Amazing

ကမ္ဘာ့အလှဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ နှစ်နိုင်ငံကြားက နယ်စပ်မျဉ်းများ

အခုတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီး ဗဟုသုတဖြစ်စေမယ့် အကြောင်းအရာလေး တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဘယ်လို အကြောင်းလဲဆိုတော့ ကမ္ဘာပေါ်မှာ အလှဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံတွေကြားက နယ်ခြားစပ်မျဉ်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။ တစ်ကယ်အလှဆုံး ဖြစ်ရလားဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်… shwekhitonlinetv.com ၁။ ဂျာမနီ – ချက် ပြည်သူ့သမ္မတ နိုင်ငံ ဂျာမနီနိုင်ငံနဲ့ ချက် နိုင်ငံကြားမှာ ထားရှိတဲ့ နယ်ခြားစပ်မျဉ်းကတော့ […]

Amazing

သင့်အိမ်ဝန်းကျင်ကို အိမ်မက်ထဲကအတိုင်း အလှပဆုံးဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့ သစ်ပင်များ

အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့ အကြောင်းအရာတွေကတော့ သစ်ပင်ပန်းမန်နဲ့ အလှစိုက်အပင်တွေကို စိုက်ပျိုးရတာ ဝါသနာပါတဲ့သူတွေ အကြိုက်တွေ့စေမယ့် အကြောင်းအရာလေး ဖြစ်မယ်ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အခုဖော်ပြပေးမှာက တစ်ပင်လောက်စိုက်ထားရုံနဲ့ ကိုယ့်ရဲ့ဥယာဉ်ခြံဝန်း၊ နေအိမ်ဝန်းကျင်ကို အလှပဆုံးဖြစ်အောင် ဖန်တီးနိုင်မယ့် အပင်တွေအကြောင်း ဖြစ်လို့ပါပဲ။ စိတ်ဝင်စားရင်တော့ အကြောင်းအရာလေးကို ဆက်လက်လေ့လာလိုက်ရအောင်နော် ….. shwekhitonlinetv.com ၁။ Jacaranda Jacaranda လို့အမည်ရတဲ့ ဒီအပင်ကတော့ တောင်အမေရိကနဲ့ အလယ်အမေရိက မျိုးရင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာပါ […]

Amazing

အံ့အားသင့်ဖွယ် နောက်ခံအကြောင်းတွေနဲ့ ရှားပါးလွန်းတဲ့ ရှေးဟောင်းဓာတ်ပုံများ

ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေအတွက်ဖော်ပြပေးချင်တာကတော့ အတော်လေးကိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ နောက်ခံအကြောင်းအရင်းတွေရှိနေတဲ့ ရှေးခေတ်က ရှားပါးဓာတ်ပုံလေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေမှာ ဘယ်လိုအံ့အားသင့်စရာ နောက်ခံအကြောင်းတွေရှိနေမလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် …… shwekhitonlinetv.com ၁။ မံမီရောင်းရန်ရှိသည် နပိုလီယံအီဂျစ်ကို သိမ်းပိုက်ပြီးတဲ့အချိန်မှာတော့ အီဂျစ်ရှေးဟောင်းပစ္စည်းတွေဟာ ဥရောပဈေးကွက်ကိုရောက်ရှိခဲ့ပါတယ်။ ဒီအထဲမှာ မံမီတွေလည်းအပါအဝင်ဖြစ်ပြီး အထက်တန်းစားလူကုံထံတွေက ဈေးကောင်းပေးဝယ်ခဲ့ကြတယ်လို့သိရပါတယ်။ အဲ့ဒီအချိန်က မံမီရုပ်အလောင်းကအကြွင်းအကျန်တွေကိုတောင် အမှုန့်ကြိတ်ပြီးဆေးဖက်ဝင်အရာများအဖြစ်ရောင်းချခဲ့ကြပါတယ်။ ဝယ်လွန်းအားများလွန်းတာကြောင့် အချို့လူတွေဟာ လမ်းဘေးမှာသေဆုံးနေတဲ့ သူတောင်းစားတွေရဲ့ ခန္ဓာကိုယ်ကို မံမီလိုပြုပြင်ပြီး အတုအပလုပ်ရောင်းကြတာမျိုးတောင်ရှိခဲ့ပါတယ်။ shwekhitonlinetv.com ၂။ အံ့ဖွယ်သစ်ခုတ်သမားများ ဒီဓာတ်ပုံကတော့ ၁၉၀၀ ပြည့်နှစ်က […]

Amazing

စွန့်ပစ် ပလတ်စတစ်ဘူးခွံတွေကို အသုံးပြုပြီး ရေပေါ်ဟိုတယ် ဆောက်ခဲ့တဲ့ အမျိုးသား

တစ်ခါတစ်ရံမှာတော့ ရူးသွပ်တယ်လို့ထင်ရတဲ့အတွေးအခေါ် အကြံဥာဏ်တွေဟာ သင့်ကိုကြွယ်ဝချမ်းသာစေနိုင်ပါတယ်။ ဘာကြောင့်အခုလိုမျိုးပြောရသလဲဆိုတော့ အိုင်ဗရီကို့စ်မှာနေထိုင်တဲ့ အဲရစ်ဆိုတဲ့ သူတစ်ဦးကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com အဲရစ်ဟာ အာဖရိကတိုက်က အိုင်ဗရီကို့စ်နိုင်ငံမှာ ရွှေ့ပြောင်းအခြေချနေထိုင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ တီထွင်ကြံဆနိုင်စွမ်းရှိတဲ့ ဒီအမျိုးသားကတော့ ပလပ်စတစ်ပုလင်းခွံလိုမျိုးအမှိုက်တွေကို အသုံးပြုပြီး ရေပေါ်ဟိုတယ်တစ်လုံးကို တည်ဆောက်ခြင်းဖြင့် အမှိုက်တွေကို ကြွယ်ဝချမ်းသာမှုအဖြစ် ပြောင်းလဲခဲ့တဲ့သူဆိုလည်းမမှားပါဘူး။ shwekhitonlinetv.com အသုံးပြုပြီးသား ပလတ်စတစ်ပုလင်းခွံတွေဟာ လူအများအမြင်မှာတော့ အမှိုက်တွေသာဖြစ်ပေမယ့် တီထွင်ဖန်တီးသူ အဲရစ်အတွက်ကတော့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေအဖြစ်မြင်ခဲ့ပြီး အများနဲ့မတူတဲ့ စိတ်ကူးအိုင်ဒီယာကို ရရှိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ဒါကြောင့် အဲရစ်ဟာ အိုင်ဗရီကို့စ်ကမ်းခြေတွေက ရုပ်ဆိုးအကျည်းတန်လှတဲ့ […]

Amazing

ထူးထူးခြားခြား ပုံသဏ္ဍာန်တွေနဲ့ လူသိနည်းတဲ့ ကမ္ဘာပေါ်က အဆောက်အအုံများ

ကမ္ဘာပေါ်မှ ာထင်ရှားကျော်ကြားတဲ့ အထင်ကရနေရာတွေ အများအပြားရှိတာကတော့ အားလုံးသိပြီးဖြစ်ပါတယ်။ လူအတော်များများအနေနဲ့ ဒီလိုမျိုးနေရာတွေကို ကိုယ်တိုင်မရောက်ဖူးရင်တောင်မှ အင်တာနက်ပေါ်ကနေမြင်ဖူးတွေ့ဖူးပြီးသားဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ဖော်ပြပေးမယ့် အဆောက်အအုံတွေကိုတော့ သိတဲ့သူအနည်းငယ်လောက်ပဲရှိမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com ၈။ The Great Mosque of Djenné – Mali ထူးခြားတဲ့ဗိသုကာလက်ရာနဲ့ ဒီအဆောက်အဦးကတော့ သက်တမ်းအားဖြင့် နှစ်ပေါင်း (၁၀၀) ကျော်ရှိပြီဖြစ်ပြီး ကမ္ဘာပေါ်မှာအကြီးဆုံးရွှံ့အုတ် အဆောက်အအုံကြီးဖြစ်ပါတယ်။ အာဖရိကတိုက် မာလီနိုင်ငံမှာတည်ရှိတဲ့ ဒီအဆောက်အဦးကို (၁၉၈၈) ခုနှစ်မှာ Djenné […]

Amazing

အမှတ်တမဲ့ဆိုပေမဲ့ တချို့နိုင်ငံတွေမှာ ထောင်ကျသွားနိုင်တဲ့ အပြုအမူများ

သင်ဟာ နိုင်ငံခြားတိုင်းပြည်တခုကို သွားရောက်လည်ပတ်တော့မယ်ဆိုရင် အဆိုပါနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဥ်းစည်းကမ်းတွေကို သေချာသိဖို့လိုအပ်ပါတယ်။ အမှတ်တမဲ့ အပြုအမူတွေဆိုပေမဲ့ တချို့နိုင်ငံတွေမှာတော့ သင့်ရဲ့ လုပ်ရက်ဟာ ထောင်ချနိုင်တဲ့အထိ ပြစ်ဒဏ်ကြီးသွားနိုင်ပါတယ်။ ထူးခြားတဲ့ ဥပဒေရှိတဲ့ နိုင်ငံတွေရဲ့ အကြောင်းကို Shwe Khit ကနေပြီး အခုပဲ တင်ဆက်ပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ ပီကေဝါးခြင်း စင်ကာပူနိုင်ငံကတော့ အားလုံးသိကြတဲ့အတိုင်း စည်းမျဥ်းစည်းကမ်းအရာမှာ တင်းကြပ်တဲ့ နိုင်ငံဖြစ်သလို ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း အထူးဂရုစိုက်တဲ့နိုင်ငံပဲ ဖြစ်ပါတယ်။ သူတို့ဟာ […]

Amazing

ပြည့်တန်ဆာ ပညာရပ်တွေကို တရားဝင် သင်ကြားပေးနေတဲ့ကျောင်း

ဒီနေ့ခေတ်မှာ သင်တန်းဆင်းလက်မှတ် (သို့မဟုတ်) ဘွဲ့ရပြီးရင် အလုပ်အကိုင်ရရှိဖို့ အာမခံတဲ့သင်တန်းတွေက အများအပြားရှိနေပါတယ်။ ဒါပေမယ့်အခုတစ်ခေါက်ဖော်ပြပေးမယ့် အကြောင်းအရာလေးမှာပါဝင်မယ့် သင်တန်းကျောင်းကတော့ အားလုံးအတွက် အထူးအဆန်းဖြစ်နေမှာသေချာပါတယ်။ ဘာလို့လည်းဆိုတော့ ဒီသင်တန်းကျောင်းက ကျွမ်းကျင်တဲ့ ပြည့်တန်ဆာတွေဖြစ်အောင် သင်ကြားပေးနေတဲ့ သင်တန်းဖြစ်နေတာကြောင့်ပါပဲ။ shwekhitonlinetv.com ဒါက ဟာသတစ်ခုမဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ်ပြည့်တန်ဆာတစ်ဦးဖြစ်အောင် တရားဝင်လေ့ကျင့်သင်ကြားပေးနေတဲ့ ကျောင်းတစ်ခုအပြင်မှာတစ်ကယ်ရှိနေပါတယ်။ ဒီကျောင်းက စပိန်နိုင်ငံ ဗလင်စီယာမြို့မှာတည်ရှိပြီး Trabajo Ya! လို့အမည်ရပါတယ်။ ကျောင်းသားတစ်ဦးအနေနဲ့ သင်တန်းကြေးအဖြစ် ယူရို (၁၀၀) ပေးသွင်းပြီး ဒီကျောင်းမှာ […]

Amazing

အစိုးရတွေအနေနဲ့ ကမ္ဘာကြီးကို လုံးဝအသိမပေးဘဲ အချိန်အကြာကြီး လျှို့ဝှက်ဖုံးကွယ်ထားခဲ့တဲ့ အရာများ

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းရဲ့အစိုးရတွေမှာတော့ သူ့အကြောင်းနဲ့သူ လျှို့ဝှက်စွာလုပ်ဆောင်နေတဲ့ ကိစ္စရပ်တွေရှိနေတတ်ကြပါတယ်။ အချို့အင်အားကြီးနိုင်ငံတွေရဲ့ လျှို့ဝှက်ချက်တွေကတော့ အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းသလို ထိတ်လန့်တုန်လှုပ်စရာလည်း ကောင်းလှပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အင်အားကြီးနိုင်ငံအချို့ရဲ့ အစိုးရတွေအချိန်အတော်ကြာဖုံးကွယ်ထားခဲ့တဲ့ ဖြစ်ရပ်အချို့ကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ ၉/၁၁ ဖြစ်ရပ်ကြောင့် ပင်တဂွန်စစ်ဌာနချုပ်ပျက်စီးမှု ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ကတော့ အမေရိကန်နိုင်ငံရဲ့သမိုင်းမှာသာမကဘဲ ကမ္ဘာ့သမိုင်းမှာပါ ကြောက်မက်ဖွယ်အကောင်းဆုံးနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာ ကမ္ဘာကျော်အဆောက်အဦးတွေဖြစ်တဲ့ Twin Towers နဲ့ ပင်တဂွန်အဆောက်အဦးတို့ဟာ အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကြောင့် […]

Amazing

အအေးဓာတ်လွန်ကဲတဲ့ ဒေသတွေက ထူးခြားတဲ့ဆောင်းရာသီ မြင်ကွင်းများ

လူအတော်များများကတော့ ရာသီဥတုတွေထဲမှာ ဆောင်းရာသီကိုနှစ်သက်ကြပါတယ်။ လူငယ်လူရွယ်တွေအတွက်ဆိုရင်လည်း ဆောင်းရာသီဟာ ရိုမန်တစ်ဆန်တဲ့ရာသီလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ဒေသအချို့က လူတွေကတော့ ဒီလိုအထင်အမြင်တွေနဲ့ ပြောင်းပြန်ဖြစ်နေမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီက ဆောင်းရာသီကအင်မတန်ဆိုးရွားပြင်းထန်ပြီး အေးစက်လွန်းတာကြောင့်ဖြစ်ပါတယ်။ သူတို့ရဲ့ဆောင်းရာသီအခြေအနေတွေကို ဖော်ပြရရင်တော့ … shwekhitonlinetv.com ၁။ ရေခဲပူဖောင်း ဒီပုံကကြည့်ပြီး ဘာအဓိပ္ပါယ်လဲဖော်မရဖြစ်နေမယ်ထင်ပါတယ်။ အမှန်တော့ ပုံထဲကဘောလုံးလေးတွေက သူမှုတ်ထုတ်လိုက်တဲ့ ဆပ်ပြာပူဖောင်းလေးတွေဖြစ်ပါတယ်။ အေးလွန်းတဲ့ရာသီဥတုအခြေအနေကြောင့် ချက်ချင်းဆိုသလို လေထဲမှာပဲ ရေခဲဆပ်ပြာပူဖောင်းလေးတွေအဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ အေးခဲနေတဲ့ကယ်တင်ရှင် ဒီ မီးသတ်သမားကိုကြည့်လိုက်ပါဦး။ တစ်နေရာရာမှာမီးလောင်လို့ […]

Amazing

ပုံမှန်နဲ့မတူဘဲ ရယ်ရွှင်ဖွယ်ကောင်းလောက်အောင် ထူးထူးခြားခြားကွဲထွက်နေတဲ့ ယူနီဖောင်းများ

ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ ကမ္ဘာတစ်လွှားကနိုင်ငံအချို့မှာယနေ့တိုင် အသုံးပြုနေတဲ့ နယ်ပယ်အသီးသီးက ထူးထူးဆန်းဆန်းယူနီဖောင်းတွေအကြောင်းပဲဖြစ်ပါတယ်။ သေချာတာကတော့ သင့်အနေနဲ့ တစ်သက်နဲ့တစ်ကိုယ် ဒီလိုယူနီဖောင်းမျိုးကို မမြင်တွေ့ဖူးဘူးဆိုတာပါပဲ။ shwekhitonlinetv.com ၁။ Beach Soccer Bikini ဒီဝတ်စုံကတော့ သဲသောင်ပြင်ဘောလုံးအသင်းတစ်သင်းရဲ့ ဝတ်စုံဖြစ်ပြီး Beach Soccer Bikini လို့အမည်ပေးထားပါတယ်။ အကျီၤရဲ့အရောင်ကလည်း သဲသောင်ပြင်အရောင်နဲ့ ထပ်တူကျနေတော့ အမှတ်တမဲ့အဝေးကကြည့်ရင် ဘီကီနီနဲ့ မိန်းကလေးတစ်ဦးသဖွယ်ထင်မှတ်အောင် ဖန်တီးထားသလားတော့မပြောတက်ပါဘူး။ shwekhitonlinetv.com ၂။ မြောက်ကိုရီးယား ထိပ်တန်းစစ်အရာရှိများ မြောက်ကိုရီးယား ထိပ်တန်းစစ်အရာရှိကြီးတွေရဲ့ ယူနီဖောင်းမှာတော့ ဆုတံဆိပ်တွေများစွာနဲ့အလှဆင်ထားပါတယ်။ […]