Amazing

ပုံမှန်မြင်တွေ့နေကြ အရောင်အဆင်းမျိုးမဟုတ်တဲ့ ရှားရှားပါးပါး အသီးအနှံများ

သင့်အနေနဲ့ ခရမ်းရောင်ပန်းဂေါ်ဖီ၊ အနက်ရောင်ခရမ်းချဉ်သီး၊ အပြာရောင်ရွှေဖရုံသီး အစရှိတဲ့ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကိုမြင်တွေ့ဖူးပါသလား ? တစ်ကယ်လို့မမြင်တွေ့ဖူးသေးဘူး ဆိုရင်တော့ ဗဟုသုတအဖြစ်ဖတ်ရှုလေ့လာကြည့်ဖိုးတိုက်တွန်းပါရစေနော် ….. shwekhitonlinetv.com ၁။ အနက်ရောင်ကြက်သွန်ဖြူ သူ့ရဲ့အရောင်ဆင်းကိုကြည့်ပြီး ကြက်သွန်နက်လို့ခေါ်မလား အနက်ရောင်ကြက်သွန်ဖြူလို့ပဲခေါ်ရမလားဆိုတာ ဝေခွဲမရဖြစ်စေပါတယ်။ တစ်ကယ်တော့ဒါဟာသာမန် ကြက်သွန်ဖြူကိုပဲ ကစော်ဖောက်သလိုမျိုးပြုလုပ်ထားတာဖြစ်ပါတယ်။ ကိုရီးယားမှာဆိုရင်တော့ ကျန်းမာရေးထုတ်ကုန်တွေနဲ့ အားဖြည့်အချိုရည်တွေမှာ ဒီလိုအနက်ရောင်ကြက်သွန်ုဖြူတွေကို ထည့်သွင်းအသုံးပြုပါတယ်။ shwekhitonlinetv.com ၂။ အပြာရောင်စတော်ဘယ်ရီသီး အပြာရောင်စတော်ဘယ်ရီသီးတွေကတော့ အာတိတ်ဒေသမှာနေထိုင်ကျက်စားတဲ့ Arctic Flounder Fish ဆိုတဲ့ငါးတစ်မျိုးရဲ့မျိုးဗီဇကို ပုံမှန်စတော်ဘယ်ရီးသီးထဲကို ဆေးထိုးသွင်းပြီးစိုက်ပျိုးထားတာဖြစ်ပါတယ်။ […]

Amazing

မျက်စိတစ်မှိတ်အတွင်းမှာ အရောင်ပြောင်းလဲနိုင်မယ့်ကားကို BMW မှ ထုတ်ဖော်ပြသ

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ဂျာမနီအခြေစိုက်နာမည်ကျော် ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ BMW ဟာ သူတို့ရဲ့ IX Flow SUV လို့အမည်ပေးထားတဲ့ ကားတစ်စီးကို 2022 CES Techonology Show မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ shwekhitonlinetv.com ဒီကားဟာ သာမန်မြင်တွေ့နေကျကားတွေလိုမဟုတ်ဘဲထူးခြားချက်တွေပါရှိပါတယ်။ အဓိကထူးခြားချက်ကတော့ ကားကိုယ်ထည်တစ်ခုလုံးရဲ့အရောင်ကို မျက်စိတစ်မှိတ်အတွင်းမှာ ပြောင်းလဲပစ်နိုင်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီလိုမျိုးကားရဲ့အရောင်ကိုပြောင်းလဲပစ်ဖို့အတွက် E-Readers တွေမှာပါရှိတဲ့ Electronic Ink (E Ink) နည်းပညာကို အသုံးပြုပြီးဖန်တီးထားတာဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် ကားရဲ့အရောင်ကိုပြောင်းလဲရာမှာ […]

Amazing

လူသားဦးနှောက်၊ ခေတ်မီပညာရပ်တွေနဲ့ ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ ဆန်းဆန်းပြားပြားဖြစ်စဉ်များ

နေ့စဉ်ရှင်သန်နေထိုင်နေရတဲ့ လောကကြီးထဲမှာ ခေတ်မီတိုးတက်ပါတယ်ဆိုတဲ့သိပ္ပံပညာရပ်တွေနဲ့တောင် ဖြေရှင်းလို့မရတဲ့ကိစ္စရပ်တွေ၊ လူသားတွေရဲ့ သာမန်ဦးနှောက်နဲ့နားမလည်နိုင်တဲ့ ဖြစ်စဉ်တွေကတော့ အများအပြားရှိလို့နေပါတယ်။ အခုတစ်ခေါက်မှာတော့ ဒီလိုအကြောင်းဖြစ်စဉ်တွေထဲကမှ လူသိနည်းပြီး ဘယ်သူမှဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ ဆန်းဆန်းပြားပြား ဖြစ်စဉ်အချို့ကို ရေးသားဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ တစ်ကမ္ဘာလုံးမှာမှ လတ္တီကျုတူတဲ့နှစ်နေရာပဲပေါက်တဲ့ မှို Devil’s Cigar လို့လူအများသိထားကြပြီး ရုက္ခဗေဒအမည်အရ Chorioactis လို့ခေါ်တဲ့မှိုမျိုးစိတ်တစ်မျိုးဟာ ကမ္ဘာပေါ်မှာ နေရာဒေသနှစ်ခုတည်းမှာပဲ ရှင်သန်ပေါက်ရောက်တဲ့မှိုတစ်မျိုးဖြစ်ပါတယ်။ အဲ့ဒီနေရာတွေကတော့ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်နဲ့ ဂျပန်နိုင်ငံတို့ပဲဖြစ်ပါတယ်။ ဒီနေရာဒေသနှစ်ခုကလည်း တိုက်တိုက်ဆိုင်ဆိုင်တူညီတဲ့ လတ္တီကျုမျဉ်းနေရာတွေမှာရှိနေပါတယ်။ […]

Amazing

အိန္ဒိယနိုင်ငံမှာ မွေးဖွားလာတဲ့ မျက်လုံး ၃ လုံး၊ နှာခေါင်းပေါက် ၄ ပေါက် နဲ့ နွား

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာတော့ အိန္ဒိယနိုင်ငံ Rajnandgaon၊ Chhattisgarh က မွေးမြူရေးခြံတစ်ခြံမှာ နို့စားနွားမကြီးတစ်ကောင်ဟာ နှာခေါင်းလေးပေါက်၊ မျက်လုံးသုံးလုံးပါရှိတဲ့ နွားကလေးတစ်ကောင်ကို မွေးဖွားခဲ့ပါတယ်။ shwekhitonlinetv.com Neeraj Chandel လို့အမည်ရတဲ့ လယ်သမားတစ်ဦးရဲ့ မွေးမြုရေးခြံထဲမှာပေါက်ဖွားခဲ့တဲ့ ဒီနွားလေးကိုတော့ ဟိန္ဒူဘာသာရေးအယူသီးသူတွေက သာမန်နွားကလေးတစ်ကောင်မဟုတ်ဘဲ သူတို့ရဲ့နတ်ဘုရားတစ်ပါးဖြစ်တဲ့ Shiva လူ့ပြည်ကိုအလည်လာတာဖြစ်တယ်လို့ဆိုနေကြပါတယ်။ shwekhitonlinetv.com ဒါကြောင့်မို့လို့ အဲ့ဒီနွားကလေးမွေးဖွားပြီးနောက်ပိုင်းမှာ လယ်သမားကြီး Neeraj Chandel ရဲ့နေအိမ်ဟာ နွားကလေးကို လာရောက်ကြည့်ရှုဖို့တန်းစီစောင့်ဆိုင်းနေတဲ့ ဒေသခံတွေနဲ့အမြဲလိုလိုပြည့်နှက်လျက်ရှိတယ်လို့ အိမ်နီးချင်းတွေကဆိုပါတယ်။ shwekhitonlinetv.com ဘာသာရေးအယူသီးသူတွေကတော့ ဒီနွားကလေးကိုလာရောက်ကြည့်ရှုပြီး […]

Amazing

မဖြစ်နိုင်တာကိုခန့်မှန်းပြီး ပေါင် (၃) သိန်းကျော်အနိုင်ရရှိခဲ့တဲ့ ဘောလုံးပွဲလောင်းသူတစ်ဦး

ဒီနှစ်ဘောလုံးရာသီကတော့ ပိတ်သိမ်းချိန်တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ ချန်ပီယံအသင်း၊ တန်းဆင်းတန်းတက် အသင်းတွေအားလုံးနီးပါးဟာလည်း ရာနှုန်းပြည့်နီးပါး ရုပ်လုံးပေါ်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ ရာသီတစ်လျှောက်လုံးတော့ အံ့အားသင့်စရာတွေ မထင်မှတ်တဲ့ရလာဒ်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ဘောလုံးရာသီတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ပြီးခဲ့တဲ့စနေနေ့မှာကစားခဲ့တဲ့ အင်္ဂလန် (လိဂ်-၂) ပွဲစဉ်မှာဆိုရင်လည်း ဘရစ္စတိုးလ်ရိုဗာအသင်းဟာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ဂိုးရလဒ်ကိုအတိအကျထွက်ပေါ်အောင်ကစားပြီး တိုက်ရိုက်တန်းတက်ခွင့်ရရှိသွားခဲ့ပါတယ်။ shwekhitonlinetv.com သူတို့ထက်ပိုကံကောင်းခဲ့တာကတော့ လိဂ်-၂ မှာချန်ပီယံဖြစ်သွားခဲ့တဲ့ ဖောရက်စ်ဂရင်းရိုဗာအသင်းဖြစ်ပါတယ်။ ရာသီတစ်လျောက်လုံးခြေစွမ်းကောင်းပြသခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်လာတဲ့ ဖောရက်စ်ဂင်းရိုဗာအသင်းဟာ ရာသီကုန်ခါနီး ပွဲစဉ် (၇) ပွဲအလိုမှာတော့ ဆိုးဆိုးရွားရွား […]

Amazing

ဆရာဝန်တွေကို ခေါင်းစားသွားစေခဲ့တဲ့ ထူးထူးခြားခြားဓာတ်မှန်ပုံများ

X-Rays ရိုက်ထားတဲ့ဓာတ်မှန်ပုံတွေကိုတော့ လူတိုင်းနီးပါးမြင်ဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့်တစ်ချို့ဓာတ်မှန်ပုံတွေကတော့ သာမန်လူတွေနားလည်နိုင်မှာမဟုတ်ဘဲ ဓာတ်မှန်ဆရာဝန်တွေမှသာ နားလည်မယ့်ပုံမျိုးတွေလည်းရှိပါတယ်။ shwekhitonlinetv.com အခုတစ်ခေါက်ဖော်ပြပေးမယ့်ပုံတွေကတော့ သာမန်လူတွေအပြင် ဆရာဝန်တွေပါ အကြောင်းအရင်းသေချာမသိရင် အထင်အမြင်တွေတက်တက်စင်အောင်လွဲမှားသွားစေနိုင်တဲ့ ထူးထူးဆန်းဆန်းဓာတ်မှန်ပုံတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ပုံမှန်အားဖြင့် လူတစ်ဦးမှာ သွားအစုံ (၂) ခုရှိပါတယ်။ တစ်ခုကသွားအချောင်း (၂၀) ဝန်းကျင်ပါတဲ့ ငယ်သွားတွေနဲ့ သူတို့နေရာမှာ အစားထိုးပြီးဖြစ်တည်လာမယ့် ကြီးသွား (၃၂) ချောင်းပဲဖြစ်ပါတယ်။ တစ်ချို့လူတွေမှာတော့ ငယ်သွားကိုလဲမယ့် ကြီးသွားက (၃၂) ချောင်းထက် သွားများပိုနေတာမျိုးတွေ့ရတက်ပါတယ်။ ဒါကိုတော့ […]

Amazing

လူသားတွေ မတော်တဆ ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးတန် ရတနာသိုက်များ အကြောင်း

သင့်အနေနဲ့ အဖိုးတန်အရာဝတ္ထုတစ်ခုခုကို လမ်းသွားရင်းခလုတ်တိုက်မိတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ်ရင်လည်း မထင်မှတ်တဲ့တစ်နည်းနည်းနဲ့ အဖိုးတန်အရာတွေကို ရရှိတာမျိုးပေါ့။ အခုဖော်ပြပေးမှာကတော့ ဒီလိုမျိုးလုံးဝကိုမထင်မှတ်ဘဲနဲ့ အဖိုးတန်တဲ့အရာတွေကို တွေ့ရှိသွားခဲ့တဲ့ သူတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ လမ်းလျှောက်ထွက်ရင်း ရွှေတုံးကောက်ရသူ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက အမျိုးသားတစ်ဦးဟာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်း (Melbourne) မြို့ရဲ့မြောက်ဘက်မှာရှိတဲ့ ဘန်ဒီဂို (Bendigo) မြို့အပြင်ဘက်တစ်နေရာမှာ သူ့ရဲ့သမီးနှစ်ဦးရယ် သူ့ရဲ့ ခွေးကလေးရယ်နဲ့ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ shwekhitonlinetv.com ဒီလိုနဲ့ သူ့သမီးတစ်ဦးက လမ်းလျှောက်ရင်းတစ်စုံတစ်ခုကို ကန်ကျောက်လိုက်ပြီး […]

Amazing

လွန်ခဲ့တဲ့နှစ်သန်း (၄၀၀) ခန့်က အဖိုးတန်ကြယ်နီလာအစုအဝေးကြီးကို ရေတွင်းတူးရင်း မတော်တဆတွေ့ရှိခဲ့သူ

သီရိလင်္ကာအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သီရိလင်္ကာနိုင်ငံသားတစ်ဦးဟာ ရှားပါးတဲ့ ပြာလဲ့လဲ့နီလာကျောက်တွေပါဝင်နေတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်မျက်ရတနာအစိုင်အခဲကြီးကို သူ့ရဲ့အိမ်နောက်ဖေးမှာ မထင်မှတ်ဘဲတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com အဆိုပါ ကျောက်မျက်ရတနာအစိုင်အခဲကြီးဟာ စုစုပေါင်း ၅၁၀ ကီလိုဂရမ် (သို့မဟုတ်) ၂.၅ သန်းကာရက်ခန့် အလေးချိန်ရှိပြီးတော့ သူ့ကို Serendipity Sapphire လို့ အမည်ပေးထားပါတယ်။ shwekhitonlinetv.com ဒီ ကျောက်မျက်ရတနာအစိုင်အခဲတုံးကြီးကိုရှာတွေခဲ့တဲ့သူကတော့ Mr.Gamage လို့အမည်ရတဲ့ ကျောက်မျက်ရတနာ ကုန်သည်တစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ Ratnapura ကသူ့ရဲ့နေအိမ်အနောက်ဘက်မှာ ရေတွင်းတူးရင်းကနေ အခုလိုမတော်တဆ […]

Amazing

ရွှေသားအစစ်ဖြင့် ပြုလုပ်ထားတဲ့ ကမ္ဘာ့စျေးအကြီးဆုံး စက်ဘီးရဲ့ တန်ဖိုး

Goldginie ဆိုတာကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ အခြေစိုက်ပြီး နာမည်ကျော် ဇိမ်ခံပစ္စည်းအသစ်အဆန်းတွေကို တီထွင်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု အဖြစ်လူသိများကျော်ကြားလှပါတယ်။ shwekhitonlinetv.com အခုတစ်ခေါက်မှာတော့ ဒီကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ ရွှေသားအစစ်နဲ့ပြုလုပ်ထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးစက်ဘီး (ပြိုင်ဘီး) တစ်စီးအကြောင်း ကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဗြိတိန် ဇိမ်ခံပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Goldgenie ဟာ ရွှေနဲ့ပြုလုပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို မကြာခဏပြုလုပ်ဖန်တီးပြီး နာမည်ရထားတာဖြစ်ပေမည့် အခုလိုမျိုးပြိုင်ဘီး စက်ဘီးတစ်ခုလုံးကို ရွှေအစစ်နဲ့ဖန်တီးပြုလုပ်တာကတော့ ပထမဆုံးပဲဖြစ်ပါတယ်။ shwekhitonlinetv.com စက်ဘီးတစ်စီးလုံးနီးပါးကို ၂၄ ကာရက်ရွှေအစစ်နဲ့ပြုလုပ်ထားတာဖြစ်ပြီး […]

Amazing

စားသောက်ဆိုင်မှာ ပင်လယ်စာသွားစားရင်းနဲ့ ချမ်းသာသွားတဲ့ လင်မယားနှစ်ဦးရဲ့အဖြစ်

Tenafly မှာနေထိုင်တဲ့ အသက် (၅၂) နှစ်အရွယ် Anton Schermer ဟာ Staples ကုမ္ပဏီရဲ့ အရောင်းအမှုဆောင်တစ်ဦးဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ New Jersey ပြည်နယ် Closer မှာ မကြာသေးမီက ဖွင့်လှစ်လိုက်တဲ့ Stern & Bow စားသောက်ဆိုင်မှာ ညစာစားခဲ့ပါတယ်။ shwekhitonlinetv.com ဒီလို ညစာစားနေရင်းနဲ့ Schermer ဟာသူ့ရဲ့သွားကြားမှာတစ်စုံတစ်ခု ညပ်နေသလိုခံစားရပြီး လက်နဲ့ဆွဲထုတ်ခဲ့ပါတယ်။ သူ့ရဲ့စိတ်ထဲမှာတော့ သူစားနေတဲ့ ကမာကောင်ရဲ့ […]