နေစကြဝဠာကြီးထဲက စိတ်ဝင်စားဖွယ်ရာအကောင်းဆုံး အချက်အလက်များ
ရွှေခေတ်ရဲ့စာဖတ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်ဖော်ပြပေးချင်တာကတော့ စကြဝဠာကြီးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။ ဘယ်လိုထူးဆန်း အံ့အားသင့်ဖွယ်အကြောင်းအရာတွေများဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော် …… shwekhitonlinetv.com ၁။ နေမင်းကြီး ပျက်ဆီးမယ့်အချိန် နေစကြဝဠာ(နေအဖွဲ့အစည်း)ရဲ့သက်တမ်းဟာအတိအကျပြောရရင် နှစ်ပေါင်း (၄.၅၇၁) ဘီလီယံရှိပြီဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းတွက်ချက်မှုအရ နှစ်ပေါင်း (၅) ဘီလီယံခန့်မှာနေဟာ ကြယ်နီကြီး (Red Giant) အဆင့်ဖြစ်လာမှာဖြစ်တယ်လို့သိရပါတယ်။ နှစ်ပေါင်း (၇.၅) ဘီလီယံခန့်မှာတော့ နေရဲ့ ကြီးမားကျယ်ပြန့်လာတဲ့မျက်နှာပြင်က ကမ္ဘာကြီးအပါအဝင် နေအဖွဲ့အစည်းတစ်ခုလုံးကို ဝါးမျိုသွားမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ အထီးကျန်လွန်းတဲ့ဂြိုဟ်နှစ်လုံး မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်) […]