ကမ္ဘာ့ပထမဆုံး ပင်လယ်ရေအောက်လမ်းတွေကို ဖောက်လုပ်တော့မယ့် နော်ဝေးနိုင်ငံ
မြင့်မားပြီး မက်စောက်လှတဲ့ရေခဲတောင်တွေရဲ့ကြားက ကျဉ်းမြောင်းပြီးနက်ရှိုင်းတဲ့ ပင်လယ်ရေလက်ကြားလေးတွေဟာ နော်ဝေးနိုင်ငံရဲ့ သဘာဝရှုမျှော်ခင်အလှကို ပိုမိုထင်ရှားအောင်ပြုလုပ်ပေးလျက်ရှိပါတယ်။ shwekhitonlinetv.com ဒါပေမယ့် တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ ဒီလိုမျိုးပထဝီဝင်အနေအထားက မော်တော်ကား၊ ဆိုင်ကယ်တို့လို ကုန်လမ်းသွားလာရေးအတွက်အသုံးပြုတဲ့ယာဉ်တွေအတွက်တော့ အခက်အခဲတစ်ခုဖြစ်နေစေခဲ့ပါတယ်။ ဒါကြောင့် နော်ဝေးနိုင်ငံရဲ့အဓိကမြို့ကြီးတွေကို တစ်ခုကနေတစ်ခုသွားလာဖို့အတွက် ကုန်းတတန် ရေတတန်နဲ့ သွားလာနေကြရတာ ယနေ့ချိန်ထိဖြစ်ပါတယ်။ shwekhitonlinetv.com ဒါဟာ လိုအပ်တာထက်အချိန်များစွာပိုပြီးကုန်သလို ငွေကုန်ကြေးကျလည်းများလှပါတယ်။ လမ်းခရီးမှာ အချိန်ကုန်လူပင်ပန်းရတာကြောင့် စိတ်အနှောက်အယှက်ဖြစ်စေမှာလည်းကျိန်းသေပါတယ်။ နိုင်ငံရဲ့ မြောက်ပိုင်းမှာရှိတဲ့ Kristiansand မြို့ကနေ တောင်ပိုင်းက Trondheim မြို့ကို ကိုယ်ပိုင်ကားနဲ့သွားမယ်ဆိုရင် […]