ကမ္ဘာ့အမြင့်ဆုံး သစ်ပင်ကြီး အနားကပ်တဲ့သူမှန်သမျှ ထောင်ဒဏ် (၆) လ နဲ့ ဒေါ်လာ ၅၀၀၀ ပေးဆောင်ရမည်
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများအရ ကမ္ဘာပေါ်မှာ အမြင့်ဆုံးသစ်ပင်အဖြစ်သတ်မှတ်ခံထားရတဲ့ ဟိုက်ပါရီယံ (Hyperion) သစ်ပင်ကြီးအနီးကို ယခုအခါမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေကပ်လို့မရအောင် ပြင်းထန်တဲ့ကန့်သတ်ချက်တစ်ခု ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ shwekhitonlinetv.com အဲ့ဒီကန့်သတ်ချက်မှာတော့ ဟိုက်ပါရီယံ (Hyperion) သစ်ပင်ကြီးရဲ့ အနားကို အခွင့်မရှိဘဲ ဘယ်လိုအကြောင်းမျိုးနဲ့မှကပ်ခွင့်ပေးတော့မှာမဟုတ်ပါဘူး။ တစ်ကယ်လို့ ဒီကန့်သတ်ချက်ကိုဖောက်ဖျက်ပြီး သစ်ပင်ကြီးရဲ့ အနီးကိုသွားရောက်ဖို့ ကြိုးပမ်းမှုခဲ့ရင် ထောင်ဒဏ်ခြောက်လအထိကျခံရနိုင်ပြီး ဒဏ်ငွေ ဒေါ်လာ ၅,၀၀၀ (ပေါင် ၄,၁၀၃) ချမှတ်ခံရမှာဖြစ်ပါတယ်။ shwekhitonlinetv.com ကယ်လီဖိုးနီးယားပြည်နယ် Redwood အမျိုးသားဥယျာဉ်ထဲက ဟိုက်ပါရီယံ (Hyperion) လို့အမည်ပေးထားတဲ့ […]