Knowledge

ဖရဲသီးဝယ်တဲ့အခါ ခွဲမကြည့်ဘဲ ချို၊ မချို သိနိုင်မယ့်နည်းလမ်းများ

ဖရဲသီးဟာ ရေဓာတ်များစွာပါဝင်ပြီးတော့ ပူပြင်းတဲ့ရာသီမှာစားသုံးဖို့သင့်တော်လွန်းတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ဖရဲသီးဝယ်တဲ့ အခါ ချို၊ မချိုဆိုတာကို ခွဲမကြည့်ဘဲ ပုံပန်းသဏ္ဍာန်ကိုကြည့်ရုံနဲ့ သိရှိနိုင်မယ့်နည်းလမ်းအချို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ အညိုရောင်အစင်းကြောင်းများကိုရှာပါ။ တစ်ချို့ဖရဲသီးတွေရဲ့အခွံမှာဆိုရင် အသားမာတက်သလိုမျိုး အညိုရောင်အစင်းတွေ အက်ကွဲကြောင်းတွေပါရှိတာကိုတွေ့ရတက်ပါတယ်။ ဒီလိုဖရဲသီးတွေကရွေးချယ်ဖု့ိသင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအညိုရောင်အသားမာတက်သလို အစင်းတွေဖြစ်နေရခြင်းက ဒီဖရဲသီးဖြစ်လာမယ့် အပွင့်ပေါ်ကိုပျားတွေက ကြိမ်ဖန်များစွာဝတ်မှုန်ကူးထာလို့ပဲဖြစ်ပါတယ်။ များများဝတ်မှုန်ကူးလေး အသီးကပိုချိုလေဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ အဝါရောင်အကွက်များကိုရှာပါ။ တစ်ချို့ဖရဲသီးတွေရဲ့ အခွံမှာတော့ အခုလိုမျိုးအဝါရောင်အကွက်တွေဖြစ်ပေါ်နေတာကိုမြင်ဖူးကြမယ်လို့ထင်ပါတယ်။ ဒီနေရာတွေက ဖရဲသီးနဲ့မြေပြင်နဲ့ထိစပ်နေတဲ့ နေရာဖြစ်ပြီး […]

Knowledge

အာဖဂန်ပြည်သူတွေရဲ့ စပျစ်သီးတွေကို တစ်နှစ်ပတ်လုံးမပုပ်သိုးအောင်ထားတဲ့နည်း

ခေတ်မီတိုးတက်လွန်းတဲ့ ဒီနေ့ခေတ်ကမ္ဘာကြီးမှာ နည်းပညာအသစ်အဆန်းတွေဟာ နေ့စဉ်နဲ့အမျှတိုးပွားနေတာကတော့ ရွှေခေတ်ပရိသတ်တွေလည်း သိပြီးသားအကြောင်းအရာ တစ်ရပ်ဖြစ်ပါတယ်။ shwekhitonlinetv.com လူသားတွေအနေနဲ့ဒီလိုခေတ်မီတိုးတက်တဲ့ နည်းပညာတွေနောက်ကိုအမှီလိုက်ရင်း ခေတ်နဲ့လိုက်လျောညီထွေဖြစ်အောင်နေထိုင်နေကြရသလိုပဲ တစ်ဖက်မှာလည်း ဒီနေ့ထက်တိုင်အသုံးဝင်နေတဲ့ ရှေးခေတ်နည်းပညာရပ်တွေကိုလည်း ချန်ထားခဲ့လို့မရဘဲ လက်ဆင့်ကမ်းသယ်ဆောင်နေကြရပါတယ်။ shwekhitonlinetv.com ဒီလိုရှေးဟောင်းနည်းပညာတွေနဲ့ပတ်သတ်ပြီးလတ်တလော Youtube မှာရေပန်းစားနေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ရွှံ့စေးနဲ့ပြုလုပ်ထားတဲ့ မြေအိုးလေးတွေထဲကို သစ်သီးဝလံတွေထည့်သွင်းသိုလှောင်ပြီး နှစ်ရှည်လများအထားခံအောင်ပြုလုပ်တဲ့နည်းကို ပြသထားတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီနည်းကတော့ အလွန်တရာမှရိုးရှင်းလွယ်ကူလှပြီး အာဖဂန်နစ္စတန်မြောက်ပိုင်းမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ ရှေးနှစ်ပေါင်းရာချီကတည်းက ပြုလုပ်ခဲ့တဲ့နည်းလည်းဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com အဲ့ဒီအချိန်ကရေခဲသေတ္တာလိုအရာမျိုး မရှိသေးတာကြောင့် ရှေးအာဖဂန်တွေဟာ သူတို့တွေရဲ့သစ်သီးဝလံတွေကို […]

Knowledge

သင်မြင်ဖူးမှာတောင် မဟုတ်တဲ့ ရှေးခေတ်က သမိုင်းဝင်ဓာတ်ပုံများ

၁။ ဒီပုံကတော့ ၁၉၄၅ ခုနှစ်တုန်းက သေမင်းရထားကနေလွတ်မြောက်လာကြတဲ့ ဂျူးလူမျိုးအချို့ရဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ ၁၉၃၄ နှစ်တုန်းက နယူးယော့ခ်မြို့ အင်ပါယာစတိတ် အဆောက်အဦးရဲ့ထိပ်ဖျားမှာ ဟန်ချက်ညီညီနဲ့အသည်းယားစရာကောင်းလောက်အောင်စွမ်းရည်ပြသနေတဲ့ ကျွမ်းဘားသမား (၃) ဦးပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၃။ ဒါကတော့ ဆိုဗီယက်အာကာသယာဉ်မှုး ဗလာဒီမာကိုမာရော့ (Vladimir Komarov) ရဲ့ ခန္ဓာကိုယ်ကနေ ကြွင်းကျန်တဲ့အပိုင်းအစတစ်ခုဖြစ်ပါတယ်။ သူဟာ ၁၉၆၇ ခုနှစ်မှာ အာကသထဲကနေ ကမ္ဘာမြေပြင်ပေါ်ကို ပြုတ်ကျခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com ၄။ ဥပဒေတွေရဲ့အကာအကွယ်ပေးနိုင်မှုက သူမရဲ့အတွင်းခံလောက်တောင် လုံခြုံမှုမရှိကြောင်းကို […]

Knowledge

ကမ္ဘာတဝှမ်းက အသက်အန္တရာယ် အများဆုံး အလုပ် (၁၀) မျိုး

အလုပ်အကိုင်ကောင်းတွေကို ရှာဖွေနေပါသလား။ အခုဖော်ပြပေးမယ့်အလုပ်တွေကို လုပ်ကိုင်မယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ နှစ်ခါပြန်စဥ်းစားဖို့ လိုပါလိမ့်မယ်။ တချို့အလုပ်အကိုင်တွေဟာ ဝင်ငွေကောင်းရုံသာမက အန္တရာယ်နဲ့လည်း အရမ်းကို နီးကပ်လွန်းလှပါတယ်။ ဝင်ငွေတခုတည်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုရင်တော့ ရေရှည်လုပ်ကိုင်နိုင်ဖို့ မလွယ်ကူလှတဲ့ အလုပ်တွေပါ။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အသက်အန္တရာယ်နဲ့ အရမ်းကို နီးကပ်လွန်းတဲ့ ကမ္ဘာတလွှားက အလုပ်အကိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁၀။ ဆောက်လုပ်ရေးလုပ်သားများ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ စိတ်ချရတဲ့ အသုံးအဆောင် ပစ္စည်းတွေ တပ်ဆင်သော်ငြားလည်း လုပ်ငန်းခွင်မတော်တဆမှုဟာ နှစ်စဥ်များပြားလျက်ရှိပါတယ်။ […]

Knowledge

ဝက်ဝံကြီးတွေနဲ့ ပတ်သတ်ပြီး သင်သိသေးမှာ မဟုတ်တဲ့ ဗဟုသုတအချို့

ဝက်ဝံ ဆိုတဲ့သတ္တဝါကိုတော့သင့်အနေနဲ့ တိရိစ္ဆာန်ရုံလိုနေရာမျိုး ရုပ်ရှင်ဇာတ်ကားနဲ့ Discovery လို TV အစီအစဉ်တွေမှာမြင်ဖူးကြလိမ့်မယ်ထင်ပါတယ်။ အပြင်မှာ သူ့သဘာဝအတိုင်းမြင်ရတွေ့ရဖို့ဆိုတာကတော့ အတော်လေးကိုခဲယဉ်းလှပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ သဘာဝအတိုင်းနေထိုင်ကြတဲ့ ဝက်ဝံတွေနဲ့ပတ်သက်တဲ့ ထူးထူးခြားခြားအချက်ကလေးတွေကို ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ မျိုးစိတ်များ သုတေသနစစ်တမ်းတွေအရ တစ်ကမ္ဘာလုံးမှာဝက်ဝံမျိုးစိတ် (၈) မျိုးသာရှိပါတယ်။ အဲ့ဒီမျိုးစိတ်တွေကတော့ ၁။ North American Black Bear ၂။ Brown Bear ၃။ Polar […]

Knowledge

စိန် အတု၊အစစ် ခွဲခြားစစ်ဆေးနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းများ

ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေအတွက် စိန်အတု နဲ့ အစစ် အလွယ်တကူခွဲခြားနိုင်မယ့် နည်းလမ်းလေးတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ ရေဖြင့်စစ်ဆေးခြင်း ဒီနည်းကတော့ စိန်အတု၊ အစစ်ခွဲခြားဖို့အလွယ်ဆုံးနည်းလို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနည်းနဲ့စစ်ဆေးဖို့အတွက် ရေတစ်ခွက်ပဲလိုလို့ပါ။ သင့်အနေနဲ့ စိန်အစစ်တစ်လုံးနဲ့ စိန်အတုတစ်လုံးကို ရေထည့်ထားတဲ့ဖန်ခွက်ထဲထည့်လိုက်မယ်ဆိုရင် စိန်အစစ်က ဖန်ခွက်အောက်ခြေထိနစ်မြုပ်သွားမှာဖြစ်ပြီး စိန်အတုကတော့ အောက်ခြေထိနစ်မြုပ်ခြင်းမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com စိန်အစစ်ဟာ သိပ်သည်းဆများလွန်းတာကြောင့် ဖန်ခွက်အောက်ခြေထိနစ်မြုပ်သွားရခြင်းဖြစ်ပါတယ်။ စိန်အစစ်နဲ့အလွန်တရာသိပ်သည်းဆတူညီအောင်လုပ်ထားတဲ့ စိန်အတုဆိုရင်တော့ အတုအစစ်ခွဲခြားတဲ့အခါ ဘယ်စိန်တုံးက ရေအောက်ကိုလျင်မြန်စွာနစ်မြုပ်သွားသလဲဆိုတာကိုကြည့်ရှုပြီးတော့ ခွဲခြားနိုင်ပါတယ်။ shwekhitonlinetv.com ၂။ […]

Knowledge

သမိုင်းစာအုပ်ထဲမှာတောင် ရှာလို့တွေ့မှာ မဟုတ်တဲ့ ရှားရှားပါးပါး သမိုင်းဝင်ဓာတ်ပုံများ

ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်ကြီးအတွက် အလွန်တရာမှရှားပါးပြီး မြင်တွေ့ဖို့ခက်ခဲလှတဲ့ သမိုင်းဝင်ဓာတ်ပုံလေးတွေကို ဗဟုသုတအနေနဲ့ ပြန်လည်ဝေမျှပေးချင်ပါတယ်။ တစ်ပုံချင်းစီကြည့်ရှု လေ့လာကြည့်ကြပါဦးနော် ….. shwekhitonlinetv.com ၁။ ဒီပုံကတော့ ၁၉၂၂ ခုနှစ်တုန်းက ငွေစက္ကူအုပ်တွေနဲ့ ဆော့ကစားနေတဲ့ ဂျာမန်ကလေးငယ်တွေဖြစ်ပါတယ်။ အဲ့ဒီအချိန်ကာလက ငွေကြေးအဆမတန်ဖောင်းပွနေခဲ့တဲ့အချိန်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein) ရဲ့ ရှားပါးတဲ့ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။ ဒီပုံကို ၁၉၃၉ ခုနှစ်က New York မြို့တော်ရဲ့ Long Island […]

Knowledge

ရေမရှိဘဲ ၂၄ နာရီအထိ အသက်ရှင်နိုင်တဲ့ ဧရာမ ငါးမျိုးစိတ်ကြီးတွေ အကြောင်း

ဒီငါးတွေကိုတော့ Arapaima လို့ခေါ်ပါတယ်။ တောင်အမေရိကတိုက်က အမေဇုန် (Amazon) နဲ့ အက်စ္စကွီဘို (Essequibo) မြစ်ဝှမ်းတွေမှာသာတွေ့ရတက်တဲ့ အရွယ်အစားကြီးမားလွန်းတဲ့ ရေချိုငါးတွေလည်းဖြစ်ပါတယ်။ ဒေသတွင်းမှာဆိုရင်တော့ ဒီငါးကို Pirarucu လို့ခေါ်ကြပြီး ငါးနီ (Red Fish) လို့ အဓိပ္ပါယ်ရပါတယ်။ shwekhitonlinetv.com ဒီငါးတစ်ကောင်ရဲ့ အလေးချိန်ကတော့ ပေါင် (၅၀၀) နီးပါးအထိတောင်ရှိတက်ပါတယ်။ နောက်ပြီး အရှည်အနေနဲ့ (၁၀) ပေလောက်အထိ ကြီးထွားနိုင်ကြပြီး တစ်ခါတစ်ရံမှာဆိုရင် (၁၅) ပေနီးပါးလောက်ရှိတဲ့အကောင်တွေကိုလည်း တွေ့ရတက်တယ်လို့ […]

Knowledge

အာကာသ တွင်းနက်ကြီး Black hole နဲ့ ပတ်သတ်၍ လူသိနည်းတဲ့ ဗဟုသုတ အချို့

တွင်းနက် (Black Hole) တွေဆိုတာကတော့ အာကာသထဲက စွမ်းအားကြီးမားပြီး လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ အရာတွေလို့ လူသားတွေအနေနဲ့သိထားကြပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့လည်း တွင်းနက်တွေနဲ့ ပက်သတ်လို့ ရှိတယ်ဆိုတာသာသိထားကြပြီး လက်ဆုပ်လက်ကိုင်ပြနိုင်ဖို့ကိုတော့ ဆက်လက်ကြိုးစားလေ့လာ နေကြဆဲပဲဖြစ်ပါတယ်။ shwekhitonlinetv.com အခုတစ်ခေါက်မှာတော့ တွင်းနက်တွေနဲ့ပတ်သက်လို့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်အလက်တစ်ချို့ကို ရွှေခေတ်ပရိသတ်တွေအတွက် ဗဟုသုတအဖြစ် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ တွင်းနက် (Blackhole) တွေကို မမြင်တွေ့နိုင်ပါဘူး တွင်းနက်တွေဟာအလွန်အမင်းဆွဲအားကြီးလွန်းတာကြောင့် အလင်းတောင်မှသူ့ရဲ့ ဆွဲအားကနေလွတ်မြောက်နိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် တွင်းနက် (Blackhole) […]

Knowledge

ဖုန်းကင်မရာ ရဲ့ ဘေးမှာပါတဲ့ အပေါက်ငယ် လေးတွေဟာ ဘာအတွက် အသုံးပြုသလဲဆိုတဲ့ အဖြေ

နည်းပညာတွေတစ်နေ့ထက်တစ်နေ့ လျှင်မြန်စွာပြောင်းလဲနေတဲ့ ဒီနေ့ကမ္ဘာကြီးမှာတော့ အဆင့်မြင့်တဲ့ နည်းပညာထုတ်ကုန်တွေဟာလည်း ဒီဇိုင်းပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲကို စီးဆင်းဝင်ရောက်လျှက်ရှိနေပါတယ်။ shwekhitonlinetv.com ငွေကြေးချမ်းသာကြွယ်ဝသူတွေ (ဒါမှမဟုတ်) ခေတ်မီချင်သူတွေကတော့ နောက်ဆုံးပေါ်အဆင့်မြင့် နည်းပညာထုတ်ကုန်တွေကို စဉ်ဆက်မပြတ်ဝယ်ယူ သုံးစွဲလျက်ရှိပါတယ်။ ဒီလိုဝယ်ယူသုံးစွဲရာမှာ တစ်ချို့တွေကတော့ မိမိဝယ်ယူသုံးစွဲနေတဲ့ Device မှာပါဝင်တဲ့ လုပ်ဆောင်ချက်တွေ (Features) ကို အသေးစိတ် ခရေစေ့တွင်းကျ သိကြပေမယ့် တစ်ချို့တွေကတော့ Features အကုန်သေချာစွာ ဂဃနဏ သိရှိကြခြင်းမရှိပါဘူး။ shwekhitonlinetv.com ဒီကိစ္စနဲ့ပတ်သက်ပြီး ထင်သာမြင်သာအရှိဆုံး ဥပမာတစ်ခုကိုပြောပြရမယ်ဆိုရင်တော့ Apple […]