Amazing

ကမ္ဘာ့အူတိုင်ထိ အနက်ရှိုင်းဆုံး တွင်းတူးပြီး ဘူမိစွမ်းအင် ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ ကုမ္ပဏီ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ UK အခြေစိုက်စွမ်းအင် ကုမ္ပဏီတစ်ခုဟာ အကန့်အသတ်မရှိ စွမ်းအင်များကိုထုတ်လုပ်ရန်အတွက် ကမ္ဘာ့အနက်ဆုံးတွင်းကို တူးဖော်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းဟာ အင်တာနက်စာမျက်နှာတွေနဲ့ မီဒီယာတွေထက်မှာ ရေပန်းစားခဲ့ပါတယ်။ shwekhitonlinetv.com Quaise Energy လို့အမည်ရတဲ့ ကုမ္ပဏီတစ်ခုဟာ ဘူမိအပူစွမ်းအင်အရင်းအမြစ်တွေကို အသုံးချဖို့အတွက် ရည်ရွယ်ပြီးယခုကဲ့သို့ ကမ္ဘာ့အူတိုင်နဲ့ အနီးဆုံးနေရာအထိရောက်ရှိအောင်တွင်းတူးဖို့ ကြံစည်နေတာလည်းဖြစ်ပါတယ်။ ဒီအတွက် သူတို့အနေနဲ့ ရန်ပုံငွေစုစုပေါင်း ဒေါ်လာ (၆၃) သန်းအထိလည်း ရရှိစုဆောင်းထားနိုင်ခဲ့ပြီလို့သိရပါတယ်။ shwekhitonlinetv.com ဘူမိစွမ်းအင်ကို ထုတ်ယူသုံးစွဲဖို့ဆိုတာဟာ ဆန်းသစ်တဲ့အယူအဆတစ်ခု မဟုတ်ပေမယ့်လည်း လက်ရှိအချိန်အထိတော့ ကြီးကြီးမားမား […]

Amazing

မတူကွဲပြားတဲ့ အရောင်အသွေး ပုံစံတွေနဲ့ လှပနေကြတဲ့ တိရိစ္ဆာန်လေးတွေရဲ့ ဓာတ်ပုံများ

သင့်အနေနဲ့ ဘဝတစ်လျောက်မှာ ထူးထူးခြားခြား တိရိစ္ဆာန်တွေကိုအများအပြားတွေ့မြင်ခဲ့ဖူးလောက်ပါလိမ့်မယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် တိရိစ္ဆာန်လေးတွေလောက်တော့ ထူးခြားနေမယ်မထင်ပါဘူး။ ဘယ်လို ထူးထူးဆန်းဆန်းပုံသဏ္ဍာန် အဆင်းရှိတဲ့သတ္တဝါလေးတွေဖြစ်မလဲ လေ့လာကြည့်လိုက်ပါဦးနော် ….. ၁။ ဒါကတော့ သခင်နဲ့မျက်လုံးအရောင်ဆင်တူတဲ့ ခွေးလေးဖြစ်ပါတယ်။ သင်ဆိုရင်လည်း ဒီလိုခွေးလေးတစ်ကောင်လောက် ပိုင်ဆိုင်ခြင်မှာကျိန်းသေပါပဲ။ shwekhitonlinetv.com ၂။ ပုတ်သင်ညိုတွေဟာ အရောင်အသွေးစုံလင်လှတဲ့ သတ္တဝါမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ ဒီပုတ်သင်ညိုလေးကတော့ မြင်သူတိုင်းကို အံ့အားသင့်စေမယ်လို့ ထင်ရပါတယ်။ shwekhitonlinetv.com ၃။ အယ် … ဒီခွေးလေးရဲ့ ဒီဇိုင်းကာလာ အနေအထားကတော့ လုံးဝကို […]

Amazing

ရုရှားနိုင်ငံ ပြတိုက်ထဲက သူ့အလိုလို လှုပ်ရှားလာခဲ့တဲ့ ဥက္ကာခဲကြီး

ရုရှားနိုင်ငံ ချယ်ယာဘင့်စ် (Chelyabinsk) မြို့မှာရှိတဲ့ Southern Urals ပြည်နယ်သမိုင်းပြတိုက်မှာပြသထားတဲ့ ဥက္ကာခဲအပိုင်းအစတစ်ခုဟာ သူ့အလိုလို လှုပ်ရှားမှုရှိခဲ့တာကြောင့် ပြတိုက် ဝန်ထမ်းတွေအကုန်လုံး အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com ဒီ ဥက္ကာခဲအပိုင်းအစဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကမ္ဘာမြေပေါ်ကို ကျရောက်ခဲ့သည့် ဥက္ကာခဲကြီးရဲ့ အပိုင်းအစတစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီတုန်းက အဆိုပါ ဥက္ကာခဲကျရောက်မှုကြောင့် လူပေါင်း (၁၅၀၀) လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။ shwekhitonlinetv.com အခုအခါမှာတော့ ဒီဥက္ကာခဲကို ရုရှားနိုင်ငံ […]

Amazing

သာမန်မျက်စိနဲ့ ကြည့်ရင် တွေ့ဖို့ခက်ခဲတဲ့ ကမ္ဘာ့အသေးငယ်ဆုံး ကင်မရာ အကြောင်း

ပရင်စတန်တက္ကသိုလ် (Princeton University) နဲ့ ဝါရှင်တန်တက္ကသိုလ် (Washington University) မှ သုတေသီတွေဟာ Ultracompact လို့အမည်ပေးထားတဲ့ ဆားပွင့်အရွယ်သာသာကမ္ဘာ့အသေးဆုံး ကင်မရာလေးကို တီထွင်ဖန်တီးခဲ့ကြပါတယ်။ shwekhitonlinetv.com ဒီဆားပွင့်သာသာအရွယ်အစားရှိတဲ့ ကင်မရာလေးဟာ သူ့အရွယ်နဲ့မလိုက်ဖက်အောင် စွမ်းဆောင်ရည်ပြည့်ဝလွန်းပြီး အခြားကင်မရာကြီးတွေလိုမျိုး ကြည်လင်ပြတ်သားတဲ့ အရည်အသွေးမြင့် ဓာတ်ပုံတွေကို ထုတ်လုပ်ပေးနိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com သမားရိုးကျ ကင်မရာတွေမှာတော့ အလင်းတန်းတွေကို ညွှတ်ကွေးစေဖို့အတွက် မှန်ခုံး ဒါမှမဟုတ် ပလတ်စတစ်ကို အသုံးပြုကြပါတယ်။ ဒါပေမယ့် ဒီကင်မရာလေးမှာတော့ “metasurface” ဆိုတဲ့နည်းပညာကို […]

Amazing

ကမ္ဘာတဝှမ်း နာမည်ကြီး လူကြိုက်များခဲ့တဲ့ ကြောက်စရာ ထူးထူးဆန်းဆန်း ဖက်ရှင်များ

ခေတ်ရေစီးကြောင်းအလိုက် အလှအပစံနှုန်းတွေဟာလည်း အမြဲမပြတ်ပြောင်းလဲနေတတ်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ခေတ်စနစ်အလိုက် ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အလှအပစံနှုန်းတွေကို အခုပဲ ဖော်ပြပေးလိုက်ရပါတယ်နော်။ shwekhitonlinetv.com ၁။ ရှေးခေတ်တရုတ်လူမျိုးတွေရဲ့ ထူးဆန်းတဲ့ မျက်ခုံးမွှေးဖက်ရှင် ပုံမှာ တွေ့မြင်ရတဲ့ ထူးထူးဆန်းဆန်း မျက်ခုံးမွှေးဖက်ရှင်တွေကတော့ ၇ရာစုနဲ့ ၉ရာစုကြားကာလတွေမှာ လူကြိုက်များခဲ့တဲ့ တရုတ်တွေရဲ့ ဖက်ရှင်ပဲ ဖြစ်ပါတယ်။ ရှေးခေတ်တရုတ်လူမျိုးတွေကြားမှာတော့ မျက်ခုံးမွှေးနှုတ်တာ မျက်ခုံးမွှေးဆွဲပြီး ပုံဖော်တာတွေဟာ သမားရိုးကျ လုပ်ရိုးလုပ်စဥ်တွေပါ။ မျက်ခုံးမွှေး ဒီဇိုင်းတွေဟာ တဖြောင့်တည်း ဖြစ်နေတာ […]

Amazing

ထူးဆန်းစွာ ပျောက်ဆုံးနေပြီး နှစ်ပေါင်း (၁၀၇) နှစ် အကြာမှ ပြန်လည် ရှာဖွေတွေ့ရှိခဲ့တဲ့ Sir Ernest Shackleton ရဲ့ Endurance သင်္ဘော

၁၉၁၅ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့မှာ နစ်မြုပ်သွားခဲ့ပြီး ရှာဖွေမရဘဲ ထူးဆန်းစွာပျောက်ဆုံးနေတဲ့ Sir Ernest Shackleton ရဲ့ Endurance သင်္ဘောကိုတော့ ပြီးခဲ့တဲ့ မတ်လ (၉) ရက်နေ့မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com Sir Ernest Shackleton ဆိုတာကတော့ အင်္ဂလို-အိုင်ယာလန် စူးစမ်းရှာဖွေသူတစ်ဦးဖြစ်ပြီး ဗြိတိန်ရေတပ်မှာလည်း စစ်မှုထမ်းခဲ့ဖူးတဲ့ ဗိုလ်တစ်ဦးဖြစ်ပါတယ်။ ၁၉၁၅ ခုနှစ်မှာတော့ သူ့ရဲ့ Endurance သင်္ဘောကြီးနဲ့အတူ တောင်ပိုင်းသမုဒ္ဒရာဘက်ကို ရွက်လွှင့်ခဲ့ပါတယ်။ shwekhitonlinetv.com […]

Amazing

အဝတ်အစားမပါဘဲ မိုးပျံရထားစီးလို့ရမယ့် အပန်းဖြေ ဥယျာဥ်

ဘရာဇီးလ်နိုင်ငံ မှာရှိတဲ့ Erotika Land ဆိုတဲ့အပန်းဖြေဥယျာဉ်တစ်ခုဟာ ကမ္ဘာပေါ်ကတခြား ဘယ်အပန်းဖြေဥယျာဥ်တွေနဲ့မှမတူညီတဲ့ အပန်းဖြေဥယျာဥ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအပန်းဖြေဥယျာဥ်ထဲကို လာရောက်လည်ပတ်သူတွေအားလုံးဟာလည်း ထူးခြားတဲ့စည်းမျဥ်းတွေကိုလိုက်နာရမှာဖြစ်ပါတယ်။ shwekhitonlinetv.com ဒီအပန်းဖြေဥယျာဥ်ထဲမှာရှိတဲ့ ဆင်ယင်ထားတဲ့အရာအားလုံးဟာ S3x နဲ့ပက်သက်တဲ့ အရာတွေချည်း ဖြစ်ပါတယ်။ နောက်ပြီး ဒီဥယျာဉ်ကြီးထဲမှာ S3x နဲ့ပက်သက်တဲ့ သမိုင်းကြောင်းတွေကိုပြသဖို့ ပြတိုက်တစ်ခုလည်း ထားရှိထားပါတယ်။ shwekhitonlinetv.com ဒီဥယျာဉ်ကြီးထဲမှာ တားမြစ်ထားတာ တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ လိင်ဆက်ဆံခြင်းပါ။ “ဒီဥယျာဥ်အတွင်းမှာ လိင်ဆက်ဆံခြင်းကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ သာမန်ပွေ့ဖက်နမ်းရှုံ့တာမျိုးကို ခွင့်ပြုထားပေမယ့် […]

Amazing

အပြင်ပန်း ပုံသဏ္ဍာန်ကို မြင်ရုံနဲ့ ထိတ်လန့်သွားစေနိုင်လောက်တဲ့ အဆောက်အအုံ (၁၀) ခု

ကမ္ဘာပေါ်မှာပုံသဏ္ဍာန် ဒီဇိုင်းထူးခြားလွန်းတဲ့အဆောက်အအုံတွေကတော့ မရေမတွက်နိုင်အောင် အများအပြားရှိနေပါတယ်။ ဒီအဆောက်အဦးတွေထဲကမှ အပြင်ပန်းပုံသဏ္ဍာန်ကို ရုတ်တရက်ကြည့်လိုက်တာနဲ့ ထိတ်လန့်ဖွယ်ကောင်းလှတဲ့ အဆောက်အအုံ (၁၀) ခုကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ Riverside Museum ရုတ်တရက်ကြည့်လိုက်ရင်တော့ ဒီအဆောက်အအုံက Batman ရုပ်ရှင်ဇာတ်ကားထဲက ဗီလိန်တွေရဲ့ အဆောက်အဦးလို့ထင်ချင်စရာပါ။ ဒါပေမယ့်တစ်ကယ်တမ်းမှာတော့ ဒီအဆောက်အအုံဟာ စကော့တလန်နိုင်ငံ ဂလပ်စကိုမြို့က ရှေးဟောင်းသမိုင်းဝင်ပစ္စည်းတွေပြသထားတဲ့ Riverside ပြတိုက်သာဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ Oakley Headquarter ဒီအဆောက်အအုံရဲ့ ဒီဇိုင်းအနေအထားကတော့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားထဲကလို အဆောက်အအုံမျိုးဖြစ်ပါတယ်။ တစ်ကယ်တော့ဒါက […]

Amazing

ဘယ်လိုနိုင်ငံမျိုးကမှ လိုက်မမှီနိုင်တဲ့ ဂျပန်တို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းများ

ဂျပန်နိုင်ငံရဲ့ တီထွင်နိုင်မှုစွမ်းအားကတော့ တခြားနိုင်ငံတွေ လိုက်မမှီနိုင်အောင်ကိုပဲ မြင့်မားလွန်းလှပါတယ်။ အမြင့်ဆုံး တီထွင်မှုအဖြစ် စက်ရုံတွေ ကားတွေသာမက နေ့စဥ်လူနေမှုဘဝမှာ အသုံးပြုရလွယ်ကူစေတဲ့ တီထွင်ဖန်တီးမှုတွေကိုလည်း တွေ့ရမှာပါ။ ဂျပန်တို့ရဲ့ လိုက်မမှီနိုင်တဲ့ တီထွင်ဖန်တီးမှုတွေထဲက တချို့ကို ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ ဝိတ်ချနေသူတို့အတွက် ပန်းကန်လုံး ပန်းကန်လုံးက တဝက်သာပါရှိပြီး တဖက်ခြမ်းမှာ မှန်အဝိုင်းလေး တပ်ဆင်ထားပါတယ်။ အစားအစာ ထည့်စားမယ်ဆိုရင် မှန်မှာပေါ်နေတဲ့ ပုံရိပ်ကြောင့် အများကြီးပါသယောင်ထင်ရပါတယ်။ ဝိတ်ချနေသူတို့အတွက်တော့ အရမ်းကို […]

Amazing

ရုပ်ဆိုးတယ်လို့ သက်မှတ်ခံခဲ့ရပေမဲ့၊ ကိုယ်ပိုင် အလှတရားကို ရှာဖွေတွေ့ရှိ သွားကြသူများ

လူတိုင်းမှာ ကိုယ်ပိုင်အလှတရားကိုယ်စီရှိကြပါတယ်။ လောကမှာ ရုပ်ဆိုးတဲ့သူ ရုပ်ချောတဲ့သူရယ်လို့ မရှိပါဘူးနော်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အလှတရားတွေကို ထုတ်ဖော်တတ်တဲ့သူနဲ့ မထုတ်ဖော်တတ်တဲ့သူပဲ ရှိပါတယ်။ တကယ်လို့ မှန်ထဲမှာ ကြည့်မိတိုင်း ကိုယ့်ကိုယ်ကို ရုပ်ဆိုးတယ်လို့ ထင်နေမိတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ဖို့ လိုမယ်နော်။ လူတိုင်းက ရုပ်ဆိုးတယ်လို့ သတ်မှတ်ထားရာကနေ ကိုယ့်ရဲ့ ကိုယ်ပိုင်အလှတရားတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ သူတွေရဲ့ အကြောင်းကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်ရှင်။ shwekhitonlinetv.com ၁။ ကိုယ့်ရဲ့ ပင်ကိုယ်ပုံစံလေးကို အလေးထားပါ။ […]