ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး ရှာဖွေတွေ့ရှိခဲ့တဲ့ ပဟေဠိဆန်ဆန် လူဦးခေါင်းခွံတစ်ခု
ရွှေခေတ်ပရိသတ်တွေအနေနဲ့ Hellboy ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးကြမယ်လို့ထင်ပါတယ်။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ Hellboy ရဲ့ပုံစံဟာ စိတ်ကူးယဉ်ပြီးဖန်တီးထားတာလို့ပဲ အများစုကထင်မြင်ကြပါလိမ့်မယ်။ ဒါပေမယ့် Hellboy လိုပုံစံနဲ့လူတွေအပြင်လောမှာ တစ်ကယ်ရှိခဲ့ဖူးသလားဆိုတဲ့ အတွေးမျိုးဝင်စေမယ့်အရာတစ်ခုကတော့ အမေရိကန်နိုင်ငံက ပြတိုက်တစ်ခုမှာရှိနေပါတယ် ….. shwekhitonlinetv.com အဲ့ဒီအရာကတော့ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးရှာဖွေတွေ့ရှိခဲ့တဲ့ လူ့အရိုးခေါင်းခွံတစ်ခုပါ။ ၁၈၈၀ ပြည့်နှစ်လွန်ကာလတွေက ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဘရက်ဖို့ဒ်ကောင်တီမှာရှာဖွေတွေ့ရှိခဲ့တဲ့ ဒီ အရိုးခေါင်းခွံဟာ သာမန်လူတွေရဲ့ ဦးခေါင်းခွံနဲ့မတူဘဲ မျက်ခုံးရဲ့အထက်နဖူးအစပ်နားမှာ ချိုနှစ်ခုပါဝင်နေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဦးခေါင်းခွံနဲ့အတူတွဲတွေ့ရှိခဲ့တဲ့ အရိုးတွေဟာလည်းသာမန်ထက် ပိုကြီးမားနေကြောင့် ဒီအရိုးစုပိုင်ရှင်ဟာ […]