစ်သားတစ်ဦးဖြစ်ပါတယ်။ သူတို့ဟာအချိန်ကြာမြင့်စွာမတ်တပ်ရပ်ပြီးစောင့်နေခဲ့ရတာကြောင့်အခုလိုအားချိပြီး လဲကျသွားတာဖြစ်ပါတယ်။ shwekhitonlinetv.com ၃။ The […]

Amazing

ယူကရိန်းပြည်သူတွေရဲ့ အသက်ရာပေါင်းများစွာကို ကယ်တင်ပေးနိုင်ခဲ့တဲ့ သူရဲကောင်းခွေးကလေး

ခွေးတွေဟာခေတ်အဆက်ဆက်မှာတော့ လူသားတွေအတွက်အကောင်းဆုံးမိတ်ဆွေဖြစ်ခဲ့ကြပါတယ်။ ဒီအချက်ကို သက်သေပြနေတဲ့ ပုံပြင်ဇာတ်ကြောင်းတွေကလည်း သမိုင်းကြောင်းတစ်လျောက် ပြန်ကြည့်မယ်ဆိုရင် အများအပြားရှိနေတာကို မြင်တွေ့နိုင်ပါတယ်။ shwekhitonlinetv.com အခုတစ်ခါမှာလည်း ယူကရိန်းနိုင်ငံကသူရဲကောင်းခွေးကလေးတစ်ကောင်အကြောင်းကို ရွှေခေတ်ပရိသတ်တွေအတွက်ဖော်ပြပေးသွားချင်ပါတယ်။ ဒီခွေးကလေးဟာ သူ့ရဲ့အနံ့ခံစွမ်းရည်ကို ကောင်းစွာအသုံးချပြီး မပေါက်ကွဲသေးတဲ့မြေမြုပ်မိုင်းများစွာကိုရှာဖွေပေးနိုင်ခဲ့တဲ့ခွေးကလေးဖြစ်ပါတယ်။ shwekhitonlinetv.com သူ့ကြောင့်ပဲ ရာနဲ့ချီတဲ့ယူကရိန်းနိုင်ငံသားတွေဟာ အသက်ချမ်းသာရရခဲ့တယ်ဆိုလည်းမမှားပါဘူး။ ဒါကြောင့်ဒီခွေးလေးကို ယူကရိန်းသမ္မတ ဇီလင်စကီး ကိုယ်တိုင် ဂုဏ်ပြုဆုတံဆိပ်တစ်ခုကိုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ shwekhitonlinetv.com ဒီသူရဲကောင်းခွေးလေးကတော့ Patron လို့အမည်ရပြီး တယ်ရီယာခွေးအမျိုးအစားဖြစ်ပါတယ်။ သူ့အနေနဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၂၄) ရက်ကတည်းက ယူကရိန်းစစ်မြေပြင်မှာ မိုင်းရှာဖွေတဲ့အလုပ်ကို […]

Amazing

မိကျောင်း ၆ ကောင်ကို အိမ်မွေးတိရိစ္ဆာန်အဖြစ် နေအိမ်မှာ မွေးထားတဲ့ ကောင်မလေး

မိမိရဲ့နေအိမ်မှာ ခွေးလေးတွေ၊ ကြောင်လေးတွေ၊ ယုန်လေးတွေ စတဲ့သတ္တဝါလေးတွေကို သားသမီးသဖွယ် ရင်ဝယ်ပိုက်ပြီး ယုယစွာမွေးမြူတက်ကြတာဟာ ထူးဆန်းတဲ့ကိစ္စရပ်တစ်ခုတော့မဟုတ်ပါဘူး။ shwekhitonlinetv.com ဒါပေမယ့် မိချောင်းလိုအသားစားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့သတ္တဝါမျိုးကိုတော့ ရင်ဝယ်ပိုက်၊ မိမိနဲ့ အိပ်ယာတစ်ခုတည်းအတူတူထားပြီး အိပ်တယ်ဆိုတာကတော့ အတော်လေးကိုထူးခြားတဲ့ လုပ်ရပ်တစ်ခုပဲဖြစ်ပါလိမ့်မယ်။ shwekhitonlinetv.com ဒါပေမယ့် ထိုင်ဝမ်ကမိန်းမပျိုလေးတစ်ဦးကတော့ ဒီလိုအန္တရာယ်များလှတဲ့ မိချောင်းတွေကိုအိမ်မွေးတိရိစ္ဆာန် လေးတွေလိုမွေးမြူထားတဲ့အပြင်သူတို့ိကို ကလေးငယ်လေးတွေသဖွယ်ဆက်ဆံကာ လက်ပွန်းတတီးနေထိုင်လျက်ရှိတယ်ဆိုတဲ့ သတင်းက အင်တာနက်ပေါ်မှာအတော်လေးကို ရေပန်းစားနေပါတယ်။ shwekhitonlinetv.com ဒီအမျိုးအသီးငယ်လေးဟာ အသက် (၂၀) ကျော်အရွယ်သာရှိသေးပြီး မိချောင်းမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံကနေ မိချောင်းသားပေါက်လေးတွေကိုဝယ်ယူပြီး သူမရဲ့အိမ်မှာ […]

Amazing

သူမတူတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာတလွှားက ထူးဆန်းအံ့သြဖွယ် အိမ်ပုံစံများ

တိုးတက်လာတာနဲ့အမျှ လူသားတွေဟာ ရိုးရှင်းတဲ့ အိမ်ပုံစံဒီဇိုင်းများထက် ဆန်းပြားပြီး ထူးခြားလှတဲ့ အိမ်ဒီဇိုင်းတွေကို ပိုမိုနှစ်သက်လာကြပါတယ်။ နန်းတော်ပုံစံ အိမ်ဒီိဇိုင်းတွေကိုသာမက သင်ကိုယ်တိုင် မတွေးဘူးလောက်တဲ့ အိမ်ပုံစံများကိုပါ ဆောက်လုပ်နေထိုင်လာကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အခုဖော်ပြပေးသွားမှာကတော့ ဆန်းပြားလှပတဲ့ အိမ်ပုံစံများပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com ၁၃။ Heliodome Heliodome လို့အမည်ရတဲ့ ဒီအိမ်လေးကတော့ ပြင်သစ်နိုင်ငံမှာ တည်ရှိပါတယ်။ စိန်ပွင့်ရဲ့ ထိပ်ဖူးပုံစံ ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပြီး နေရောင်ခြည်လုံလောက်စွာ ရရှိနိုင်ရုံသာမက သက်တောင့်သက်သာ အနားယူနိုင်စေဖို့ […]