ထူးခြားတဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်ကြောင့် နာမည်ကြီးနေတဲ့ အင်ဂျင်နီယာတစ်ဦး
သူ့ရဲ့နာမည်က မာ့ခ်ဘရိုင်ယန် လို့ခေါ်ပါတယ်။ သူက အသက် စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်ပြီးတော့ဂျာမနီနိုင်ငံက စက်ရုပ်တွေထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပြီး ဇနီး၊ သမီးဖြစ်သူတို့နဲ့အတူ ဂျာမနီနိုင်ငံမှာနေထိုင်တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com လွန်ခဲ့တဲ့ လအနည်းငယ်လောက်က စပြီးသူဟာ ဆိုရှယ်မီဒီယာတွေမှာ နာမည်ကျော်ကြားလာပြီး လူအများရဲ့ အာရုံစိုက်ခြင်းကိုခံရတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီလိုဖြစ်လာရတဲ့အကြောင်းအရင်းကတော့ သူ့ရဲ့ထူးခြားတဲ့ ဝတ်စားဆင်ယင်မှုဖက်ရှင်ကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဘရိုင်ယန်ဟာ နေ့စဥ်လူနေမှုဘဝမှာရောလုပ်ငန်းခွင်ထဲမှာပါ ထူးခြားတဲ့ဝတ်စားဆင်ယင်မှုနဲ့ နေထိုင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဝတ်စားဆင်ယင်မှုဖက်ရှင်ကိုတော့ ဘရိုင်ယန်က ‘Hybrid’ လို့နာမည်ပေးထားပြီး အပေါ်ပိုင်းက ပုံမှန်အမျိုးသားတွေ ဝတ်ဆင်တဲ့ […]