News

မကြာခင်အပြင်မှာ မြင်တွေ့ရတော့မယ့် ကားပျံများ

မိုးပေါ်မှာပျံနေတဲ့ကားတွေကို အရင်ကတော့ရုပ်ရှင်တွေထဲမှာ မြင်ဖူးတွေ့ဖူးပြီး စိတ်ကူးနဲ့ စီးကြည့်ခဲ့ဖူးသူတွေရှိမယ်လို့ထင်ပါတယ်။ ဒီနေ့အချိန်မှာတော့ သင့်ရဲ့ဒီစိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါပြီ …… shwekhitonlinetv.com အမေရိကန်အခြေစိုက် Samson Sky ကုမ္ပဏီက သူတို့အနေနဲ့ (၁၄) နှစ်ကြာတီထွင်ဖန်တီးခဲ့တဲ့ ကားပျံကို နောက်ဆုံးအကြိမ်စမ်းသပ်ပျံသန်းပြီးတဲ့နောက်မှာတော့ ဈေးကွက်ထဲမှာတရားဝင်ထုတ်လုပ်ရောင်းချတော့မှာဖြစ်ပြီး ကြိုတင်မှာယူလိုသူတွေအတွက်လည်း အမှာစာတွေလက်ခံနေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ shwekhitonlinetv.com ဒီ ကားပျံကို Samson Switchblade လို့အမည်ပေးထားပြီး ဘီး (၃) ဘီးနဲ့ အလွယ်တကူခေါက်သီးလို့ရတဲ့ တောင်ပံတစ်စုံနဲ့ ဒီဇိုင်းထွင်ထားပါတယ်။ (လက်သည်းညှပ်တွေမှာပါတဲ့ Swiss […]

News

အအေးဘူးအဖုံးတွေကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဝတ်စုံနဲ့ ယှဥ်ပြိုင်ခဲ့တဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ အလှမယ်

Anna Sueangam-iam ဆိုတာကတော့ ထိုင်းနိုင်ငံက Miss တစ်ဦးဖြစ်ပါတယ်။ သူမဟာ ထိုင်းနိုင်ငံရဲ့ Miss Universe ပြိုင်ပွဲမှာ အခြားပြိုင်ပွဲဝင်တွေနဲ့ မတူဘဲ ထူးခြားပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ ဝတ်စုံကြောင့် လူမှုကွန်ယက်စာမျက်နှာတွေမှာ အတော်လေးကိုကျော်ကြားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com အကောင်းဆုံးနဲ့အလှပဆုံးဖြစ်စေမယ့် ဝတ်စုံတွေကိုသာ အခြားပြိုင်ပွဲဝင်တွေက အသီးသီးဝတ်ဆင်ယှဉ်ပြိုင်နေတဲ့အချိန်မှာ သူမကတော့ အအေးဘူး၊ ဘီယာဘူးတွေရဲ့ အဖုံးက ကလစ်လေးတွေကို အသုံးပြုပြီးဖန်တီးထားတဲ့ ဝတ်စုံကိုဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ဒါဟာ ပြိုင်ပွဲကိုကြည့်ရှုနေတဲ့သူတွေရော အခြားပြိုင်ပွဲဝင်တွေနဲ့ ဒိုင်လူကြီးတွေကိုပါ အံ့သြမှင်သက်သွားစေခဲ့ပါတယ်။ သူမအနေနဲ့ […]

News

Gym ခန်းမ၊ ရေကူးကန်၊ ဈေးဝယ်စင်တာတွေပါဝင်တဲ့ နျူကလီးယားစွမ်းအင်အသုံးပြု ဧရာမ ဇိမ်ခံလေယာဉ်ကြီး

ခရီးသည် (၃၀၀၀) ကျော်တင်ဆောင်နိုင်တဲ့ တိုက်တန်းနစ်သင်္ဘောထက် ပိုကြီးတဲ့အရာတစ်ခုကိုလေပေါ်မှာ ကာလအတန်ကြာပျံသန်းနေနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒါပေမယ့် ဒီမဖြစ်နိုင်တဲ့ကိစ္စကို အနာဂတ်ကာလမှာလက်တွေ့အကောင်အထည့်ဖော်ဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။ shwekhitonlinetv.com ဒီ ပရောဂျက်ကိုချပြခဲ့တဲ့သူကတော့ ဂျာမနီနိုင်ငံ Jacobs University Bremen က ယီမင်နိုင်ငံသား မော်လီကျူးဇီဝပညာရှင် Hashem Al-Ghaili ဖြစ်ပါတယ်။ အသက် (၃၂) နှစ်အရွယ်သာရှိသေးတဲ့ Hashem Al-Ghaili ဟာ သူ့ရဲ့စီမံကိန်းကို CGI ဗီဒီယိုနဲ့ အသေးစိတ်ဖော်ပြပြီး Youtube […]

News

အာကာသထဲကနေ ကမ္ဘာကိုလျှပ်စစ်ဓာတ်အားပေးပို့သွားဖို့ ကြိုးပမ်းနေတဲ့ သိပ္ပံပညာရှင်များ

နေ့စဉ်နဲ့အမျှတိုးတက်လာတဲ့ ကမ္ဘာ့လူဦးရေကြောင့် ရုပ်ကြွင်းလောင်စာသုံးစွဲမှုဟာလည်း တစ်စတစ်စများပြားလို့လာနေပါတယ်။ ဒါကြောင့်တစ်ချိန်ကျရင်ကမ္ဘာပေါ်မှာရှိတဲ့ ရုပ်ကြွင်းလောင်စာရင်းမြစ်တွေဟာ ကျိန်းသေပေါက်ကုန်ခမ်းသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com ဒီအတွက် သိပ္ပံပညာရှင်တွေဟာနည်းလမ်းမျိုးစုံရှာကြံလျက်ရှိရာမှာ အာကာသထဲကနေ နေရောင်ခြည်ရဲ့စွမ်းအင်အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မယ့်နည်းလမ်းတစ်ခုကို စတင်စမ်းသပ်နေပြီဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com ကမ္ဘာကြီးမှာ နေရောင်ခြည်ကို နေ့ဘက်မှာပဲရပြီး ညဘက်မှာ မရပါဘူး။ အာကာသထဲမှာတော့ နေရောင်ခြည်ကို အချိန်ပြည့်ရရှိနိုင်ပါတယ်။ အဲဒီအတွက် ပညာရှင်တွေက အာကာသမှာ နေရောင်ခြည်ကနေ လျှပ်စစ်ဓါတ်အားထုတ်ပြီး ကမ္ဘာကို ပြန်ပို့ဖို့စိတ်ကူးရရှိကာ လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com Newsweek သတင်းစာရဲ့ဆောင်းပါးတစ်ခုမှာတော့ California Institute of […]

News

ပင်ဂွင်းလေးကို ကယ်တင်ပြီး ပင်လယ်ထဲ ပြန်လွှတ်ပေးလိုက်တဲ့ အဖိုးအို ကြုံခဲ့ရသော အံ့အားသင့်စရာ ဖြစ်ရပ်

အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကို ဖော်ပြပေးချင်တာကတော့ လူနဲ့တိရိစ္ဆာန်ကြားက ထူးခြားပြီး ကြည်နူးပီတိဖြစ်စရာကောင်းလှတဲ့ ချစ်ခြင်းမေတ္တာတရားကို ခံစားသိရှိနိုင်မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီဇာတ်လမ်းလေးကတော့ South American Magellanic ပင်ဂွင်းမျိုးဖြစ်ပြီး Dindim လို့အမည်ပေးထားတဲ့ ပင်ဂွင်းလေးတစ်ကောင်ဟာ လွန်ခဲ့သော (၁၁) နှစ်လောက်ကသူ့ကို ကယ်တင်ခဲ့တဲ့အမျိုးသားကို တွေ့ဆုံဖို့အတွက် ကီလိုမီတာ (၈၀၀၀) လောက်ရှိတဲ့ခရီးကို နှစ်စဉ်နှစ်တိုင်း မပျက်မကွက် အံ့အားသင့်စရာ ကူးခတ်ပြီးလာရောက်နေတဲ့အကြောင်းလေးပါ။ shwekhitonlinetv.com ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတော့ ဘရာဇီးနိုင်ငံက ကျွန်းကျေးရွာလေးတစ်ရွာမှာနေထိုင်တဲ့ အသက် […]

News

များပြားလှတဲ့ ရောမခေတ်သုံးဒင်္ဂါးပြားတွေကိုမထင်မှတ်ဘဲ ရှာဖွေတွေ့ရှိခဲ့တဲ့ လယ်သမားတစ်ဦး

ဆွစ်ဇာလန်နိုင်ငံမှာနေထိုင်တဲ့ လယ်သမားတစ်ဦးဟာ သူ့ရဲ့ချယ်ရီခြံထဲမှာ ရောမခေတ်ကအသုံးပြုခဲ့တဲ့ ကြေးဝါ နှင့် ငွေဒင်္ဂါးပြားပေါင်း (၄၀၀၀) ကျော်ကို မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်ရှာတွေ့ခဲ့ပါတယ်။ ဒါဟာ ဆွစ်ဇာလန်နိုင်ငံမှာတွေ့ရှိခဲ့တဲ့ ရတနာတွေထဲမှာတော့ အများဆုံးပမာဏဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com Ance France Press သတင်းဌာနရဲ့အဆိုအရတော့ အဆိုပါလယ်သမားနေထိုင်ရာ ဆွစ်ဇာလန်နိုင်ငံ Aargau မြောက်ပိုင်း Frick မြို့အနီးတစ်ဝိုက်ဟာ ရှေးခေတ်ရောမလူမျိုးတွေ အခြေချနေထိုင်သွားခဲ့တဲ့ နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးတဲ့ လယ်သမားဟာ တောက်ပတဲ့ရှေးခေတ်သုံးဒင်္ဂါးအချို့ကို တွေ့ရှိပြီးတဲ့အချိန်မှာတော့ ဒေသဆိုင်ရာ ရှေးဟောင်းသုတေသန […]

News

ကမ္ဘာ့အမြင့်ဆုံးဒေါင်လိုက်သင်္ချိုင်းမှာ ထာဝရအိပ်စက်အနားယူမယ့် ဘောလုံးဘုရင်တစ်ပါး

ဘောလုံးဘုရင်လို့တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ ဘရာဇီးလ်ဂန္တဝင်ဘောလုံးသမားကြီး ပီလီကတော့ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၉) ရက်နေ့မှာ အူမကြီးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com ပီလီဟာ သူ့ခေတ်သူ့အခါတုန်းကဘယ်သူမှလိုက်လို့မမှီတဲ့ ခြေစွမ်းတွေကိုပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပြီး ဘရာဇီးလ်အသင်းကို ကမ္ဘာ့ဖလား (၃) ကြိမ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ဒီစံချိန်ကို ယနေ့ချိန်ထိလိုက်မီနိုင်တဲ့ ကစားသမားလည်းမရှိသေးပါဘူး။ shwekhitonlinetv.com ကစားသမားဘဝမှာသူမတူဘဲထူးခြားခဲ့တဲ့ ပီလီဟာ ကွယ်လွန်တဲ့အချိန်မှာလည်း သူများနှင့်မတူဘဲ ဘရာဇီးလ်နိုင်ငံ ဆန်းတို့စ်မြို့က ကမ္ဘာ့အမြင့်ဒေါင်လိုက်သင်္ချိုင်းလို့ လူသိများတဲ့နေရာမှာ ဂူသွင်းမြုပ်နှံခြင်းခံရမှာဖြစ်ပါတယ်။ shwekhitonlinetv.com သူ့ရဲ့ရုပ်ခန္ဓာကိုယ်တော့ဒေါင်လိုက်သင်္ချိုင်းရဲ့ ကိုးလွှာမှာထားရှိသွားမှာဖြစ်ပါတယ်။ အဲ့ဒီ ကိုးလွှာမှာရှိတဲ့ သူ့ရဲ့ဂူဗိမာန်ဟာ မီတာ (၂၀၀) ကျယ်ဝန်းပြီး […]

News

သခင်က ထားသွားခဲ့ပေမယ့် အိမ်ကို မရမက ပြန်လာတဲ့ ခွေးလိမ္မာလေး

အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ တစ်ကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး တိရိစ္ဆာန်လေးတွေရဲ့ သခင်တွေအပေါ်သစ္စာရှိမှု၊ ချစ်ခင်မှုတို့ကို သနားလွမ်းမောဖွယ် ထင်ဟပ်ဖော်ပြနေတဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com တရုတ်နိုင်ငံ၊ Qidong ပြည်နယ်၊ Jiangsu မှာနေထိုင်တဲ့ မိသားစုတစ်ခုမှာတော့ Ping An လို့အမည်ပေးထားတဲ့ Golden Retriever ခွေးမကလေးတစ်ကောင်ရှိပါတယ်။ သူမဟာ သူမရဲ့သခင်ဖြစ်သူ မိသားစုနဲ့အတူ မိနစ်တိုင်းပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ်။ shwekhitonlinetv.com တစ်နေ့မှာတော့ သူမရဲ့သခင်တွေဟာ အိမ်ကိုပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ဖို့ရှိလို့ သူတို့ရဲ့ခွေးကလေးကို အန္တရာယ်ကင်းအောင် သူတို့ရဲ့ သူငယ်ချင်းဖြစ်သူအိမ်မှာ ခဏတာသွားထားဖို့စီစဉ်ခဲ့ကြပါတယ်။ shwekhitonlinetv.com ဒီလိုနဲ့ Ping […]

News

နှင်းမုန်တိုင်းတွေနဲ့အတူ အေးခဲသွားခဲ့တဲ့ နာမည်ကျော် နိုင်ရာဂရာရေတံခွန်ကြီး

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အမေရိကန်နှင့် ကနေဒါတို့မှာ ဆောင်းတွင်းမုန်တိုင်းကြီးတွေ တိုက်ခတ်ပြီးတဲ့နောက်မှာတော့ အမေရိကန်-ကနေဒါ နယ်စပ်မှာရှိတဲ့ နာမည်ကျော် နိုင်အာဂရာရေတံခွန်ကြီးဟာ ခြေရင်းနေထိပ်ဖျားအထိ အေးခဲပြီး ရေခဲဖြစ်သွားခဲ့ပါတယ်။ shwekhitonlinetv.com ဒါပေမဲ့ ဒီမြင်ကွင်းဟာအထူးအဆန်းမြင်ကွင်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒီရေတံခွန်ကြီးဟာ အပူချိန်အလွန်ကျဆင်းတဲ့ ဆောင်းရာသီကာလတွေမှာ မကြာခဏဆိုသလို ရေခဲရေတံခွန်ကြီး ဖြစ်သွားတက်တဲ့ သမိုင်းကြောင်းတွေအဖြစ်အပျက်တွေရှိနေပါတယ်။ shwekhitonlinetv.com လတ်တလေတိုက်ခတ်သွားတဲ့ နှင်းမုန်တိုင်းကြောင့် မြောက်အမေရိကတစ်ဝှမ်းမှာတော့ အကြီးအကျယ် အနှောင့်အယှက်ဖြစ်ပေါ်စေခဲ့ပြီး နယူးယောက်ပြည်နယ်တစ်ခုတည်းမှာတင်ပဲ လူ (၃၉) ဦး ေ-သဆုံးခဲ့ရတယ်လို့ သိရပါတယ်။ သေဆုံးမှုအများစုကတော့ […]

News

ခရီးသည်တင်လျှပ်စစ်လေယာဉ်ပျံများ ၂၀၂၈ ခုနှစ်တွင်စတင်ပျံသန်းပြေးဆွဲမည်

လေယာဉ်ပျံတွေကနေထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏဟာများပြားလှပြီး ကမ္ဘာ့လေထုကိုညစ်ညမ်းပျက်စီးစေပါတယ်။ ဒီအတွက် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုမရှိတဲ့ လျှပ်စစ်လေယာဉ်ပျံတွေကို နည်းပညာကုမ္ပဏီကြီးတွေအနဲ့ အပြိုင်အဆိုင်စမ်းသပ်ထုတ်လုပ်လာကြပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com အင်တာနက်သတင်းတွေမှာတော့ အသေးစားလျှပ်စစ်လေယာဉ်တွေကိုအောင်မြင်စွာ တီထွင်ဖန်တီးထုတ်လုပ် နိုင်တဲ့သတင်းတွေဟာ အခုနောက်ပိုင်းမှာအတွေ့ရများလာပါတယ်။ ဒါပေမဲ့ ခရီးသည်အမြောက်အမြားကိုသယ်ဆောင်ပြီး အချိန်ကြာမြင့်စွာ မောင်းနှင်နိုင်မယ့် ခရီးသည်တင်အကြီးစားလျှပ်စစ်လေယာဉ်ပျံတွေထုတ်လုပ်နိုင်ခြင်းတော့ မရှိသေးပါဘူး။ shwekhitonlinetv.com အခုအခါမှာတော့ ဆွီဒင်အခြေစိုက် Heart Aerospace ကုမ္ပဏီက ခရီးသည်အယောက် (၃၀) တင်ဆောင်ပျံသန်းနိုင်မယ့် လျှပ်စစ်လေယာဉ်ပျံစီမံကိန်းကို စမ်းသပ်အကောင်အထည်ဖော်ရာမှာ အောင်မြင်မှုရရှိခဲ့တယ်လို့ သိရပြီး လာမယ့် ၂၀၂၈ […]