Amazing

ငိုအားထက်ရယ်အားသန်စေမယ့် ကြံကြံဖန်ဖန်ဖြစ်ရပ်တွေကြောင့် အသက်ဆုံးရှုံးခဲ့ကြသူများ

တစ်ခါတစ်ရံမှာ လူတွေဟာသေနေ့စေ့တဲ့အချိန်ရောက်ရင် သေမင်းကမဖြစ်မနေလာရောက်ခေါ်ဆောင်ခြင်းကို ခံကြရတက်ပါတယ်။ အဲ့ဒီအချိန်ရောက်ရင် ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်မှတ်ရလောက်တဲ့ အသေးအဖွဲကိစ္စ၊ ဖြစ်ရပ်တွေကနေတစ်ဆင့်လူသားတွေဟာ သေခြင်းတရားကိုရင်ဆိုင်တွေ့ကြုံကြရပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း သေနေ့စေ့လို့ မယုံကြည်နိုင်စရာဖြစ်ရပ်တွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအများအပြားရှိခဲ့ဖူူးပါတယ်။ အဲ့ဒီထဲကမှ ကြံကြံဖန်ဖန်အဖြစ်တွေနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေကို ဖော်ပြရရင်တော့ ….. shwekhitonlinetv.com ၁။ အိမ်ခေါင်မိုးကကျွံကျလာတဲ့ နွားပိပြီး အသက်ဆုံးရှုံးခဲ့သူ ဘရာဇီးလ်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Joao Maria de Souza ဆိုသူကတော့ အိပ်ပျော်နေတဲ့အချိန်မှာ သူ့ရဲ့အိမ်ခေါင်မိုးပေါ်ကနေ တစ်တန်လောက်အလေးချိန်ရှိတဲ့နွားမတစ်ကောင် သူ့အပေါ်ကျွံကျခဲ့လို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူ့နဲ့အတူအိပ်နေတဲ့ သူ့ရဲ့မိန်းမကတော့ […]

Amazing

ကမ္ဘာ့ထိတ်လန့်ဖွယ်အကောင်းဆုံး တံတား (၅) စင်းနှင့် နောက်ကွယ်က သမိုင်းကြောင်းများ

ကမ္ဘာပေါ်မှာထူးထူးခြားခြားပုံစံဒီဇိုင်းတွေနဲ့ စိတ်ဝင်စားဖွယ်နောက်ခံသမိုင်းကြောင်းတွေရှိနေတဲ့ တံတားတွေအများအပြားရှိပါတယ်။ ဒီအထဲကမှ ရွှေခေတ်ပရိသတ်တွေ စိတ်ဝင်စားလောက်မယ့် တံတား (၅) ခုကိုရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ ခွေးတွေကိုယ့်ကိုကိုယ်သေကြောင်းကြံတဲ့ တံတား (Dog Sucide Bridge) ကမ္ဘာပေါ်မှာလျှို့ဝှက်ဆန်းကြယ်မှုတွေ နဲ့ အန္တရာယ်အရှိဆုံးတံတားတစ်စင်းကတော့ စကော့တလန်နိုင်ငံ ရဲ့ ဒမ်ဘာတန်ဒေသမှာတည်ရှိပါတယ်။ ဒီတံတားက အန္တရာယ်ရှိတယ်ဆိုတာကတော့ လူသားတွေအတွက်ပဲ ခွေးတွေအတွက် အန္တရာယ်ရှိတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီတံတားကိုရောက်ရှိဖြတ်သန်းခဲ့ကြဖူးတွေ ခွေးတွေဟာ အကြောင်းမဲ့တံတားပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ်သေကြောင်း ကြံကြလေ့ရှိလို့ပဲဖြစ်ပါတယ်။ ဘာအကြောင်းပြချက်ကြောင့် ခွေးတွေဟာ […]

Amazing

သင့်ရဲ့အမြင်အာရုံကို ကောင်းကောင်းကြီးလှည့်စားပစ်နိုင်တဲ့ အမိုက်စား ဓာတ်ပုံများ

အမြင်အာရုံကိုလှည့်စားနိုင်တဲ့ ဓာတ်ပုံတွေအနုပညာရှင်တွေကတော့ ကမ္ဘာပေါ်မှာအမြောက်အမြားရှိပါတယ်။ ဒါပေမယ့်အခုဖော်ပြပေးမယ့် ပုဂ္ဂိုလ်တွေကတော့ သူတို့ကျွမ်းကျင်တဲ့ဘာသာရပ်မှာ သူမတူအောင်ထူးချွန်ပြီး ပြောစမှတ်တွင်စေမယ့် ကမ္ဘာကျော်အနုပညာလက်ရာတွေကိုဖန်တီးခဲ့ကြသူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ လက်ရာတွေက သင့်ကိုဘယ်လိုများအံ့အားသင့်စေမလဲဆိုတာကြည့်ရှုလိုက်ပါဦးနော် …..  shwekhitonlinetv.com ၁။ နံရံပေါ်မှာလမ်းလျှောက်နေသူများ Strk လို့လူသိများကြတဲ့ နော်ဝေး Street Artist တစ်ဦးဖြစ်သူ Anders Gjennestad မျက်လုံးကိုလှည့်စားနိုင်တဲ့ 3D ပန်းချီပေါင်းများစွာကိုဖန်တီးခဲ့တဲ့သူဖြစ်ပါတယ်။ ဒီပုံမှာတော့ ကျောင်းတစ်ခုရဲ့ နံရံပေါ်မှာလမ်းလျှောက်နေကြတဲ့ သူတွေကိုသူ့အနေနဲ့အကောင်းဆုံးပုံဖော်ထားပါတယ်။ လက်ရာမြောက်ပြီး သဘာဝကျလွန်းတဲ့ အရိပ်ဖန်တီးမှုတွေကြောင့် ဒီပုံဟာ […]

Amazing

သိပ္ပံပညာနဲ့ လက်လှမ်းမမှီနိုင်ဘဲ အဖြေရှာမရတဲ့ကိစ္စကြီး (၅) ခု

တိုးတက်နေတဲ့ဒီနေ့ခေတ်မှာတော့ လူသားတွေရဲ့နေ့စဉ်ဘဝမှာ သိပ္ပံပညာရပ်ဟာအလွန်အရေးပါတဲ့အခန်းကဏ္ဍကပါဝင်လျက်ရှိပါတယ်။ ဒါပေမယ့်လည်း သိပ္ပံပညာနဲ့ လက်လှမ်းမမှီနိုင်ဘဲ အဖြေရှာမရတဲ့ကိစ္စတွေကတော့ ဟိုးပဝေသဋီကနေ ယနေ့ထက်ထိတိုင် ရှိနေပြန်ပါတယ်။ အဲ့ဒီထဲက အထင်ရှားဆုံးဖြစ်ရပ်တစ်ချို့ကို ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ တိရိစ္ဆာန်များအစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းခြင်း တိရိစ္ဆာန်တွေဟာ GPS ကိုအသုံးမပြုဘဲနဲ့မိုင်ထောင်ပေါင်းများစွာဝေးတဲ့ နေရာတွေကိုရွှေ့ပြောင်း နေထိုင်နိုင်ကြပါတယ်။ သူတို့တွေအနေနဲ့ရည်ရွယ်ရာအရပ်ကိုလမ်းမှားသွားတာ၊ လမ်းပျောက်သွားတာမျိုးမရှိတာကတော့ အတော်လေးကိုအံ့သြဖို့ကောင်းလှပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီးတော့ သီအိုရီတွေများစွာရှိပေမယ့်လည်း ဘယ်သူမှတော့အတိအကျသိရှိခြင်းမရှိပါဘူး။ ခိုတွေနေရာရွှေ့ပြောင်းခြင်းနဲ့ပတ်သတ်ပြီးအမြဲတစေလေ့လာနေသူတစ်ဦးရဲ့ အင်ဒီပန်းဒန့်သတင်းစာမှာရေးသားခဲ့တဲ့ ဆောင်းပါးမှာတော့ ခိုတွေဟာအမြင်အာရုံ၊ အနံ့ခံအာရုံတွေအပြင် သံလိုက်ဓာတ်ကိုပါအသုံးပြုသွားလာကြတယ်လို့ဖော်ပြထားပါတယ်။ ဒါကလည်းအလုံးစုံးတိတိကျကျသိရှိခြင်းမျိုးမဟုတ်တဲ့အပြင် အခြားတိရိစ္ဆာန်တွေကရော ဘယ်လိုနည်းလမ်းတွေနဲ့လမ်းကြောင်းရှာဖွေမှတ်သားပြီး […]

Amazing

ဒဏ္ဍာရီတွေ နတ်သမီးပုံပြင်တွေထဲကလို ထူးဆန်းပြီး နေချင်စရာကောင်းတဲ့ မြို့ရွာ (၁၀) ခု

အခုတစ်ခေါက်မှာတော့ ခရီးသွားရတာကိုနှစ်သက်တဲ့သူူတွေအတွက် ဒဏ္ဍာရီတွေ နတ်သမီးပုံပြင်တွေထဲကလို သာယာလှပပြီး အေချမ်းလွန်းတဲ့ ကမ္ဘာတစ်လွှားကမြို့၊ ရွာလေးတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော် … shwekhitonlinetv.com ၁။ Shirakawa – Japan Shirakawa ရွာလေးကတော့ ဂျပန်နိုင်ငံအလယ်ပိုင်း ဂီဖုစီရင်စု၊ အိုနိုခရိုင်မှာတည်ရှိတာဖြစ်ပါတယ်။ ဒီရွာကလေးက UNESCO ရဲ့ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ်သတ်မှတ်ခြင်းခံထားရပြီး လူဦးရေ (၁၆၀၀) ကျော်သာရှိတဲ့ရွာလေးဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ Alsace – France ပြင်သစ်နိုင်ငံအရှေ့ပိုင်းက စထရာဘော့စီရင်စုမှာရှိတဲ့ယဉ်ကျေးမှုမြို့တော်ဖြစ်ပါတယ်။ Alsace မြို့ဟာ ဂျာမနီ၊ ဆွစ်ဇာလန်၊ လူဇင်ဘတ် […]

Amazing

အရင်ခေတ်က ဓာတ်ပုံတွေနဲ့ ဆက်နွယ်နေတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများ

ဓာတ်ပုံဆိုတာကတော့ အတိတ်သမိုင်းကြောင်းတွေကို ဖော်ပြရာမှာအကောင်းဆုံးသက်သေတစ်ခုပဲဖြစ်ပါတယ်။ အတိတ်ကဘာတွေဖြစ်ပျက်ခဲ့တယ် ဘယ်လိုအမှတ်ရစရာတွေ ဖန်တီးခဲ့တယ်ဆိုတာကို ဓာတ်ပုံတွေကအကောင်းဆုံးလှစ်ဟ ပြသနိုင်ပါတယ်။ ဒီတစ်ခါဖော်ပြပေးမယ့် အတိတ်ကဓာတ်ပုံလေးတွေကရော သင့်ကိုဘယ်လိုအံ့အားသင့်သွားစေမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော် ….. shwekhitonlinetv.com ၁။ ၁၉၆၅ ခုနှစ်ကအင်္ဂလိပ်ရေလက်ကြားမှာတွေ့ရတဲ့ Amphicar နှစ်စီး။ (Amphicar တွေကိုတော့ ၁၉၆၀ ကနေ ၁၉၆၈ အထိရောင်းချခဲ့ကြပြီး ထုတ်လုပ်မှုကိုတော့ ၁၉၆၅ မှာရပ်တန့်ခဲ့တာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံက တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကုန်းနှင့်ရေ နှစ်မျိုးလိုအပ်သလိုပြောင်းလဲအသုံးပြုနိုင်ပါတယ်။) shwekhitonlinetv.com ၂။ နယ်သာလန်နိုင်ငံရဲ့ အလွန်အေးသည့်ရာသီဥတုအောက်တွင် ဟင်းလင်းပြင်ထဲမှာစာသင်ကြားနေရသည့် […]

Amazing

လူသားတွေဖန်တီးထားတဲ့ ကမ္ဘာပေါ်က ထူးခြားအံ့သြဖွယ်ရာ မြို့ (၅) မြို့

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူသားတွေဟာ မိမိတို့ ဘဝတစ်လျောက် အသက်ရှင်နေထိုင်ဖို့အတွက် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့် ကြံ့ကြံ့ခံ ရင်ဆိုင်အန်တုကာ ကျော်ဖြတ်လာခဲ့ကြတဲ့ သူတွေပါ။ ဒါကြောင့်လည်း ထူးဆန်းအံ့အားသင့်ဖွယ် ဖန်တီးတီထွင်မှု တွေနဲ့အတူ ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာပြီး ဒီနေ့လိုအခြေအနေမျိုးကို ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ လူသားတွေဖန်တီးထားတဲ့ ကမ္ဘာပေါ်က ထူးခြားအံ့သြဖွယ်ရာ မြို့ (၅) မြို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ Mirny (Russia) ငရဲမုခ်ဝမြို့တော်လို့ထင်ရှားတဲ့ ဒီနေရာမှာတော့ ကျင်းနက်ကြီးတစ်ခုရှိနေတာကြောင့် အင်တာနက်မှာ သတင်းတွေအမျိုးမျိုးထွက်ခဲ့ဖူးပါတယ်။ […]

Amazing

အိမ်ထဲကနေ ခြေတစ်လှမ်းမျှ မခွာဘဲ ကံကောင်းစွာနဲ့ သူဌေးဖြစ်သွားကြသူများ

လောကမှာကံကောင်းတဲ့တစ်ချို့လူတွေဟာ ချမ်းသာကြွယ်ဝဖို့အတွက်ငွေကြေးဥစ္စာတွေကို တကူးတကလိုက်လံရှာဖွေစရာမလိုဘဲ သူတို့ထံကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတာတဲ့ အဖြစ်အပျက်တွေရှိပါတယ်။ ဒီလိုအဖြစ်အပျက်လေးတွေထဲက တစ်ချို့ကိုတော့ရွှေခေတ်ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ shwekhitonlinetv.com ၁။ ဒေါ်လာ (၃,၈၀၀,၀၀၀) တန် ရှေးဟောင်းကားတစ်စီး ဒေါက်တာဟာရိုးကားလ် ဆိုတဲ့သူတစ်ဦးဟာ ၂၀၀၉ ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ခဲ့တဲ့အချိန်မှာသူ့ရဲ့ဆွေမျိုးတွေအတွက် သူ့ရဲ့အိမ်ကိုချန်ထားခဲ့ပါတယ်။ သူ့ရဲ့ဆွေမျိုးတွေလည်း သူမရှိတော့တဲ့အချိန် သူ့ရဲ့အိမ်ကိုရှာဖွေကြည့်ရာမှာတော့ ရှေးဟောင်းပစ္စည်းအများအပြားကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီရှေးဟောင်းပစ္စည်းတွေထဲမှာ အထင်ရှားဆုံးဖြစ်ခဲ့တာကတော့ နှစ် (၅၀) လောက်ကားဂိုဒေါင်ထဲမှာ စွန့်ပစ်ထားတဲ့ ၁၉၃၇ ခုနှစ်ထုတ် Bugatti Type 57S ကားပဲဖြစ်ပါတယ်။ […]

Amazing

အရွယ်မရောက်သေးပေမယ့် ကိုယ်တိုင်ပိုက်ဆံရှာပြီး ကမ္ဘာ့အချမ်းသာဆုံးဖြစ်ခဲ့ကြတဲ့ ကလေး ၁၀ ယောက်

အသက်မွေးဝမ်းကြောင်း ပညာရပ်တခုကို မသင်ကြားရသေးခင်မှာပဲ ကိုယ်ပိုင်ပိုက်ဆံကို ရှာနိုင်နေပြီဖြစ်တဲ့ ကလေးတွေဟာ ကမ္ဘာတလွှားမှာ အများအပြားရှိလို့နေပါပြီ။ တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ ခေတ်စနစ်နဲ့အညီ Youtuber , Gamer အဖြစ်နဲ့ ကိုယ်ပိုင်ဝင်ငွေလမ်းကြောင်းတခုကို ဖန်တီးနိုင်နေကြပါပြီ။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကမ္ဘာ့အချမ်းသာဆုံး ကလေး ၁၀ ယောက်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ Ryan Kaji Ryan လို့ခေါ်တဲ့ ဒီကလေးလေးကတော့ ငယ်စဥ်ကတည်းက youtube မှာရှိတဲ့ အရုပ်နဲ့ပက်သက်တဲ့ Review တွေကို […]

Amazing

ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတွေကို ခံစားရင်း စားသောက်နိုင်မယ့် စားသောက်ဆိုင် (၁၀) ခု

ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာတစ်လွှားကရင်သပ်ရှုမောဖွယ်ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်မယ့်အမိုက်စား စားသောက်ဆိုင်တွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေက ဘယ်စားသောက်ဆိုင်တွေများ ဒီစာရင်းမှာပါဝင်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော် ….. shwekhitonlinetv.com ၁။ La View in Ubud – Bali အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာရှိတဲ့ La View in Ubud စားသောက်ဆိုင်ကတော့ တောတောင်ရေမြေသဘာဝ နဲ့ ကျေးငှက်သာရကာတွေရဲ့ သဘာဝအလှကိုခံစားချင်သူတွေအတွက် သွားရောက်ဖို့အသင့်တော်ဆုံး စားသောက်ဆိုင်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ Pierchic in Dubai – […]