ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာတောင် အလုပ်လုပ်ခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်များ
ကိုယ်ဝန်ဆောင်တယ်ဆိုတာကတော့ အမျိုးသမီးတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်လို့ဆိုနိုင်ပါတယ်။ ဒီအချိန်ကာလဟာ အမျိုးသမီးတွေအတွက် အသွားအလာ၊ အနေအထိုင်၊ အစားအသောက် ကစလို့အစစ အရာရာဆင်ခြင်ရတဲ့ကာလတစ်ခုဆိုလည်းမမှားပါဘူး။ ဒါပေမယ့်စစ်တမ်းတွေအရတော့ ကမ္ဘာပေါ်က ကိုယ်ဝန်ဆောင်အမျိုးသမီးစုစုပေါင်းရဲ့ (၅၆) ရာခိုင်နှုန်းလောက်ကအချိန်ပြည့်လုပ်ငန်းခွင်ဝင်နေကြပြီး အချို့ကလည်း နာရီအပိုင်းအခြားနဲ့ မိမိတို့အသက်မွေးဝမ်းကြောင်းအလုပ်တွေကိုလုပ်နေကြရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကမ္ဘာကျော်ဆယ်လီတွေထဲက ကိုယ်ဝန်ဆောင်နေစဉ် မိမိတို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေကို လုပ်ကိုင်ခဲ့ကြသူတွေအကြောင်းဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ Adriana Lima စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Adriana Lima ကတော့ ပြီးခဲ့တဲ့ ဧပြီလထဲမှာသူမရဲ့ရင်သွေးလေးကိုလွယ်ထားရင်းနဲ့ ဖက်ရှင်ရှိုးတစ်ခုမှာ […]